မေလ (၂၄) ရက် တရုတ်နိုင်ငံအတွက်အထူးပူဇော်ဆုတောင်းသောနေ့

မေလ (၂၄) ရက် တရုတ်နိုင်ငံအတွက်အထူးပူဇော်ဆုတောင်းသောနေ့

နှစ်စဉ် မေလ (၂၄) ရက်နေ့သည် 'ခရစ်ယာန်တို့အားမှိုင်းမသောသင်မ' ပွဲနေ့ဖြစ်သည်။ နှစ်စဉ်ဤနေ့ကို တရုတ်နိုင်ငံအတွင်းရှိ ခရစ်ယာန်များ၊ ဧ၀ံဂေလိတရားတော်ကိုကြေညာဟောပြောနေကြသောဓမ္မအမှုတော်ဆောင်များ၊ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်၊ ကိုရင်များအတွက်၊ အထူးသဖြင့်မိမိတို့၏ယုံကြည်ခြင်းအတွက် ညှဉ်းပမ်းနှိပ်စက်ခံနေရသောတရုတ်နိုင်ငံမှခရစ်ယာန်များအတွက်ဆုတောင်းပေးရန်သတ်မှတ်ထားသောနေ့တစ်နေ့လည်းဖြစ်ပါသည်။

ရဟန်းမင်းကြီးက ပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသည့် ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများအား တရုတ်နိုင်ငံအတွက်အထူးဆုတောင်းပေးရန်၊ အထူးသဖြင့် ဧ၀ံဂေလိသတင်းကောင်းကိုလွတ်လပ်လုံခြုံစွာဟောပြောနိုင်ရန်အတွက်ဆုတောင်းပေးရန်တိုက်တွန်းခဲ့သည်။

မေလ (၂၄) ရက်နေ့ကို တရုတ်နိုင်ငံအတွက်အထူးဆုတောင်းပေးရာနေ့အဖြစ်နှစ်စဉ်အမှတ်ရကျင်းပရန် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က (၂၀၀၇) ခုနှစ်တွင်တရား၀င်ကြေညာသတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံမှကက်သလစ်ဘာသာတူများကလည်း မေလ (၂၄) ရက်၌ ခရစ်ယာန်တို့အားမှိုင်းမသောမယ်တော်ကိုအထူးသဒ္ဓါကြည်ညိုကြပြီး နိုင်ငံအတွင်းဘာသာရေးလွတ်လပ်ခွင့်ရရှိရန် နှစ်စဉ်ဆုတောင်းလေ့ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MDh4cC

Add new comment

6 + 7 =