မေ (၁၄) ကိုဗစ် (၁၉) အရေးကိုလူသားဆုတောင်းအားဖြင့်တိုက်ခဲ့ကြ

မေ (၁၄) ကိုဗစ် (၁၉) အရေးကိုလူသားဆုတောင်းအားဖြင့်တိုက်ခဲ့ကြ

မေ (၁၄) ကိုဗစ် (၁၉) အရေးကိုလူသားဆုတောင်းအားဖြင့်တိုက်ခဲ့ကြ

မေ (၁၄) ရက်နေ့ကိုကမာ့လူထုမှမိမိတို့ဘာသာအလျှောက်ဆုတောင်း၊ ၀ါရှောင်၍ကိုဗစ် (၁၉) ဘေးကင်း‌ေ၀းရေးဆုတောင်းခဲ့ကြသည်။ ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်တရား၀င်ရရှိသောစာ ရင်းများအရ ကမာတစ်၀န်း၌သေဆုံး (၂၉၆၆၀၀) ကျော်ရှိခဲ့သည်။ စီးပွားရေးပညာရှင်များကဤကပ် ရောဂါဆိုးကြီး၏အလွန်၌လူပေါင်းသန်းနှင့်ချီ၍အလုပ်လက်မဲ့ပြသာနာကြုံလာနိုင်ကြောင်းကြိုတင်ခန့် မှန်းထားသည်။ ထို့ကြောင့်ရောဂါကပ်ဆိုးကြီးအမြန်းဆုံးလွှတ်မြောက်ကျော်လွားရန်ကမာ့ဘာသာ ပေါင်းစုံမှခေါင်းဆောင်ကြီးများကမေလ (၁၄) နေ့ကို၀ါရှောင်၊ ဆုတောင်းပြီး၊ ကရုဏာရေးလုပ်ငန်း များလုပ်ဆောင်ရန်တိုက်တွန်းထားခဲ့သည်။ ထိုတိုက်တွန်းချက်သို့ကမာ့လူထုအတော်များများပါ၀င်ခဲ့ ကြသည်။

ဆုတောင်းခြင်း၌ပါ၀င်ခဲ့သောကမာ့ဘာသာကြီးများမှာခရစ်ယာန်၊ မွတ်စလင်၊ ဟိနဒူ၊ ဂျူး၊ ဂျိန်း၊ ဗုဒွ၊ ဘုရားမဲ့သူတို့ပါ၀င်ခဲ့ကြသည်။ ၄င်းတို့သည်ရဟန်းမင်းကြီးမေတာရပ်ခံပန်ကြားခဲ့သကဲ့သို့၊ မိမိတို့ သက်၀င်ယုံကြည်သောဘုရားများထံဆုတောင်း၍ကိုဗစ် (၁၉) ရောဂါဆိုးဘေးမှအမြန်ဆုံးကာကွယ် ပေးရန်၊ သိပံပညာရှင်များအားကာကွယ်ဆေးအမြန်ဆုံးဖော်စပ်တီထွင်နိုင်စေရန်နှင့်ကိုဗစ် (၁၉) ရောဂါ စွဲကပ်ခံစားနေရသူများအားကုသပေးရန်ဆုတောင်းစေခဲ့ကြသည်။

ဤဆုတောင်းခြင်းပြုရန်ပန်ကြားသောနေ့ကိုယခင်နှစ်ဩဂုတ်လ ရဟန်းမင်းကြီးအာရပ်ညီညွှတ် ရေးသမဂနိုင်ငံသို့တမန်တော်ခရီးကြွရောက်စဉ်ဖွဲ့စည်းခဲ့သောလူသားအချင်းချင်းညီအစ်ကိုရင်းများသ ဖွယ်ရှိုင်းပင်းကူညီသောအဖွဲ့ (Higer Committee of Human fraternity) ၏မေတာရပ်ခံချက်ဖြစ် သည်။ ထိုမေတာရပ်ခံချက်ကိုမေလ (၃) ရက်၊ တနဂ်နွေနေ့၊ မွန်းတည့်ဆုတောင်းအပြီးတွင်သဘော တူလက်ခံကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။ ဤသို့မေတာရပ်ခံပန်ကြားရခြင်းမှာလူသားအားလုံးဘာ သာမရွေးအတူတကွတစ်ရက်တည်းဆုတောင်းခြင်းဖြင့်လူသားအချင်းချင်းစည်းလုံးညီညွှတ်ခြင်းကိုပြသာရန်ဖြစ်သည်။ ဤအစီအစဉ်၌မိမိတို့ဘာသာအလျှောက်ဆုတောင်း၀တ်ပြုခြင်းအခမ်းအနားများပြု လုပ်သကဲ့သို့၊ သက်၀င်ယုံကြည်မူမတူသောဘာသာအချင်းချင်းစုပေါင်း၍ဆုတောင်းခြင်းအစီအစဉ်များ ကိုလည်းတက်ကြွစွာပြုလုပ်ခဲ့ကြသည်။

ထိုနေ့၏အစီအစဉ်၌တက်ကြွစွာပါ၀င်ခဲ့သူများမှာကန်တာဘူရီမှဂိုဏ်းချုပ်ဆရာတော်၊ အီရန်နိုင် ငံ၏သက်၀င်ယုံကြည်မူမတူညီသောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးသောဗဟိုကော်မတီ၊ Adyan အီစွလာမ်အဖွဲ့၊ ကမာ့ဂျူးကွန်ဂရက်စ်အဖွဲ့၊ ဂျေနိုလောဂျီအဖွဲ့၊ ကွန်စတန်တီနိုပယ်မှခရစ်ယာန်များ စည်းလုံးညီညွှတ်ရေးအဖွဲ့၊ ကမာ့အသင်းတော်များကောင်စီ၊ ဗုဒွဘာသာ၏ကိုယ်စားလှယ်၊ ဟိန်ဒူဘာ သာရေးခေါင်းဆောင်တို့ဖြစ်ကြသည်။ အခြားလူမူအဖွဲ့အစည်းများမှာအာဖရိကတကသိုလ်များအဖွဲ့၊ ကုလသမဂညွှန့်ပေါင်းအဖွဲ့၊ ကမာ့အဖွဲ့အစည်းများ၏ခေါင်းဆောင်များ၊ ၀န်ကြီးများ၊ တိုက်ငါးတိုက်၏ သမတများလည်းပါ၀င်ခဲ့ကြကြောင်းသိရပါသည်။

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2AysFYV

Add new comment

5 + 2 =