Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မီဒီယာအသုံးပြု၍ သာသနာပြုခြင်းသည် အရေးပါကြောင်း ကိုဗစ် အချိန်က ပြသခဲ့ပြီဟု ပုပ်ဖရန်စစ်မြွက်ကြား
မီဒီယာအသုံးပြု၍ သာသနာပြုခြင်းသည် အရေးပါကြောင်း ကိုဗစ် အချိန်က ပြသခဲ့ပြီဟု ပုပ်ဖရန်စစ်မြွက်ကြား
ကမ္ဘာ့ကပ်ဘေးကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မဖြစ်မနေ မီဒီယာကို အသုံးပြုကြရသည်ဖြစ်ရာ မီဒီယာအသုံးပြုပြီး သာသနာပြုလုပ်ငန်း လုပ်ဆောင်ခြင်းဟာ အလွန်အရေးပါကြောင်းကို ကိုဗစ်ပြဿနာ အချိန်က သက်သေဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မြွက်ကြားလိုက်ပါတယ်။
ပြီးခဲ့လပိုင်းများအတွင်း အတွေ့အကြုံများဟာ ခပ်ဝေးဝေးနေကြရတဲ့လူတွေအားလုံးကို တစည်းတလုံးထဲဖြစ်စေကာ အမှန်ကိုသိမြင်ဘို့ စိတ်နှလုံးအစုံကို ဖွင့်ဟပေးပြီး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်စွမ်းရှိတယ်လို့ ဂျွန် ၃၀ မှ ဂျုလိုင် ၂ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ကက်သလစ်မီဒီယာသမားများ၏ ညီလာခံမှာအရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလမှာ သတင်းအချက်တွေအချိန်နဲ့ တပြေးညီသိရှိ ဆက်သွယ်နိုင်ဘို့ က မီဒီယာအားဖြင့်သာသနာပြုခြင်းသည်အဓိက သော့ချက်ဖြစ်သည်လို့ အရှင်သူမြတ်ကဆိုပါတယ်။
အထက်က ကက်သလစ်မီဒီယာ ညီလာခံ၏ ဆောင်ပုဒ်ကတော့ "ဝေးနေသော်လည်းအတူရှိမြဲ" ဆိုတဲ့ ဆောင်ပုဒ်ပင်ဖြစ်သည်ဆိုခြင်းကို ANSA သတင်းအရ သိရှိရပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of: The Compass
Add new comment