မြစ်ကြီးနားသာသနာ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းလှုပ်ရှားမှု ။

မြစ်ကြီးနားသာသနာ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေးလုပ်ငန်းလှုပ်ရှားမှု ။

မြစ်ကြီးနား သာသနာ ဘုန်းတော်ကြီး တပိုင်နယ်အတွင်းမှ မိသားစု (၄၀၀) အား ကိုဗစ် (၁၉) Stay Home ကာလအတွင်း ကျပ်သိန်း (၆၀)ဖိုး တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ခြင်း နှင့် မြစ်ကြီးနားသာသနာ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေးလုပ်ငန်းလှုပ်ရှားမှု ။
(၆.၅.၂၀၂၀)
မေလ (၅) ရက်နေ့က မြစ်ကြီးနားဘုန်းတော်ကြီးတပိုင်နယ်အတွင်းရှိ မိသားစု (၄၀၀) အား ကိုဗစ် (၁၉) Stay Home ကာလအတွင်း စားဝတ်နေရေး ခက်ခဲသော ဘာသာတူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း မြစ်ကြီးနားကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ် ဂျွန်လရော် ထံမှ သိရှိရပါသည် ။
မိသားစု တစ်စုလျှင် ဆန် (၅) ပြည်၊ ဆီ ၊ ကြက်သွန် ၊ ပဲ စတဲ့ အခြေခံစားသောက်ကုန်များကို ကျပ်သိန်း (၆၀) ဖိုးပေးလှူသည်ဟု ပြောပြခဲ့ပါသည်။ ထိုကဲ့သို့ လှူဒါန်းခဲ့ခြင်းသည် Parish Emergency fund ငွေ ထဲမှ ထုတ်သုံးခဲ့ခြင်းဖြစ်ပြီး သီးခြားအလှူရှင်များ၏ ပါဝင်လှူဒါန်းမှုလည်း ရှိကြောင်းသိရှိရပါသည်။
Covid – 19 Stay Home ကာလအတွင်း အခက်အခဲရှိသော မိသားစုများအား ယခုကဲ့သို့ ထောက်ပံ့ခြင်းသည် ပထမအကြိမ်ဖြစ်ပြီး လိုအပ်ပါက ဒုတိယအကြိမ် ၊ တတိယအကြိမ် စသည်ဖြင့် ဆက်လက် ကူညီပေးသွား မည်ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသည် ။
Parish အနေဖြင့် လှူဒါန်းမှုမျိုးပြုလုပ်သလို Diocesan Covid -19 Response team မှလည်း လှူဒါန်းဖို့အစီအစဉ်များ ရှိကြောင်းလည်း ဖာသာရ်က ပြောပြခဲ့ပါသည် ။
ဆက်လက်၍လည်း ဖာသာရ်က ကိုဗစ် (၁၉) ကာလအတွင်း ဆက်ကပ်လူငယ်များအား ခေါ်ယူ၍ Camp သွင်းပြီး Covid -19 နှင့် သက်ဆိုင်သော လုပ်ငန်းများတွင် လုပ်အားပေးကြရတယ်ဟု ပြောပြခဲ့ပါသည် ။ Diocesan Covid -19 response team နှင့်လက်တွဲလျှက် သာသနာအုပ်စုများကိုသွားရောက်၍ ကိုဗစ်(၁၉) ပညာပေး ဟောပြောမှုများလုပ်ဆောင်ကြကြောင်း ၊ လူနာများအား မည်ကဲ့သို့ သယ်ယူပို့ဆောင်ခြင်းများကို သွားရောက် လေ့လာကြကြောင်း၊ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းနိုင်ပါဝင်လုပ်အားပေးကြကြောင်း ၊ ၎င်း ဆက်ကပ် လူငယ်များသည် နှစ်ဆယ့်လေးနာရီ ကူညီရန် အဆင်သင့် ရှိနေကြကြောင်း ၊ ၎င်းတို့သည် ကိုဗစ် (၁၉) ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလတလျှောက်လုံး သီးခြားနေ၍ လုပ်အားပေးကြပြီး ကပ်ရောဂါပြီးဆုံးသွားပါကလည်း (၂၁) ရက် ကွာရန်တင်းဝင်ပြီးမှ ၎င်းတို့၏ အိမ်သို့ပြန်ကြရမည်ဖြစ်တယ်ဟုလည်း ဖာသာရ်က ပြောပြခဲ့ပါသည် ။ ယခုချိန်ထိ ဆက်ကပ်လူငယ်ပေါင်း (၁၃) ယောက်ရှိပြီး အယောက် (၃၀-၄၀)ထိ လိုအပ်သလို ဆက်တိုးသွားဖို့ရှိကြောင်း ၊ ၎င်းတို့သည် Covid -19 Diocesan response team ၏ လက်အောက်တွင် ဆက်ကပ်နေကြခြင်းဖြစ်ကြောင်း ၊ မြစ်ကြီးနားသာသနာအနေဖြင့် လိုအပ်လာပါက Pre Major Seminary အား ကွာရန်တင်းစင်တာအဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်ထားပြီး ၎င်းဆက်ကပ်လူငယ်များမှ ကွာရန်တင်း ဝင်မည့်သူများကို အစိုးရအဖွဲ့နှင့်လက်တွဲချိတ်ဆက်ပြီး ကြည့်ရှုပေးသွားကြမည်ဟုလည်းသိရှိရပါသည် ။
ဆက်လက်၍လည်း မြစ်ကြီးနားသာသနာ ဆရာတော်ဖရန်စစ်မှ ဘာသာတူများ၏ ဝိညာဉ်ရေးပိုင်း ဆိုင်ရာ အတွက် Fr. Michael Myint Aung, Fr. Lawt Naw, Fr. La Seng တို့ သုံးပါး အား ကိုဗစ် (၁၉) ကပ်ကာလအတွင်း ဘာသာတူများ၏ အရေးပေါ် ကျန်းမာရေး ၊ နာရေး နှင့် အာပတ်ဖြေနားထောင်ခြင်းများအတွက် နှစ်ဆယ့်လေးနာရီ အဆင်သင့် ဖြစ်နေရန်အတွက် သီးခြား တာဝန်ပေးခန့်အပ်ခဲ့ကြောင်း ၊ ထို ဘုန်းတော်ကြီး သုံးပါးတို့သည်လည်း သီးခြားနေရကြောင်း စသည့် မြစ်ကြီးနားသာသနာလုံးဆိုင်ရာ Covid 19 response team ၏ ကာကွယ်ရေး လုပ်ဆောင်မှုများနှင့် မြစ်ကြီးနားသာသနာ ဘုန်းတော်ကြီးတပိုင်နယ်အတွင်း လှုပ်ရှားမှုများ အကြောင်းကို Fr. John La Raw မှ ပြောပြခဲ့ပါသည် ။

#Covid19 #Covid19inMyanmar #rvapastoralcare #Donation  #MyitKyiNarArchdiocese   #FrJohnLaRaw

Photo News by – Pinky

Add new comment

3 + 4 =