မီးရှို့သတ်ဖြတ်ခံရသည့် ဖရူဆို မှ ကွယ်လွန်သူတို့အတွက် ထိုနေရာတွင် မစ္ဆားဟောခွင့်မရ သာမန်စျာပနာသာပြုနိုင်ခဲ့

မီးရှို့သတ်ဖြတ်ခံရသည့် ဖရူဆို မှ ကွယ်လွန်သူတို့အတွက် ထိုနေရာတွင် မစ္ဆားဟောခွင့်မရ သာမန်စျာပနာသာပြုနိုင်ခဲ့

မီးရှို့သတ်ဖြတ်ခံရသည့် ဖရူဆို မှ ကွယ်လွန်သူတို့အတွက် ထိုနေရာတွင် မစ္ဆားဟောခွင့်မရ သာမန်စျာပနာသာပြုနိုင်ခဲ့

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကရင်နီပြည် ဖရူဆိုဒေသမှာ လူပေါင်း အနည်းဆုံး ၃၅ ယောက် မီးရှို့သတ်ဖြတ်ခံရပြီး သေဆုံးခဲ့သည့် ပြည်သူ ၃၅ ဦးစလုံး၏ ဈာပနအခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စနေနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများကို ထရပ်ကား နှစ်စီးပေါ်တွင် တွေ့ရှိခဲ့သည်ဟုဆိုသည်။ 

မြန်မာနိုင်ငံ တစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက် ကြမ်းကြုတ်သည့်အဖြစ်ကို ပြစ်တင်ရှုတ်ချခဲ့ကြပါသည်။ ကလေး ၄ ဦးနဲ့ Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦး လည်းပါဝင်ပါသည်။
ကုလသမဂ္ဂ လူသားချင်းကူညီမှုဆိုင်ရာ ကိစ္စနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး Martin Griffiths က အရေးပေါ် စုံစမ်းစစ်ဆေးရေး လုပ်မှ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့်နေရာတွင် စကစ ကသေဆုံးသူများ၏ ဆွေမျိူးများအား ရုပ်အလောင်း ကောက်ယူခွင့်ပေးခဲ့သော်လည်း သာသနာဘုန်းတော်ကြီးကိုတော့ ၎င်းနေရာတွင် မစ္ဆားပူဇော်ခြင်း ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သေဆုံးသူများအတွက် ရိုးရှင်းသော စျာပနအခမ်းအနားတစ်ခုကိုသာ ကျင်းပခဲ့ကြရသည်။

ဒေသဆိုင်ရာ လူတစ်ဦးက "စစ်တပ်က သနာညှာတာမှုကင်းမဲ့ပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတယ်" ဟု သတင်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့  အာဏာသိမ်းပြီးနောက်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး ပြည်သူများအကြားနှင့် ဘုရားကျောင်းများကိုပါ တုန်လှုပ်ခြောက်ခြားစေသည်။

အပြစ်မဲ့ပြည်သူများ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသည့်အပေါ်  ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုသည်လည်း  ကန့်ကွက်ခဲ့ပါသည်။

ကာဒီနယ်ချားလ်စ်ဘိုမှ ထပ်မံတောင်းဆိုချက်မှာ တပ်မတော်အနေဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးကြိုးစားဖော်ဆောင်ကြရန် ကျွန်ုပ်တိုက်တွန်းပါသည်ဟု ပြောဆိုထားပါသည်။

ဘာသာပြန်- RVA Myanmar

Photo courtesy of  (AFP or licensors)

ဗာတီကန် သတင်း အရင်းအမြစ်- https://bit.ly/3FMGfoc

Add new comment

19 + 0 =