မေတ္တာပန်းပွဲတနဂ်နွေနေ့၀တ်ပြခြင်းကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ ဒုတိယနှစ်အဖြစ်ကျင်းပ

မေတ္တာပန်းပွဲတနဂ်နွေနေ့၀တ်ပြခြင်းကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ ဒုတိယနှစ်အဖြစ်ကျင်းပ

မေတ္တာပန်းပွဲတနဂ်နွေနေ့၀တ်ပြခြင်းကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ ဒုတိယနှစ်အဖြစ်ကျင်းပ

ဒုတိယအကြိမ်အဖြစ် ပုပ်ရဟန်းမင်းကြီးသည် မေတ္တာပန်းပွဲတနဂ်နွေနေ့ကို စိန့်ပီတာဘုရားကျောင်းတော်ကြီးအ တွင်း၌ကျင်းပခဲ့သည်။ အစဉ်အလာအရ ဤသို့ခမ်းနားသောအမိသာသနာတော်ကြီး၏၀တ်ပြုခြင်းကို စိန့်ပီတာရင်ပြင်၌ သာကျင်းပလာခဲ့သည်။ ယခင်နှစ်ကတစ်ကြိမ်၊ ယခုနှစ်လည်းမခြားကိုးဗစ်ကူးစက်မြန်ရောဂါကြောင့် ခမ်းနားသော၀တ် ပြုခြင်းကိုဘုရားဖူးထော်သောင်းနှင့်ချီပါ၀င်၍ဆု‌တောင်း၀တ်ပြုခြင်းကိုမပြုနိုင်ဘဲ ဘုရားဖူးမဆိုစလောက်သောဦးရေများ နှင့်သာ၀တ်ပြုလာခဲ့သည်မှာတစ်နှစ်ကျော်ပြီဖြစ်သည်။ မေတ္တာပန်းပွဲတနဂ်နွေနေ့၏၀တ်ပြုခြင်းကို ဘာသာတူများစွာ ကိုယ်တိုင်ကိုယ်ကျမပါ၀င်နိုင်သော်လည်း နည်းပညာ၏အကူအညီဖြင့်ကမ္ဘာတစ် ၀ှမ်းမှဘာသာတူများပါ၀င်နိုင်ရန်ရုပ် မြင်သံကြား၊ ရေဒီယိုလိုင်းများနှင့်တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာပါ၀င်သူသန်းနှင့်ချီရှိခဲ့သည်။    

ကြည်ညိုလေးစားခြင်းမှသည်အံ့အားသင့်ခြင်းဆီသို့

            မေတ္တာပန်းပွဲတနဂ်နွေနေ့သည် ယေဇူးသခင်ဂျေရူးဆလင်မြို့တော်ကြီးသို့ ဒါ၀ိတ်၏သားတော် ကယ်တင်ရှင် အဖြစ်ကြွ၀င်လာသည်ကို ပါစကားပွဲကျင်းပရန်ရောက်ရှိနေသော ဂျူးဘာသာ၀င်ဘုရားဖူးများက သောင်း သောင်းဖြဖြ  ကြိုဆိုကြသည်။ အမှန်မှာ ဤသို့သောင်းသောင်းဖြဖြကြိုဆိုပြီးနောက် သူ့အားဤသို့ကြိုဆိုသောလူအုပ်ကြီးကပင်လျင် ရာဇ၀င်လူဆိုးတစ်ဦးကဲ့သို့ လက်၀ါးကပ်တိုင်တင်ရန်ရက်စက်စွာအတင်းအကြပ်စီရင်ခဲ့ကြသည်။ ထို့ကြောင့် ယေဇူသ ခင်၏ခမ်းနားစွာဖြင့်ဂျေရူးဆလင်မြို့ကိုကြွ၀င်ခြင်းသည် နောက်ဆုံး၌ကားတင်ပေါ်၌အတင်သတ်ခံခြင်းဖြင့်အဆုံးသတ် မည်ဖြစ်သည်။ ယေဇူးသခင်အားကြိုဆိုနေကြသောလူအုပ်ကြီးက ‘ဟို‌ဇန္နာ’ ဟုကျယ်လောင်စွာကြွေးကြောနေကြသည်။ ထိုသို့ကြွေးကြော်၍သောင်းသောင်းဖြဖြကြိုဆိုခဲ့သောလူအုပ်ကြီးနှင့်ပါးစပ်များသည် ရက်အနည်းငယ်ကြာသော  ‘လက် ၀ါးကပ်တိုင်တင်ပါ’ ဟုရက်ရက်အပ်နှံကြမည်ဖြစ်သည်။ လူအုပ်ကြီးသည် ယေဇူးသခင်ကိုကြည်ညိုခဲ့ကြသည်။ သို့သော် ယေဇူးသခင်သည်သူ့တို့အတွက်အံ့ဩမူမဖြစ်စေခဲ့ပေ။ အမှန်ဆိုသော် ‘လေးစားအားကျခြင်း’ နှင့် ‘အံ့ဩရခြင်း’ သည်အ ခြေခံအားဖြင့်ကွာခြားပါသည်။ ‘လေးစားအားကျခြင်း’ စကားလုံး၏ဆိုလိုရင်းမှာ မိမိအကြိုက်၊ မိမိသန်ရာ၊ စိတ်၀င်စား ရာ၊ မျှော်လင့်ချက်ထားရာဖက်ဆီသို့ဦးတည်သွားသည်။ သို့သော် ‘အံ့ဩခြင်း’ သည် အခြားသူများပြုလုပ်သောအံ့ဖွယ်ရာ များ၊ အသစ်အဆန်းများကိုလက်ခံသည်။ ထိုအထူးအဆန်းများအားဖြင့် ကျွန်ုပ်တို့၏ခံယူချက်၊ ဘ၀ကိုပြောင်းလဲစေ သည်။ ထို့ကြောင့်ယေဇူးသခင်ကိုအားကျရုံသက်သက်မျှမဖြစ်စေဘဲ သူ၏ခြေတော်ရာကိုလိုက်ကြရမည်။ ယေဇူးသခင် အားကျွန်ုပ်တို့၏ဘ၀ကိုပြောင်းလဲခွင့်ပေးရမည်။ သို့မှသာ လေးစားအားကျခြင်းမှသည်အံ့ဩခြင်းဆီသို့ပြောင်းလဲသွား မည်ဖြစ်သည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wgUFsy

 

Add new comment

16 + 0 =