မေလ (၁၈) ပါစကားကာလဆဌမပတ်တနင်္လာနေ့တွင်ဘာသာတူများနှင့်မစ္ဆားတရားပူဇော်ခြင်းကို ပြန်လည်စတင်တော့မည်

မေလ (၁၈) ပါစကားကာလဆဌမပတ်တနင်္လာနေ့တွင်ဘာသာတူများနှင့်မစ္ဆားတရားပူဇော်ခြင်းကို ပြန်လည်စတင်တော့မည်

မေလ (၁၈) ပါစကားကာလဆဌမပတ်တနင်္လာနေ့တွင်ဘာသာတူများနှင့်မစ္ဆားတရားပူဇော်ခြင်းကို ပြန်လည်စတင်တော့မည်

အီတလီနိုင်ငံအတွက်သတင်းကောင်းနှင့်ဆင်ခြင်စရာ

အီတလီနိုင်ငံသည် ကိုဗစ် (၁၉) ဒဏ်ကိုအလူးအလဲခံခဲ့ရသည်။ ထို့ကြောင့်မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းအပြင်၊ ပုပ်ရဟန်းမင်းကြီး ၏ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်တွေ့ဆုံခြင်း၊ တနင်္ဂနွေနေ့မွန်း တည့်အန်ဂျေလူး (ကောင်းကင်ဘုံဘုရင်မ) ဆုတောင်းခြင်းများကိုလည်းပုံမှန် ကျင်းပသော်လည်းဘာ သာတူများမပါဘဲလေလှိုင်းမှသာထုတ်လွှင့်နေခဲ့သည်။

ယမန်နေ့ CNA ကက်သလစ်သတင်းအရလာ မည့်မေလ (၁၈) ပါစကားကာလဆဌမပတ်တနင်္လာနေ့တွင်ဘာသာတူများနှင့်မစ္ဆားတရားပူဇော်ခြင်းကို ပြန်လည်စတင်တော့မည်ဟုသိရပါသည်။ ယခုကဲ့သို့ခွင့်ပြု လိုက်သည်ဆိုသော်လည်းပုံမှန်အခြေအနေက ကဲ့သို့မဟုတ်ဘဲအခြေအနေများကန့်သတ်ခွင့်ပြုမည်ဖြစ်သည်။ မစ္ဆားပူဇော်ခြင်း၌ပါ၀င်မည့်ဘာ သာတူဦးရေကန့်သတ်ရမည်။ တစ်ဦးနှင့်တစ်ဦး၏အကွာအ​ေဝေးကိုလည်းသုံးပေခွာရမည်။ နှာခေါင်းစီးတပ် ထားရမည်။ ဘုရားကျောင်း သည် ပိုးသတ်ဆေးဖြန်းထားရမည်။ ကိုယ်တော်မြတ်ပင့်ပေးသည့်အခါဘုန်း တော်ကြီးနှင့်ကိုယ်တော်မြတ်ပင့်ပေးသူသည်လက်အိတ်စွပ်ထားရမည်။ နှာခေါင်းစီးလည်းပါရမည်။

ကို ဗစ် (၁၉) ဆိုးရွားသောကူးစက်မူကြောင့်ရောမသာသနာသည်ဘာသာတူများမပါဘဲမစ္ဆားပူဇော်ရန်ကြေ ငြာချက် ကိုမတ်လ (၈) နေ့ကစတင်ကြေငြာခဲ့သည်။ ကိုဗစ် (၁၉) ၏ပျံ့နှံ့ကူးစက်မူသည်အီတလီ မြောက်ပိုင်းတွင်ပို၍ဆိုးရွားခဲ့ပြီး၊ မီလန်၊ ဗင်းနီစ်မြို့များ လည်းဖေဖော်၀ါရီလအစောပိုင်းကပင်ကြေငြာ ခဲ့သည်။ ဘာသာရေးအခမ်းအနားများဖြစ်သောဆေးကြောခြင်းပေးခြင်း၊ စျာပနအခမ်းအနား၊ မင်္ဂလာဆောင်အခမ်းအနားများအားလုံးကိုမတ်လ (၉) ရက်နေ့မှစ၍ရပ်နားထားစေခဲ့သည်။ စျာပနအခမ်းအ နားကိုမူမေလ (၄) နေ့မှစ၍အကန့် အသတ်ဖြင့်ပြန်လည်ကျင်းပစေခဲ့သည်။

လက်ထပ်ထိမ်းမြှားခြင်းအ ခမ်းအနားများကိုလည်းမေလ (၁၈) ရက်နေ့မှပြန်လည်စတင်ကျင်းပ တော့ မည်ဖြစ်သည်။ ဤကြေငြာ ချက်ကိုမေလ (၇) ရက်နေ့၌လိုက်နာရမည့်လမ်းညွှန်ချက်အသေးစိပ်ဖြင့်ထုတ်ပြန်ခဲ့သည်။ ထို့မစ္ဆားတ ရားကိုဘာ သာတူများနှင့်အတူပူဇော်နိုင်ရန်အတွက်လူဦးရေကန့်သတ်ထားရသောကြောင့်မစ္ဆားတရား ကိုပွဲရေများအောင်ကျင်းပပေးရန်လိုကြောင်း၊ မစ္ဆား တရားအတွင်းသီချင်းများသီဆိုခြင်းဖြင့်အချိန်ကျန့် ကြာမူမရှိစေရန်ဓမ္မသီချင်းသီဆိုခြင်းကိုလည်းအားမပေးကြောင်း၊ ဘုရားကျောင်းတံခါးများကို လည်းကြိုတင်ဖွင့်၍လေ၀င်လေထွက်ကောင်းအောင်စီစဉ်ထားပေးခြင်း၊ လက်သန့်ဆပ်ပြာရည်ထားရှိပေးထားခြင်း၊ မစ္ဆားတရားအတွင်း၏ ငြိမ်း ချမ်းခြင်းအမှတ်လက္ခဏာများ ကိုလည်းမပြုလုပ်ရန်၊ မေတ္တာရေများကိုလည်းမထားရှိရန်ညွှန်ကြားထားပါသည်။

ဤကြောငြာချက်ကိုအီတလီ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥကဌကာဒီနယ် Gualtiero Bassetti၊ ၀န်ကြီးချုပ် Giuseppe Conte နှင့် ပြည်ထဲရေး၀န်ကြီး Luciana Lamorgese တို့မှလက်မှတ်ရေးထိုးထားသည်။ ဤကြေငြာချက်ကိုအီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှပြင်ဆင်ခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
Photo credit: Curioso/Shutterstock

 

https://bit.ly/2YQ6Z4R

Add new comment

5 + 14 =