မောရိရှက်နိုင်ငံ၏ကာဒီနယ် သက်တော် (၈၀) ပြည့်သွားပြီ

မောရိရှက်နိုင်ငံ၏ကာဒီနယ် သက်တော် (၈၀) ပြည့်သွားပြီ

မောရိရှက်နိုင်ငံ၏ကာဒီနယ် သက်တော် (၈၀) ပြည့်သွားပြီ

ကာဒီနယ်တစ်ပါးသည် အမိကက်သလစ်သာသနာ၏ အမြင့်ဆုံးအမှုတော်ဖြစ်သော ရဟန်းမင်းကြီးပလ္လင်လစ်လပ်သွား သည့်အခါ ရဟန်းမင်းကြီးအားရွေးချယ်ရာ၌ မဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့မဲပေးပိုင်ခွင့်သည် အသက် အရွယ်အပိုင်းခြားနှင့်လည်းပိုင်း ခြားသတ်မှတ်ထားသည်။

သက်တော် (၈၀) ပြည့်ပြီးသည်နှင့် ကာဒီနယ်တစ်ပါးသည် အဆိုပါမဲပေးခွင့်ရှိသည့်အခွင့်အရေးမှာအလို လိုပျက်ပြယ်သွားပါသည်။ ဆိုလိုသည်မှာ မဲပေးပိုင်ခွင့်မရှိတော့ပေ။ မောရိရှက်နိုင်ငံ၏ကာဒီနယ်သည် ယခုနှစ်၌ သက်တော် (၈၀) ပြည့်ပြီဖြစ်သည်။ သူသည် (၁၉၉၃) ခုနှစ်ကပင် Port-Louis သာသနာ၏သာသနာပိုင်အဖြစ်အမှုတော်ထမ်းနေခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်က သူ့အား (၂၀၁၆) ခုနှစ်၊ နို၀င်ဘာလတွင် ကာဒီ နယ်အဖြစ်ရွေးချယ်တင်မြှောက်ပေးခဲ့သည်။ ကာဒီနယ် Maurice Piat သည် (၂၀၁၉) ခုနှစ် ရဟန်းမင်းကြီးဖရန်စစ် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသနိုင်ငံသို့တမန်တော်ခရီးကြွရောက်စဉ်က ရဟန်းမင်းကြီးအား လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ပြီး ရဟန်းမင်း ကြီးနှင့်အတူ မစ္ဆားတရားကိုအတူတကွတင်လှူပူဇော်ခဲ့ကြသည်။ ထိုသို့တမန်တော်ခရီးကြွရောက်ခြင်းအတွက်လည်းရဟန်းမင်း ကြီးအား ကျေးဇူးတင် ကြောင်းပြောကြားခဲ့သည်။

ကာဒီနယ်သည် အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းဒေသနိုင်ငံရှိကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သည်။ ယခုကဲ့သို့ သက်တော် (၈၀) ပြည့်သွား၍ ကာဒီနယ်အနေဖြင့် ရဟန်းမင်းကြီးရွေး ချယ်တင်မြောက်နိုင်သော ကာဒီနယ်အပါးပေါင်း (၁၂၃) ပါးရှိသည့်အနက်တစ်ပါးလျော့သွားပြီဖြစ်သည်။ လက်ရှိ၌ ကာဒီနယ်အပါး ပေါင်း (၂၂၁) ပါး ရှိပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2UZi1Vw

Add new comment

12 + 2 =