မေတ္တာပန်း တနင်္ဂနွေနေ့ ကျင်းပခဲ့ခြင်း။

မေတ္တာပန်း တနင်္ဂနွေနေ့ ကျင်းပခဲ့ခြင်း။

မေတ္တာပန်း တနင်္ဂနွေနေ့ ကျင်းပခဲ့ခြင်း။(၅.၄.၂၀၂၀) မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ။
(၅.၄.၂၀၂၀) ရက်နေ့ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ် ဘုရားကျောင်းများ၌ မေတ္တာပန်းတနင်္ဂနွေ မစ္ဆားတရားတော်မြတ်ကို ပူဇော်ကျင်းပလျှက်ရှိပါသည်။
မန္တလေးမြို့ ရွှေနှလုံးတော် ကက်သီဒြယ် ဘုရားကျောင်း၌လည်း ဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဉီးဆောင်ပူဇော်ခဲ့ပါသည်။
မေတ္တာပန်း တနင်္ဂနွေဆိုသည် သာသနာတော်အားဖြင့် ယေဇူးခရစ်တော်ဘုရားရှင်၏ ဒုက္ခစရိယာ ကျင့်ခံတော်မူခြင်း၊ အသက်တော်စွန့်တော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း စသည့် ပါစကားနက်နဲရာများကို အလေးအနက်ဆင်ခြင်အောက်မေ့သတိရ ကျင်းပသောနေ့ဖြစ်သကဲ့သို့ ၊ ခရစ်တော်သည် ဘုရင်တစ်ပါးအဖြစ် အောင်ပွဲခံယူလျှက် ဂျေရုဆလင်မြို့တော်သို့ ကြွဝင်ခြင်းအကြောင်းနှင့် ကိုယ်တော်၏ မဟာဒုက္ခစရိယာ အကြောင်းများကို ‌ကြွေးကြော်သောနေ့ရက်အဖြစ် ကျင်းပခြင်းဖြစ်သည်။
ဂျေရုဆလင်မြို့တော်သို့ ကိုင်တော်ရှင် ကြွဝင်လာသည့် အခမ်းအနားကို မေတ္တာပန်းများ ကိုင်ဆောင်ကြလျှက် စီတန်းလှည့်လည်ခြင်း အခမ်းအနားဖြင့် ကျင်းပသည်။ သို့သော်လည်း ယနေ့ကာလတွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုးကြိီးကြောင့် လူစု လူဝေးဖြင့် အခမ်းအနားများ ကျင်းပခြင်းအား အစိုးရက မပြုလုပ်ရန် ညွှန်ကြားချက်များအရ ယနေ့ကျရောက်သော ကက်သလစ် သာသနာတော်၏ မေတ္တာပန်းတနင်္ဂနွေ အခမ်းအနား မစ္ဆားတရားအား ဘာသာတူများမပါဝင်ဘဲ ဆရာတော်နှင့် ဘုန်းတော်ကြီး အနည်းငယ်သာ ပါဝင်လျှက် ကျင်းပခဲ့ရပါသည်။
သို့သော်လည်း ဘာသာတူများအား မိမိတို့နေအိမ်များမှ ပါဝင်နိုင်ရန် သာသနာအသီးသီးရှိ အသင်းတော်၏ မီဒီယာဌာန များက တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါသည်။ဆရာတော်ဘုရားမှ ကောင်းချီးပေးထားသော မေတ္တာပန်းများအားလည်း လူထုပရိတ်သတ်နှင့်အတူတကွ မစ္ဆားတရား ဟောခွင့်ရသော အချိန်၌ ဤမေတ္တာပန်းများကို ဘာသာတူများထံသို့ ပြန်လည်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Photos News ; Pinky

Add new comment

8 + 0 =