မီးသတ်သမားဘ၀မှကက်သလစ်ဘုန်းတော်ကြီးဖြစ်လာခဲ့သူ (သို့) ထူးခြားသောဘုရား၏ခေါ်တော်မူခြင်း

မီးသတ်သမားဘ၀မှကက်သလစ်ဘုန်းတော်ကြီးဖြစ်လာခဲ့သူ (သို့) ထူးခြားသောဘုရား၏ခေါ်တော်မူခြင်း

            သူ၏အမည်ကား Tom Colucci (တွမ်ကိုလုချီ) ဟုခေါ်သည်။ သူသည် (၂၀၀၁၊ စက်တင်ဘာလ ၁၁) ရက်နေ့အ ထိ မီးသတ်တပ်ဖွဲ့၀င်တစ်ဦးဖြစ်နေခဲ့သည်။ သို့သော် ထိုနေ့ (၂၀၀၁၊ စက်တင်ဘာလ ၁၁) သည်သူ့ဘ၀ကိုရာသက်ပန် ပြောင်းလဲသွားစေခဲ့သည်။ ထိုနေ့သည် အမေရိကန်နိုင်ငံ၊ အမေရိကန်ပြည်သူများအတွက်မမေ့နိုင်သော၊ နာကျည်းခံ ပြင်းသောနေ့တစ်နေ့ဖြစ်ခဲ့သည်။ သူ့အတွက်လည်းမမေ့နိုင်စရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။

            ထိုနေ့အထိ (၂၀၀၁၊ စက်တင်ဘာလ ၁၁) အထိသူသည် နယူးယောက် ၏ မီးသတ်ဌာန၏ဌာနမှူးဖြစ်နေခဲ့သည်။  ထိုနေ့၌ မီးစွဲလောင်ရင်းတိုက်တာပြိုကျကာ သူ၏လုပ်ဖော်ကိုင်ဖက်မီးသတ်သမားများအတုံးအရုန်းသေပွဲ၀င်နေသည့် အနိဌာရုံမြင်ကွင်းကိုသူ၏မျက်စိဖြင့်တပ်အပ်မြင်တွေ့ခဲ့ရသည်။ ရူးသွပ်နေသောလူသတ်ကောင်များ၏ လူမဆန်သော ဖောက်ခွဲမူများကြောင့် ဒါဇင်သောမီးသတ်တပ်ဖွဲ့၀င်များ၏ အသက်မဲ့ခန္ဓာကိုယ်များပုံလျှက်သားမြင်တွေ့နေရသည်။ မီးသတ်သမားများ၏ ၀ိညာဉ်ရေးလမ်းညွှန် ဖာသာရ် Mychal Judge သည်လည်း မီးသတ်သမားတို့အား နောက် ဆုံးစက္ကရာမင်တူးများ၊ ဘာသာရေး၀တ္တရားများကျင်းပပေးနေရင်း မီးလောင်ကျွမ်းပြီး၊ ပြိုကျလာသောအပျက်အစီး များ၏ရိုက်မိ၊ ထိမိခြင်းကြောင့် ပျံလွန်သွားသည်ကိုလည်း သူကိုယ်တိုင်မြင်တွေ့လိုက်ရသည်။     

               ထိုနေ့ (၂၀၀၁၊ စက်တင်ဘာလ ၁၁) က အဖြစ်အပျက်ကိုမြင်တွေ့လိုက်ရချိန်၌ သူ၌ဖြစ်ပေါ်လာသောအ တွေးကား ‘ဘုရားသခင်အဘယ်နေရာ၌ရှိနေခဲ့ပါသနည်း’ ဟုဖြစ်ပါသည်။ ‘အဲဒီနေ့က  လူ့ဘ၀ရဲ့အဖြစ်ဆိုးကြီးကို ကျွန်တော်မြင်တွေ့ကြုံကြိုက်လိုက်ရတယ်။ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေအဆုံး ဒုက္ခရောက်နေသူ တွေကိုတတ်နိုင်သလောက်ကယ်ဆယ်ရေးမှာပါ၀င်ပေးနေကြတယ်။ ဘာကြောင့်လဲတော့ သူတို့ကယေဇူးသခင်ရဲ့ နက်နဲဖွယ်ရာခန္ဓာတော်ဖြစ်တယ်။ သူတို့နာကျင်တာ၊ သူတို့ခံစားရတာ ကျွန်တော်တို့အားလုံးခံစားရတယ်။ ဘုရား သခင်ဟာ ဘယ်မှမသွားဘူး။ ဘုရားသခင်ဟာအဲဒီနေရာမှာကျွန်တော်တို့နဲ့အတူရှိနေခဲ့တယ်’ ဟုပြောကြားခဲ့သည်။ ထိုမြင်ကွင်း၊ထိုအဖြစ်အပျက်မှရလိုက်သော တရားအလင်းကြောင့် သူသည် ကက်သလစ်ရဟန်း တစ်ပါးဖြစ်လာရန်ဆုံးဖြတ်ခဲ့သည်။ ထိုနေ့ (၂၀၀၁၊ စက်တင်ဘာလ ၁၁) ကား အမေရိကန်တစ်နိုင်ငံလုံးအတွက်သာ မက ကမ္ဘာကြီးကိုလည်းတုန်လှုပ်ခြောက်ခြားစေခဲ့သော Twin Towers (နယူးယောက်မြို့ရှိ စီးပွားရေးအမွှာတိုက်) ကြီး အ ကြမ်းဖက်သူတို့၏လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော ယူကျုံးမရသောနေ့တစ်နေ့ပင်ဖြစ်ခဲ့သည်။ ထိုနေ့သည် ယခု၌ (၁၀) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ (၁၀) နှစ်ပြည့်၌ ထိုအခြေအနေကိုအနီးကပ်သာမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး၌ အသက်ကိုမငဲ့ဘဲပါ၀င်ခဲ့သောမီးသတ်သမားသည် ယခုအခါ သူ၏ဘ၀တစ်ခုလုံး ကို လူသားများ၏ကာယနှင့်၀ိညာဉ်အား အစေခံခြင်း၊ ကယ်တင်ခြင်းဖြင့်အမူတော်ဆောင်နေသော ကက်သလစ် ဘုန်းတော်ကြီး Tom Colucci  ပင်ဖြစ်နေပါပြီ။     

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://www.youtube.com/watch?v=uFYNr85RWIg

Add new comment

5 + 0 =