မောရိုကိုကောင်လေးတစ်ဦးကို အားလုံး၏ကူညီမှုဖြင့်ကယ် ထုတ်နိုင်ခဲ့သည့် အကြောင်းကို ရဟန်းမင်း ကြီးအလေးပေးမိန့်ကြား

မောရိုကိုကောင်လေးတစ်ဦးကို အားလုံး၏ကူညီမှုဖြင့်ကယ် ထုတ်နိုင်ခဲ့သည့် အကြောင်းကို ရဟန်းမင်း ကြီးအလေးပေးမိန့်ကြား

မောရိုကိုကောင်လေးတစ်ဦးကို အားလုံး၏ကူညီမှုဖြင့်ကယ် ထုတ်နိုင်ခဲ့သည့် အကြောင်းကို ရဟန်းမင်း ကြီးအလေးပေးမိန့်ကြား

 

            မီဒီယာ၌ သတင်းဆိုး၊ အဖြစ်ဆိုး၊ အနိဌာရုံများဖြစ်သော လူသတ်မှု၊ ယာဉ်မတော်တဆ ဖြစ်မှုများစွာကိုမြင်နေရ၊ ကြားနေရသည်။ သို့သော် ယနေ့ကား အလွန်လှပသော အဖြစ်အပျက် နှစ်ခုကိုပြန်လည်ဖောက်သည်ချချင်ပါသည်။ ထိုနှစ်ခုအနက် တစ်ခုကား Rayan ဟုခေါ်သော မောရို ကောင်လေးတစ်ဦးအားကယ်တင်ရန်အတွက် လူတစ်ဒါဇင်ခန့်သည် ပြေးလွှားလှုပ်ရှား အလုပ်များ သည့်အကြောင်းဖြစ်သည်။ ထိုကောင်လေးသည် ရေတွင်းထဲသို့ကျသွားသည်။ ထိုအဖြစ်အပျက်ကိုမြင်ရ၊ ကြားရသောအနီးအနားမှလူတိုင်းသည် အချိန်မှီကယ်နိုင်ရန် ပျာပျာသလဲဖြစ်သွားခဲ့ကြသည်။ အားလုံးက ကြိုးစားခဲ့သော်လည်း ကောင်လေးအားရေတွင်းမှ အပေါ်သို့ဆွဲတင်နိုင်ချိန်၌ ကောင်လေးမှာ အသက် မရှိတော့ပေ။ ကောင်းလေး၏အ သက်ကို မကယ်နိုင်ခဲ့၍ စိတ်မကောင်းဖြစ်ရသော်လည်း အပြုသဘော ဆောင်သည့်အချက်ကား ထိုအခင်းဖြစ်ရာ၀န်းကျင်ရှိသူတိုင်း ကောင်လေး၏ အသက်ကိုကယ်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုကိုရဟန်းမင်းကြီးသည် ထုတ်ဖော်ချီးမွမ်းပြီး၊ ကျေးဇူးတင်ခဲ့သည်။

အလွန်စိတ်ထိခိုက်စရာ မတော်တဆဖြစ်ပွားမှုတစ်ခုပင်။

            မောရိုကိုတော်၀င်နန်းတော်မှ အဆိုပါကလေး၏သေဆုံးခြင်းနှင့်ပတ်သက်၍ ‘စိတ်ထိခိုက်စရာ မတော်တဆဖြစ်ပွားမှု’ ဟုဆိုကာကြေညာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ဤအခင်းသည် ပြီးခဲ့သော အဂ်ါနေ့ကဖြစ်ပွားခဲ့ပြီး၊ သတင်းသည် မောရိုကိုတစ်နိုင်ငံလုံးကို စိတ်ထိခိုက်သွားစေခဲ့ သည်။ ရေတွင်း အနက်မှာ (၃၂) မီတာနက်သည်။ ထိုမျှနက်သော ရေတွင်းထဲသို့ကျသွားခဲ့သော်လည်း ချက်ချင်း မသေ ဆုံးခဲ့။ ညနေပိုင်း၌ ကောင် လေး၏အော်ခေါ်နေသံကိုမိသားစုများကြားခဲ့ရသည်။ သို့ဖြင့် ရေတွင်းသည် မကျယ်၀န်းလှသောကြောင့် ကောင်လေးအား ချက်ချင်းဆယ်တင်ရန် ခက်ခဲနေခဲ့သည်။ ကယ်ဆယ်ရေး သမားများရောက်လာ၍ ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထိုရေတွင်း၏ အနက်နှင့်ညီ သောတွင်းကို ယှဉ်တူး၍ခက်ရာ ခဲဆစ်ကြိုးစားကယ်ထုတ်ခဲ့ရသည်။ သတင်းကိုကြားသော ပြည်သူများကလည်း ကယ်ဆယ်ရေးလုပ်ငန်းသို့လာရောက်ကြည့်ရှုကြသည်။ ဘာသာ ရေးသီချင်းများသီဆိုခြင်း၊ ဆုတောင်း ခြင်းများကိုလည်းပြုလုပ်ခဲ့ကြသည်။ ကြာသပတေးနေ့အထိ ကောင်လေးသည် အသက်ရှင်ကျန် နေခဲ့သေး သည်။ ထိုနေ့မှစ၍ မည်သည့်အသံမျှမကြားရတော့ဘဲ ကယ်ဆယ်ရေး လုပ်သားများသူ့ အားကယ်ထုတ်လိုက်နိုင်သော စနေနေ့၌မှု အသက် (၅) နှစ် အရွယ်ကောင်လေးသည် အသက် မရှိတော့ပေ။

ရေတွင်းမှကုန်းပေါ်သို့ရောက်လာသည်နှင့်အသင့်စောင့်နေသော လူနာတင်ယာဉ် ပေါ်သို့ ချက်ချင်း ပြောင်းတင်လိုက်သည်။ ဤသို့သော မတော်တဆဖြစ်ပွားမှုသည် ဖြစ်ခဲသည်။ ယခင်နှစ်ကလည်း ဆီးရီးယားမှ (၁၀) သားကောင်လေးတစ်ဦးသည် ရေတွင်းထဲကျပြီးသေဆုံးခဲ့ဘူးသည်။    

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Jd58dZ

Add new comment

3 + 0 =