မုံရွာမြို့မှ ကျဆုံးသွားသောအာဇာနည် များရဲ့ မိသားစုများထံ ဂရုဏာရေးသီလရှင် များသွား ရောက် ဆု တောင်း

မုံရွာမြို့မှ ကျဆုံးသွားသောအာဇာနည် များရဲ့ မိသားစုများထံ ဂရုဏာရေးသီလရှင် များသွား ရောက် ဆု တောင်း

မုံရွာမြို့မှ ကျဆုံးသွားသောအာဇာနည် များရဲ့ မိသားစုများထံ ဂရုဏာရေးသီလရှင် များသွား ရောက် ဆု တောင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကျဆုံးသွားသောအာဇာနည်များရဲ့ မိသားစုများထံ Sisters of Charity of Maria Bambina ဂရုဏာရေး အသင်းဂိုဏ်းမှ ကက်သလစ်သီလရှင်များဟာ ၆၊ ၃ ၊ ၂၀၂၁ မှာ သွား ရောက်မေတ္တာပို့ ဆု တောင်းပေးခြင်း၊ အားပေးနှစ်သိမ့်ခြင်းနဲ့ တတ်အား သမျှကူညီ ပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြပါတယ်။

ကျဆုံးသွားသူ ၄ ဉီး ဖြစ်ကြတဲ့ ကိုဝေယံ (ခ) ကိုကံချွန် အိမ်သို့၎င်း၊ ကိုမင်းခန့်ကျော်(ခ)ဖိုးသဲ၊ ကိုနိုင်ဝင်း နှင့် ကိုသိန်းအောင် တို့ရဲ့ ကျန်ရစ်သူမိသားစုများ အိမ်သို့ သွားရောက်ကာ ဆန်တအိတ်ဆီ နဲ့ အလျှုငွေ တတ်အားသမျှပါ၀င်ကူညီပြီး ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း

" အရမ်းဝမ်းနည်းတယ် သေသွားတဲ့သူတွေကငယ်သေးတယ်လေ အရမ်းကိုမခံစားနိုင်လို့ အိမ်တွေထိ သွား ဆုတောင်းပေးချင်လိုက်တာဆိုပီး ဆွမ်းစားရင်းစစ္စတာရ်တို့ပြောတာကြားတော့ ကျနော်လဲ လိုက် ပို့ဖြစ် လိုက်တာပါ။ ကျနော့ အနေနဲ့ကတော့ မိဘတွေနဲ့ထပ်တူ ဝမ်းနည်းရတယ် အခုလိုသွားပီး ဆု တောင်း ခွင့်ရတဲ့ အတွက်လဲပျော်တယ် ကျန်ရစ်ခဲ့တဲ့ မိသားစု တွေလဲအခု လိုဘာသာ မတူပဲလာ ဆု တောင်းပေး တာကို ကြည်ကြည် ဖြူဖြူနဲ့ခွင့်ပြုလို့အရမ်းပီတိဖြစ်ရတယ်။ သူတို့လဲအခု လိုလာဆု တောင်း ပေးလို ကျေးဇူးတင်တဲ့အ ကြောင်းပြန်ပြောကြတယ် နောက်ပြီး သေသွားတဲ့ ကိုမင်းခန့်ကျော်နဲ့ ကျနော်က နာမည်တူ၊ မွေးခုနှစ်တူ၊ အသက်လဲတူ၊ နေ့နာမ်လဲတူတာမို့ ပိုပြီးစိတ်မကောင်းဖြစ်မိတယ် ကိုယ့်ညီအကိုတယောက် ဆုံးသွားသလိုပါပဲ" လို့ သီလရှင်များအားကူညီလိုက်ပို့ပေးခဲ့သူ မုံရွာမှ ကက်သလစ်ဘာသာဝင် တစ်ဉီး ဖြစ် တဲ့ ကိုဂျွန်ပေါလ်မင်းခန့်ကျော်မှ ပြောကြားခဲ့ပါတယ်။

မုံရွာမြို့မှာ ဆိုရင် နွေဉီးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည် ယနေ့အချိန်ထိ ၉ ဉီးရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: မင်းခန့် (JOJ)

Add new comment

6 + 5 =