မေလ ၁၅ ရက်နေ့တွင် ပါပါးဖရန်စစ်မှာ ရဟန္တာအသစ် ၁၀ ပါး တင်မြှောက်ရန်ရှိ

မေလ ၁၅ ရက်နေ့တွင် ပါပါးဖရန်စစ်မှာ ရဟန္တာအသစ် ၁၀ပါး တင်မြှောက်ရန်ရှိ

မေလ ၁၅ ရက်နေ့တွင် ပါပါးဖရန်စစ်မှာ ရဟန္တာအသစ် ၁၀ပါး တင်မြှောက်ရန်ရှိ

ရဟန္တာတင်မြှောက်ခြင်း အခမ်းအနား နောက်ဆုံးကျင်းပခဲ့သည်မှာ ၂၀၁၉ ခုနှစ်က ဖြစ်ပြီး
ကာဒီနယ် ဟန်နရီနယူးမန်း ၊ Sr. Dulce of Brazil ,နှင့်အခြားသူများကို ရဟန်းမင်းကြီးမှ တင်မြှောက်ပေးခဲ့ခြင်း ဖြစ်သည်။

လာမည့်မေလ ၁၅ ရက် တနင်္ဂနွေ့မှာ စိန့်ပီတာရင်ပြင်တော်ကြီးဟာ မျှော်လင့်စောင့်စားရမှု အကြီးဆုံးသောပွဲတော်တခုကို လက်ခံကျင်းပပေးနိုင်ရန် ဆင်ရင်ပြင်ဆင် ထားပါလိမ့်မယ် , ထိုပွဲတော်ကား ----ရဟန္တာသစ်တင်မြှောက်ခြင်း အခမ်းအနားပင်

ပါပါးဖရန်စစ်

ရဟန္တာအသစ်များအတွက် ယနေ့ပင် ဘုရားရှင်အား ကျေးဇူးတင်ကြပါစို့ ထိုရဟန္တာတို့သည် ယုံကြည်ခြင်းဖြင့် လျောက်လှမ်းနေထိုင်ခဲ့ကြပြီး ယခုထိုသူတို့သည် ကျွန်ုပ်တို့အတွက် ကြားဝင်ပန်ကြားပေးသူများ ဖြစ်လာကြပြီ။

ယခုအကြိမ်တွင် ရဟန္တာ ၁၀ ပါး တင်မြှောက်မည်ဖြစ်သည်။ အဲလ်ဂျေးရီးယန်း သဲကန္တာရ​တွင် သာသနာပြုခဲ့သည့် ပြင်သစ်လူမျိူး ရဟန်းတော် Charles de Foucauld လည်း တပါးအပါအဝင်ဖြစ်သည်။ ဤရဟန်းတော်အား ရည်စူး၍ the little sisters of Jesus အသင်းဂိုဏ်မှ ရောမမြို့တွင် ပြတိုက်တခု တည်ဆောက်ထားပါတယ်။

Sr.Claire Nicole ( the little sisters of Jesus)

ဒီပြတိုက်ထဲကို ဝင်လိုက်တာနဲ့ ဘုန်းဘုန်းရဲ့ ခြေသိုင်းဖိနပ်နဲ့ သံလိုက်အိမ်မြှောင်ကိုတွေ့ရမှာပါ၊ ဒီပစ္စည်း၂ ခုကလည်း ကိုယ်စားပြုပေးနိုင်တဲ့ အကောင်းဆုံးပုံရိပ်များပါပဲ၊ အကြောင်းမှာ ဘုန်းတော်ကြီးဟာ လူတွေနဲ့ထိတွေ့ဆက်ဆံမှု့ရှိဖို့ အလိုရှိခဲ့တဲ့အတွက် လှည့်ပါတ်သွားလာနေထိုင်ခဲ့လို့ ဖြစ်ပြီး ၊ သံလိုက်အိမ်မြှောင်ဆိုတာကလည်း သဲကန္တာရထဲမှာ ဝေးလံစွာလျောက်သွား နေရချိန် လမ်းမသိချိန်မှာ သူ့ကိုများစွာအထောက်ကူပေးခဲ့တဲ့ ပစ္စည်းလေးဖြစ်လို့ပါပဲ။

ရဟန်းမင်းကြီးမှ ရဟန္တာတင်မြှောက်ပေးမည့် အခြား သူများမှာ အိန္ဒိယမှ ဓမ္မအာဇာနည် သာမန်လူပုဂိုလ် လာဇရု နှင့် နာဇီစစ်စခန်းတွင် အသတ်ခံခဲ့ရသည့် ကာမယ်လိုက်(Carmelite) ဘုန်းတော်ကြီး Tito Bradsma တို့လည်း ပါဝင်ပါတယ်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3ynqGCE

Add new comment

3 + 11 =