မုန်တိုင်းဒဏ်ခံဘုရားကျောင်းမှ ခရူစူးကားတိုင်ကို ကျောင်း သားများက ပင့်ဆောင်နိုင်ခဲ့

မုန်တိုင်းဒဏ်ခံဘုရားကျောင်းမှ ခရူစူးကားတိုင်ကို ကျောင်း သားများက ပင့်ဆောင်နိုင်ခဲ့

မုန်တိုင်းဒဏ်ခံဘုရားကျောင်းမှ ခရူစူးကားတိုင်ကို ကျောင်း သားများက ပင့်ဆောင်နိုင်ခဲ့

သြဂုတ်လအတွင်းက တိုက် ခတ်ခဲ့သော ဟာရီကိန်းမုန် တိုင်းလော်ရာသည် လွီစီယားနားပြည်နယ်၏သုံးပုံတစ်ပုံခန့်ကို ပျက်စီးစေခဲ့သည်။ထို့အတူ ထိုပြည်နယ်ရှိ များစွာသော ဘုရားကျောင်းများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

သာသနာပိုင် ဆရာတော်ကြီး Bishop Glen John Provost ၏ထုတ်ပြန်ချက်အရ ဘုရားကျောင်း ၃၉ ကျောင်းပျက်စီးခဲ့ပြီး သာသနာ့လုပ်ငန်းခုနစ်ခုလည်း ရပ်တန့်သွားသည်ဟုသိရသည်။

စနေနေ့က စိန့်သောမတ်မိုး ကက်သလစ်အထက်တန်း ကျောင်းမှကျောင်းသားများ သည် ပျက်စီးနေသော ဘုရားကျောင်းထဲမှ ခရူစူးကားတိုင်ကြီးတစ်တိုင်ကို အောင်မြင်စွာ ပင့်ဆောင်ထုတ်ယူနိုင်ခဲ့ကြသည်။ထိုခရူစူးကားတိုင်သည် ပင်လယ်ကြယ်တော်သခင်မ အမည်ခံဘုရားကျောင်းထဲတွင် တည်ရှိသည်။ ထိုဘုရားကျောင်းမှာ မက္ကစီကို ပင်လယ်ကွေးနှင့် တစ်မိုင်ခန့်သာ ကွာဝေးသဖြင့် မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည်ဟုဆိုသည်။

ကင်မရွန်းမြို့ရှိထိုဘုရားကျောင်းသို့ အရေးပေါ်လုပ် ငန်းများဆောင်ရွက်ရန် အကူ အညီတောင်းခံရပြီး အီတလီနိုင်ငံမှ ထိုကရူစူးကားတိုင်ကြီးကို ပင့်​ဆောင်သယ်ထုတ်ရခြင်းကို မေ့နိုင်တော့မည်မ ဟုတ်ကြောင်း ကျောင်းသားများနှင့်သူတို့၏ဖခင်များက ပြောကြားကြသည်။

မုန်တိုင်းဒဏ်ပြင်းထန်သော်လည်း ဘုရားကျောင်းထဲရှိ ခရူစူးကားတိုင်မှာ တစုံတရာ ထိခိုက်မှုမရှိပဲ ပကတိအ တိုင်းရှိနေခဲ့ခြင်းမှာ အံ့သြဖွယ်ရာဖြစ်ခဲ့ပြီး အမိမယ် တော်၏စောင်မမှုကို သတိရ အောက်မေ့စေကြောင်း ဆရာ တော်ကြီးက သာသနာ့ဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်တွင် ရေး သားဝေမျှခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of : Lance strother FB

https://bit.ly/32Bma3m

Add new comment

3 + 2 =