မြစ်ကြီးနားသာသနာမှ ဘုန်းတော်ကြီးသတင်းသုံးဆောင် ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချ

မြစ်ကြီးနားသာသနာမှ ဘုန်းတော်ကြီးသတင်းသုံးဆောင် ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချ

မြစ်ကြီးနားသာသနာမှ ဘုန်းတော်ကြီးသတင်းသုံးဆောင် ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချ

မြစ်ကြီးနားဂိုဏ်းအုပ်သာသနာမှ ၁၈ ပါး သတင်းသုံးနေထိုင်သော ရဟန်းအဆောင်တွင် ဘုန်းတော်ကြီး (၆) ပါး ကိုဗစ် အပေါင်းလက္ခဏာပြနေသည့်အတွက် အထက်ပါအဆောင်ကို ပြီးခဲ့တဲ့ တပတ်ကထဲက လော့ခ်ဒေါင်း ချထားလိုက်ပြီဖြစ်ပါတယ်။

အခြားအဆောင်မှာရှိသူများတွင်လည်း ကိုဗစ်လက္ခဏာ တွေ့ရသည့်အတွက် သာသနာ့ဘဏ္ဍာရေးမှူး နဲ့ တာဝန်ရှိသူများ က ကိုဗစ်ထပ်မံ မပြန့်ပွားစေရန်အတွက် ရည်ရွယ်ကာ ဖဲကြိုးနီများချည်၍ ပိတ်ထားလိုက်ခြင်းလည်းဖြစ်ပါတယ်။

ကိုဗစ် ရှိ ဘုန်းတော်ကြီးများကတော့ မိမိတို့ အခန်းများမှာသာ သီးသန့်ကွာရဲန်တင်းနေကြဘို့ ညွှန်ကြားထားတာဖြစ်သလို အစားအသောက်များကိုတော့ သာသနာ့ဆေးခန်းမှ စီမံပို့ဆောင်ပေးနေကြောင်း

အာဗီအေကချင်ဂျိန်းဖော့ အစီအစဉ် နဲ့ အာဗီအေကချင် လီဆူး အစီအစဉ်တာဝန်ခံ များဖြစ်ကြတဲ့ Father Patrick Hkawng Rae နဲ့ Father Peter Zang Yaw Phung တို့လည်း ကိုဗစ်အပေါင်းလက္ခဏာပြနေပြီး ကွာရဲန်တင်းဝင်နေဆဲဖြစ်ပါတယ်။

ကာဒီနယ်ချားစ်ဘိုမှလည်း ဘုန်းတော်ကြီးများကျန်းမာရေးဂရုစိုက်ကြဘို့မှာကြားထားသလို ၊ အနားယူသွားသော ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်ကလည်း ၎င်းရဲ့ လတ်တလော ပြုလုပ်ခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်းမစ္ဆားတရားမှာ ကိုဗစ်ဖြစ်နေကြတဲ့ ဘုန်းတော်ကြီးများအတွက် ဆုတောင်းပေးကြဘို့ ဘာသာဝင်များကို နှိုးစော်ခဲ့ပါတယ်။

မကျန်းမာသော ဘုန်းဘုန်းများအတွက် အထူးသတိယဆုတောင်းပေးကြပါစို့

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

7 + 10 =