မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မိုရေးရှပ် နိုင်ငံများ သို့ ပုပ်ရဟန်းမင်းကြီး သိုးထိမ်း ခရီး စဉ်အတွက် အကြို ဗီဒီယိုသတင်းစကား ထုတ်ပြန်ပေးပို့ခြင်း

မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မိုရေးရှပ် နိုင်ငံများ သို့ ပုပ်ရဟန်းမင်းကြီး သိုးထိမ်း ခရီး စဉ်

မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မိုရေးရှပ် နိုင်ငံများ သို့ ပုပ်ရဟန်းမင်းကြီး သိုးထိမ်း ခရီး စဉ်အတွက် အကြို ဗီဒီယိုသတင်းစကား ထုတ်ပြန်ပေးပို့ခြင်း
သြဂုတ်လ ၃၁၊ ၂၀၁၉

ယခုလာမည့် ဗုဒ္ဓဟူး နေ့ ၂၀၁၉ ခု နှစ် စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ အိန္ဒိယ သမုဒ္ဒရာ ကျွန်းနိုင်ငံများဖြစ်သော မာဒါဂါစကာ နိုင်ငံ အင်တာနာရီဘို မြို့၊ မိုရေးရှပ် နိုင်ငံ ပေါ့တ် လူးဝစ် မြို့ နှင့် အရှေ့တောင်အာဖရိက မိုဇမ်ဘစ် နိုင်ငံ မာပူတိုမြို့များ သို့ ပုပ်ရဟန်းမင်းကြီး သိုးထိမ်း ခရီး စဉ် အဖြစ်သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် နိုင်ငံရေး ခေါင်ဆောင်များ၊ ဘာသာခေါင်ဆောင်များ၊ ဘာသာတရားမတူညီသော အဖွဲ့အစည်းများ နှင့်တွေဆုံခြင်း၊ ကက်သလစ်ဘာသာဝင်များအတွက် မေစ္ဆားတရား ဟေားကြားပေးခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပေါ်ဂျုဂီဘာသာစကားဖြင့် ကြိုတင်ပြောကြားပေးပို့ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ သိုးထိမ်း ခရီးစဉ် ရည်ရွယ်ချက်မှာ ပြန်လည် သင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မျော်လင့်ခြင်း၊ သာသနာတော်၏ သက်သက်ခံခြင်းအမူ့ကို ခိုင်မာစေခြင်း နှင့် ဘုရားဖူ ခရီးစဉ်တို့ဖြစ်ကြောင်း ထည့်သွင်းပြေားကြားခဲ့ပါသည်။

တဆက်တည်းမှ ပဲ သူ၏ ခရီးစဉ်အတွက် ပြင်ဆင်နေကြသူများအားလုံးအပေါ် ဘုရားသခင်ကောင်းကြီးပေးသနာ ရန် ဆုတောင်ပေးခြင်းနှင့် သင်တို့၏ နိုင်ငံများ အမိမယ်တော်၏ ကာကွယ်စောင့်ရှောက်မူ့ရပါစေကြောင်း ဆုတောင်းမေတ္တာ ပိုသခဲ့ပြီး
မကြာမီတွေဆုံကြပါစို့ ဟု ပြောကြားခဲ့ပါသည်။

By Kyi Maung
Credit to Vatican News

https://bit.ly/2jSpfbv

Add new comment

1 + 14 =