မီးသင်္ဂြိုဟ်ခြင်းနှင့် အရိုးပြာတွေဟာ နီပေါကက်သလစ်ဘာသာဝင်များအတွက် လက်ခံနိုင်ဖွယ်ဖြစ်သော အသုဘသင်္ဂြိုလ်ခြင်း ပုံစံတစ်ခုဖြစ်လာ

မီးသင်္ဂြိုဟ်ခြင်းနှင့် အရိုးပြာတွေဟာ နီပေါကက်သလစ်ဘာသာဝင်များအတွက် လက်ခံနိုင်ဖွယ်ဖြစ်သော အသုဘသင်္ဂြိုလ်ခြင်း ပုံစံတစ်ခုဖြစ်လာ

မီးသင်္ဂြိုဟ်ခြင်းနှင့် အရိုးပြာတွေဟာ နီပေါကက်သလစ်ဘာသာဝင်များအတွက် လက်ခံနိုင်ဖွယ်ဖြစ်သော အသုဘသင်္ဂြိုလ်ခြင်း ပုံစံတစ်ခုဖြစ်လာ

ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင်များဟာ နိုဝင်ဘာ ၂ ရက်တွင် ကွယ်လွန်သွားသူအတွက် ဆုတောင်းရန် သုသာန်သို့သွားကြတဲ့အချိန် နီပေါနိုင်ငံက ခရစ်ယာန်တွေဟာ 'ကိုလံဘာရီယာ" လို့ခေါ်တဲ့ အရိုးပြာထည့်တဲ့ အဆောက်အဦးရှိတဲ့နေရာမှာ ကွယ်လွန်ပြီးဖြစ်တဲ့သူတွေကို"ရိုသေခြင်း' ဆိုတဲ့ မတူညီသောနည်းလမ်းကို ဆက်လက်စောင့်ထိန်းနေတုန်းပဲဖြစ်ပါတယ်။

လက်တွေ့ကျမှုကြောင့် မီးသင်္ဂြိုဟ်ခြင်းနှင့် အရိုးပြာတွေဟာ နီပေါကက်သလစ်ဘာသာဝင်များအတွက် လက်ခံနိုင်ဖွယ်ဖြစ်သော အသုဘသင်္ဂြိုလ်ခြင်း ပုံစံတစ်ခုဖြစ်လာခဲ့ကြောင်း ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

မြေရှားပါးပြီး ဈေးကြီးသော ကုန်ပစ္စည်းဖြစ်သောကြောင့် ခရစ်ယာန်များသည် ဟိမဝန္တာပြည်မှာ သေလွန်သူများကို အရိုအသေဂါရဝပြုဖို့အတွက် ကွဲပြားသောနည်းလမ်းကို လက်ခံလာကြရတယ်။

All Souls Day တွင် နီပေါရှိ ကက်သလစ်ဘာသာဝင်တွေဟာ 'Kathmandu"၊ "Gadavari" နှင့် "Baniyatar" အလယ်ပိုင်းမှာရှိတဲ့ စီရင်စု ၃ ခုက အရိုးပြာထားရာ အဆောက်အဦးတွေကို သန့်ရှင်းပြီး ဆေးသုတ်ကြတယ်။

နီပေါလိုနိုင်ငံမျိုးမှာ မြှုပ်နှံလေ့မရှိတဲ့ အလောင်းကို အစုလိုက်အပြုံလိုက် မီးသဂြိုလ်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို ကက်သလစ်ဘာသာဝင်တွေက လက်ခံကြပါတယ်။ "ခတ္တမန္ဒူတောင်" ကြားမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်း သုံးခုစလုံးက ၎င်းနည်းလမ်းကို နှစ်ပေါင်းများစွာ လုပ်နေကြပါပြီ။" လို့ 62 နှစ်အရွယ်၊ ဘာသာဝင်တစ်ဦးဖြစ်ပြီး နီပေါ Apostolic Vicariate ၏ မီဒီယာနှင့်ဆက်သွယ်ရေးဒါရိုက်တာ Chirendra Satyal က ပြောပြခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်များဟာ နိုဝင်ဘာ ၂ ရက်တွင် ကွယ်လွန်သွားသူအတွက် ဆုတောင်းကြသလို နီပေါကက်သလစ်များကလည်း ဖယောင်းတိုင်မီးထွန်းပြီး "ကော်လံဘာရီယမ်"တွင် ပန်းပွင့်များထားရှိကြပါတယ်။

နီပေါနိုင်ငံ မြို့တော် ဖြစ်တဲ့ "ခတ္တမန္ဒူ"ရဲ့တစ်ခုတည်းသော ကက်သလစ်သင်္ချိုင်းသည် "Jesuit Retreat Center" ရဲ့အပိုင်ဖြစ်ပြီး ပထမဆုံး နီပေါလူမျိုး Jesuit ဆရာတော် "Anthony Sharma" အပါအဝင် ၎င်းနိုင်ငံမှာ အစောပိုင်း Jesuit တွေကို သင်္ဂြိုလ်မြှုပ်နှံထားခဲ့ကြတယ်။ UCA သတင်းအစီရင်ခံစာအရ၊ ယခုအခါတွင် သူတော်စင်များနှင့် ဘုန်းတော်ကြီးတွေအတွက်တောင် သီးသန့် ကန့်သတ်ထားဖို့မရှိတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

"ခတ္တမန္ဒူ" တွင် ၁၈၁၆ ခုနှစ်မှာ တည်ထောင်ခဲ့သော နောက်ထပ်သင်္ချိုင်းငယ်ဟာ ဗြိတိသျှသံရုံးပိုင်ဖြစ်ပြီး ဗြိတိသျှနိုင်ငံသားများ အဓိကမြှုပ်နှံထားသော သင်္ဂြိုဟ်ခြင်းဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ နီပေါလူမျိုး ၈၁ ရာခိုင်နှုန်းခန့်ဟာ ဟိန္ဒူဘာသာဝင်တွေဖြစ်ပြီး၊ ၉ ရာခိုင်နှုန်း ဗုဒ္ဓဘာသာ၊ မွတ်စလင် ၄.၄ ရာခိုင်နှုန်းနှင့် ခရစ်ယာန် ၁.၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါတယ်။

ပရိုတက်စတင့်များနှင့် ဧဝံဂေလိသတင်း‌‌ဟောကြားတဲ့ဆရာများဟာ နီပေါရှိ ခရစ်ယာန်အများစုဖြင့် ဖွဲ့စည်းထားပြီး မီးသင်္ဂြိုဟ်ခြင်းနှင့် "ကော်လမ်ဘာရီယမ်" နည်းစနစ်တို့ကို ဆန့်ကျင်ကြပါတယ်။ သူတို့တွေဟာ သင့်လျော်သော သင်္ချိုင်းမြေအတွက် အစိုးရက စီစဉ်ပေးသင့်ကြောင်း တောင်းဆိုကြခဲ့တယ်။

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက ခရစ်ယာန်အသိုင်းအဝိုင်းတွေဟာ တရားဝင်ခရစ်ယာန်သချိုင်းမြေကွက် တစ်ကွက်တောင်းဆိုရန်အတွက် ခတ္တမန္ဒူတွင် ၁၃ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ကြတယ်။ အဆိုပါ သပိတ်မှောက်မှုမှာ အစိုးရဘက်မှ ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ပိုင်းတွင် ဘာမှဖြစ်မလာသေးပါဘူ။

သင်္ချိုင်းမြေနေရာချထားပေးခြင်းဟာ နိုင်ငံတော်၏တာဝန်မဟုတ်ကြောင်း နီပေါတရားရုံးချုပ်က စီရင်ချက် ချခဲ့ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊SJA

https://bit.ly/3CTmUQN

Add new comment

11 + 2 =