မေ’ စိပ်ပုတီးလအား ကိုးဗစ် (၁၉) ကပ်ရောဂါအမြန်ဆုံးချုပ်ငြိမ်းကင်းဝေးရန်ဆု တောင်းသောလအဖြစ်ဗာတီကန်ကြေငြာ

မေ’ စိပ်ပုတီးလအား ကိုးဗစ် (၁၉) ကပ်ရောဂါအမြန်ဆုံးချုပ်ငြိမ်းကင်းဝေးရန်ဆု တောင်းသောလအဖြစ်ဗာတီကန်ကြေငြာ

မေ’ စိပ်ပုတီးလအား ကိုးဗစ် (၁၉) ကပ်ရောဂါအမြန်ဆုံးချုပ်ငြိမ်းကင်းဝေးရန်ဆု တောင်းသောလအဖြစ်ဗာတီကန်ကြေငြာ

အမိကက်သလစ် သာသ နာတော်ကြီးအနေဖြင့် နှစ်စဉ်မေလသည် မယ်တော့်၏လဖြစ်ပါသည်။ ကက်သလစ် ဘာ သာတူ များလည်း မေတစ်လလုံးကို စိပ်ပုတီးပူဇော်၍ မယ် တော်အား တစ်ထူးတစ်ခြားသဒ္ဒါကြည်ညိုခြင်းကိုပြသကြသည်။ ယခုနှစ် ကိုမူ မေလတစ်လလုံး၌ စိပ်ကြမည့်ပုတီးများကို ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်းကင်းဝေးရန် ရည် ရွယ်ချက်ထားရှိဆုတောင်းရန် ဗာတီကန်မှကြေညာချက်ထုတ်ပြန်ထားပါသည်။

ရဟန်းမင်းကြီး၏ ဧဝံဂေလိပြန့်ပွှားရေးရုံးတော်မှ ဧပြီလ (၂၁) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကြေညာချက် ထဲ၌ ‘ပုပ်ရဟန်းမင်းကြီးဖရန် စစ်အရှင်သူမြတ်၏ အလွန်ပြင်းပြသောဆန္ဒဖြင့်တောင်း ဆိုချက်ကြောင့် မေတစ်လလုံးကို ‘ဘာသာတူများမှ ဘုရား သခင်အား စဉ်ဆက်မပြတ်ဆုတောင်းရန်’ တောင်းဆိုထားပါသည်။ ရှိရှိသမျှသော မယ်တော်ဂူများ၌ ကက်သ လစ်ဘာ သာတူများအနေဖြင့် စိပ်ပုတီးကို အစုအဖွဲ့နှင့်ဖြစ်စေ၊ မိသားစု၀င်များနှင့်ဖြစ်စေ၊ တစ်ဦးတစ်ယောက်စီဖြစ်စေ သွားရောက် စိပ်ကြရန် တိုက်တွန်းထားသည်။ အခြေ အနေပေးပြီး၊ စာရင်းပြုစုထားသော မယ်တော်ဂူ အခု (၃၀) မှ နေ့စဉ် စိပ်ပုတီးစိပ် ခြင်းကို မွန်းတည့် (၁၂) နာရီ (ဥရောပစံတော်ချိန်ဖြစ်ရန်များပါ သည်) အချိန်တွင် တိုက်ရိုက်အလှည့်ကျထုတ်လွှင့်ပေးရန်စီ စဉ်ထားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မေလ (၁) ရက်နေ့၌ ကိုယ်တိုင်စိပ်ပုတီးစိပ်ခြင်းကိုဦးဆောင်ပါ၀င်ပြီး မေလကိုဖွင့်လှစ် ကာ အမိမယ်တော်၏ ကြား၀င်ဆုတောင်းပေးခြင်းကို တောင်းခံယူမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီလ (၂၁) ရက်နေ့၌ (၂၇) ကြိမ်မြောက် Ibero- American ၌ ဗွီဒီယိုမိန့်ခွန်းမိန်ု့ကြားရာတွင် ကိုရိုနာဗိုင်းရပ်နှင့်စီးပွားရေးအပေါ် ၄င်း ၏ ရိုက်ခတ်မှုအကြောင်းကိုထည့်သွင်းမိန့်ကြားခဲ့သည်။

မိန့်ခွန်း၌ ရဟန်းမင်းကြီးက ‘ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည် နိုင်ငံတိုင်းနှင့်နိုင် ငံသားတိုင်းအား စွန့်လွှတ်ပေးဆပ်မှုများစွာကို တောင်းဆိုခဲ့သည်။ ဤအကြပ်အတည်းသည် ကမ္ဘာ့အဖွဲ့အ စည်းကြီးအား တာ၀န်ခံတတ်သော စိတ်ဓာတ်၊ ညီအစ်ကိုရင်းစိတ်ထားဖြင့် ဆက်ကပ်ရန်၊ အတူတကွလုပ်ဆောင်ရန်နှင့်စိန်‌ ခေါ်မှုကိုလက်တွေ့လုပ်ဆောင်ခြင်းဖြင့် ကြုံလာမည့်အခြေအနေကို ကျော်ဖြတ်ကြရန်တောင်းဆိုနေသည်။ သူ့အနေဖြင့် လည်း ကိုးဗစ် (၁၉) ကပ်ရောဂါစွဲကပ်ခံစားပြီး သေ ဆုံးသွားကြသော လူသန်းပေါင်းများစွာအတွက်သော် လည်းကောင်း၊ ခံ စားနေရသူ များအတွက်လည်းကောင်း၊ ရောဂါစွဲကပ်ခံစားနေရသောသူတို့၏မိသားစု၀င်များအ တွက်လည်းကောင်း အထူးဆု တောင်းပေးလျှက်ရှိကြောင်း၊ ကူးစက်ရောဂါဆိုးသည် ယဉ် ကျေးမှု၊ သက်၀င်ယုံကြည်မှု၊ လူမှုရေးနောက်ခံနှင့်စီးပွား ရေးအခြေ အနေများကိုမသိ။ မထောက်။ အားလုံးကိုရိုက်ခတ်လျှက်ရှိကြောင်း၊ ကိုးဗစ် (၁၉) ကာကွယ်ဆေးသည် ကမ္ဘာတစ်ဝှမ်လုံး ၏ ဘုံအ ကျိုးဖြစ်ရမည်ဖြစ်ကြောင်း၊ ဤကဏ္ဍ၌ ယခင်ကနှင့်မတူ သော နိုင်ငံတကာအဆင့်ရှိ ဝိုင်းဝန်းကူညီမှုအသွင်မျိုးဖြင့် ကြိုဆိုရမည်ဖြစ်သည်။ သို့မှသာ ကာကွယ်ဆေးကိုမျှတလုံလောက်စွာ ထောက်ပံ့ပေးနိုင်မည်။ ငွေကြေးတတ်နိုင်ခြင်း၊ မတတ်နိုင်ခြင်းအပေါ်၌ တည်မှီနေ၍မရ။ အဘယ် ကြောင့်ဆိုသော် ဤကာကွယ် ဆေးသည် ဆင်းရဲချမ်းသားအားလုံးလိုအပ်သည်။ အထူး သဖြင့် ချို့တဲ့နွမ်းပါးသူများပို၍လိုသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်းရေးအတွက်နေ့ စဉ်သွားလာရသည်။ လူပေါင်း စုံနှင့်ထိတွေ့ရသောကြောင့်ဖြစ်ကြောင်း’ မိန့်ကြားထား သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3eoVWp7

Add new comment

1 + 17 =