မေလ၌ဘာသာတူများအားနှစ်သိမ့်မှုပေးရန်ရည်ရွယ်၍ နှစ်သိမ့်ခြင်းမယ်တော်အားပင့်ချီ၍လှည့်လည်

မေလ၌ဘာသာတူများအားနှစ်သိမ့်မှုပေးရန်ရည်ရွယ်၍ နှစ်သိမ့်ခြင်းမယ်တော်အားပင့်ချီ၍လှည့်လည်

အာရှတိုက်၌ ကက်သလစ်ဘာသာ၀င်ဦးရေအများဆုံးဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၌ နှစ်သိမ့်ခြင်းမယ်တော်ကိုပင့်ဆောင်၍မနီလာဂိုဏ်းချုပ်သာသနာနှင့် archipelago အနှံ့လှည့်လည်မည်ဖြစ်သည်။

နှစ်သိမ့်ခြင်းမယ်တော်ဗိမာန်တော်အစည်းအဝေး ၌ ဤဆင်းတုတော်ကိုလှူဒါန်းခဲ့သကဲ့သို့ ကောင်းကြီးပေးခဲ့သည်။

မယ်တော်အားပင့်ချီလှည့်လည်ခြင်းကို Intramuros ရှိစိန့်ဩဂုတ်စတင်းဘုရားဖူးနဗဟိုမှဘာသာတူများကဦးစီး စီစဉ်ခြင်းဖြစ်သည်။ Intramuros သည်မနီလာဂိုဏ်းချုပ်သာသနာ၏အလွန်ရှေးကျသောဘာသာတူများနေထိုင်သောအစိတ်အပိုင်းဖြစ်သည်။ စပိန်တို့၏ကိုလိုနီခေတ်ကအဆောက်အဦးများစွာကိုလည်းယနေ့တိုင်မြင်တွေ့နိုင်သည်။ ယခုကဲ့သို့မယ်တော်အားပင့်ချီလှည့်လည်ခြင်းဖြင့် မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ချို့တဲ့နွမ်းပါးသူများ၊ ကျန်းမာရေးချို့တဲ့မှုကြောင့် စိတ်ဓာတ်ဆင်း၍မျှော်လင့်ချက်မဲ့နေသူများအတွက် ထောက်ပံ့မှုနှင့်နှစ်သိမ့်မှုများခံစားရရန်ရည်ရွယ်ခြင်းဖြစ်သည်။

ဩဂုတ်စတင်းအသင်း၀င်လည်းဖြစ်ပြီး ယခုဗိမာန်တော်၏တာ၀န်ခံလည်းဖြစ်သော ဖာသာရ် Edwin Hari ကယခုကဲ့သို့စီစဉ်ရခြင်းမှာ မယ်တော်အားပိုမိုကိုးစားမှုတိုးပွားလာရန်ဖြစ်ကြောင်း၊ မယ်တော့်ဆင်းတုတော်သည် မနီလာဂိုဏ်းချုပ်သာသနာ၌သာမဟုတ်။ နိုင်ငံအတွင်းမှဒေသများသို့လည်းပင့်ချီသွားမည်ဖြစ်ကြောင်း၊ နှစ်သိမ့်ခြင်းမယ်တော်အားသဒ္ဓါကြည်ညိုခြင်းရှိလာရန်နှင့်ဤမယ်တော့သမိုင်းကိုသိရှိစေရန်ဖြစ်သည်ဟုဆိုသည်။

Intramuros မှဘာသာတူများမယ်တော်၏ ကူညီစောင့်ရှောက်မှုကိုခံစားခဲ့ရသကဲ့သို့ အခြားသောနေရာဒေသမှဘာသာတူများအားလည်း ကြည်ညိုသဒ္ဓါပွားစေလို၊ နှစ်သိမ့်ခြင်းမယ်တော်ထံတောင်းလျှောက်သောဆု တောင်းကိုတောင်းလျှောက်၍ အမိမယ်တော်မှအတိဒုက္ခအ၀၀နှင့်ကြုံနေသူများအတွက်အထူးဆုတောင်းပေးရန်မိတ်ဆက်ပေးလို၍ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

နှစ်သိမ့်ခြင်းမယ်တော်အားသဒ္ဓါကြည်ညိုခြင်းရှိသည့်သာသနာအုပ်စုတိုင်းနှင့်နှစ်သိမ့်ခြင်းမယ်တော်အဖွဲ့၀င်များရှိသည့်နေရာတိုင်းသို့ပင့်ဆောင်ကြွချီမည်ဖြစ်သည်။ ထိုအတူ ရသေ့ကျောင်းများသို့လည်းကောင်း၊ တောင်းခံသောကျောင်းထိုင်သီတင်းသုံးသည့်ဘုရားကျောင်းများ၊ ဘုရားကျောင်းများသို့လည်းကြွရောက်မည်ဖြစ်သည်။

ပြီးခဲ့သောနှစ် (၂၀၀၀) က Intramuros သည် ဂိုဏ်းချုပ်သာသနာ၏မယ်တော်အားသဒ္ဓါကြည်ညိုမှုပွားသောဗဟိုအဖြစ်ကြေငြာခဲ့သည်။ ထိုနှစ်၌ပင် ယခုမယ်တော့်ဆင်းတုတော်အား ရဟန်းမင်းကြီးမှလှူဒါန်းသော သရဖူကိုဆောင်းပေးခဲ့သည်။

နှစ်သိမ့်ခြင်းမယ်တော်ဘုရားကျောင်းသည် နိုင်ငံအတွင်း၌လူသိအများဆုံးဘုရားဖူးဗိမာန်တစ်ခုဖြစ်ပြီး နှစ်စဉ် ဘုရားဖူးထောင်သောင်းနှင့်ရောက်လာကာသဒ္ဓါကြည်ညိုမှုပွားကြောင်းသိရသည်။

ဤကြည်ညိုမှုသည် စပိန်ကိုလိုနီခေတ်၏ ဘာသာရေးအမွေနစ်ဖြစ်၍ ရာစုနှင့်ချီ၍ဖိလစ်ပိုင်နိုင်ငံအတွင်းအမြစ်တွယ်နေခဲ့သည်။ နှစ်သိမ့်ခြင်းမယ်တော်အပြင် ကြည်ညိုသူများပြားသောမယ်တော်ကား Rizal ရှိ Antipolo မယ်တော်ဗိမာန်တော်၊ Bicol ရှိ Penafrancia၊ Cagayan ရှိသွားရောက်လည်ပတ်သည့်မယ်တော်၊ Visayas ရှိ Rule မယ်တော်တို့ဖြစ်ကြပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MWMmfN

Add new comment

4 + 6 =