မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီနှင့်တရားမျှတမူကို မြှင့်တင်ပေးဟုဗာတီပြောကြား

မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီနှင့်တရားမျှတမူကို မြှင့်တင်ပေးဟုဗာတီပြောကြား

ဗာတီကန်အနေဖြင့် သတင်းမီဒီယာလွတ်လပ်စွာစီးဆင်းခွင့်သည် သတင်းနှင့်အချက်အလက်များကို ပွင့်လင်းမြင် သာစွာစီးဆင်းစေခြင်းဖြစ်သည်ဟုဆိုသည်။ ဤသို့စီးဆင်းစေခြင်းဖြင့် ဒီမိုကရေစီစံချိန်စံနှုန်းနှင့်တရားမျှတသောလူမှုအဖွဲ့အစည်း ကိုလည်း မြှင့်တင်ပေးခြင်းဖြစ်သည်ဟုယုံကြည်သည်။ ထို့အတူ တစ်ဦးစီ၏ရှာဖွေမှု၊ လက်ခံမှု အချက် အလက်နှင့်အတွေး အခေါ်များပြန်လည်ဖလှယ်နိုင်သောအခွင့်အရေးကိုလည်း အသားပေးထားသည်။ သတင်းလွတ်လပ်ခွင့်သည် နိုင်ငံရေး အကြောင်းကိစ္စသာမဟုတ်ဘဲ ဘာသာရေး၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကိစ္စများ၌လည်း သတင်းမီဒီယာလွ တ်လပ်ခွင့်ရှိ စေရန် ဗာတီကန်၏ ဥရောပဆိုင်ရာ လုံခြုံရေးနှင့်ပူးတွဲလုပ်ဆောင်မူအဖွဲ့ (OSCE) ကိုယ်စားလှယ် Monsignor Janusz Urbańczyk ကတိုက်တွန်းထားသည်။

ယုံကြည်သူအဖွဲ့အစည်းများ၏ပါ၀င်မှု

OSCE ၏မေလ (၁၃) ရက်နေ့၌ကျင်းပသော ‘သတင်းမီဒီယာလွတ်လပ်မူ’ ဆိုင်ရာအစည်းအဝေး၌ တသီးပုဂ္ဂ လနှင့်အများနှင့်ဆိုင်သောအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များသည် ခရစ်ယာန်၊ ဂျူး၊ မွတ်စလင်နှင့်အခြားသောဘာသာ ၀င်များကို မိမိတို့ဘာသာတရားနှင့်ဆိုင်သောအယူ၀ါဒများထုတ်ဖော်ပြခြင်းမပြုနိုင်ရန် ခြိမ်းခြောက်များ၊ ဟန့်တားမှု များပြုလုပ်လာနေသည်။ ဤသည်းမခံနိုင်သောအခြေအနေသည် ရေရှည်၌ ‘အမုန်းတရားများ (သို့) အမုန်းစကားများ’ ကို မွေးဖွားစေကာ နောက်ဆုံး၌ဘာသာရေးကိုအမုန်းပွားလာကြသည်။ ဘာသာရေးကိုပြဿနာဟုသတ်မှတ်လာကြသည်။

အမှန်ဆိုသော် သတင်းမီဒီယာအနေဖြင့် ဤသို့အလွဲများကိုဖန်တီးပုံဖော်နေခြင်းထက် ဘာသာရေးအပါအ၀င် အခြားကိစ္စများကိုလည်း အားပေးအားမြောက်ပြု ကာကျယ်ကျယ်ပြန့်ပြန့်အမြင်ဖွင့်ပေးသင့်သည်။ ဤသို့ပြုလုပ်ခြင်း အားဖြင့် မတူညီသောလူမှုအသိုင်းအဝိုင်း၊ အယူအဆရှိသူများနှင့်အတွေးအမြင်ဖလှယ်နိုင်ကြမည်ဖြစ်သည်။ အပေါင်း လက္ခဏာဆောင်သောအကျိုးကိုများစွာကိုရရှိစေလာမည်။ OSCE အဖွဲ့အစည်းအနေဖြင့် ဘာသာရေးအသင်းအဖွဲ့များ အား လူထုနှင့်တွေ့ဆုံဆွေးနွေးမှုများ၌ပါ၀င်ကြရန် အားပေးတိုက်တွန်းပါသည်။ သို့မှသာ လက်ရှိဖြစ်ပွားနေသောအခြေ အနေကို မတူညီသောလူမှုရေး၊ ဘာသာရေး၊ ကျင့်၀တ်အတွေးအမြင်များဖြင့် တင်ပြဆွေးနွေးကြရန်အားပေးရမည်။

ဗာတီကန်၏ကိုယ်စားလှယ်ဖြစ်သော ကာဒီနယ်သည်ဆက်လက်၍ လွှတ်လပ်စွာဖော်ထုတ်ခွင့်ရှိခြင်းသည် တာ ၀န်ခံမှုကိုလစ်လျူရူထား၍မရသောဒွန်တွဲပါသည့်တာ၀န်တစ်ရပ်ဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ၌ ဘာ မပြောဆိုတတ်၊ မကာကွယ်တတ်သေး၊ မကာကွယ်နိုင်သေးသောက လေးသူငယ်များ၏ကိစ္စနှင့်ပတ်သက်၍ပိုမိုရှိသင့်လှ သည်။ လူသားနှင့်လူမှုအသိုင်းအဝိုင်းများသည် လူမှုကွန်ရက်၏အဓိကဦးတည်ချက်နှင့်ရည်ရွယ်ရာနေရာဖြစ်ရမည်။ မီ ဒီယာသည် အသုံးခံတန်ဆာများဖြစ်သည်။ လူသားများ၏ဘက်စုံလွမ်းခြုံသောဖွံ့ဖြိုးမှုအတွက်အသုံးပြုရမည်ဖြစ်သည်။

ဤသို့ဆို၍ သတင်းအတုများ၊ သတင်းအမှား၊ မဟုတ်မမှန်သောသတင်းများလည်းလူမှုကွန်ရက်တွင်ပျံ့နှံ့နေ သောကြောင့်သတိပြုသင့်လှသည်။ သတင်းနှင့်ဓာတ်ပုံများပင်လျင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အလွယ်တကူတလွဲ အသုံးချခံရတတ်သည်။ အင်တာနက်ကိုကြောက်စရာအဖြစ်မဟုတ်သော်လည်း စီစစ်၍ အကြောင်းအရာတစ်ခုကိုပို့သည့် ဖြစ်စေ၊ လက်ခံရရှိသည်ဖြစ်စေ တာ၀န်ခံမှုရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးလည်း ပြန်လည်ဖြန့်ဝေမှု၊ ချိပ်ဆက်မှုအားလုံးအတွက် တာ၀န်ယူရမည်ဖြစ်သည်။

ဗာတီကန်၏ကိုယ်စာလှယ်က OSCE အဖွဲ့ကိုလည်း သတင်းမီဒီယာလွတ်လပ်မှုနှင့်အတူ အမျိုးသမီးများကို လည်း သတင်းမီဒီယာလုပ်ငန်းများ၌ တူညီသောအခွင့်အလမ်းကိုပေးရန်၊ ထို့အတူ သတင်းသမားများ၏ဘေးကင်းလုံခြုံ ရေးကိုလည်းမြှင့်တင်လုပ်ဆောင်ရန်၊ အထူးသဖြင့်အမျိုးသမီးသတင်းသမားများကို နည်းလမ်းမျိုးစုံဖြင့်အကြမ်းဖက်မှုကို ဟန့်တားကာကွယ်ရန်၊ အမျိုးသမီးတို့၏ပက်သက်ပါ၀င်ခြင်းနှင့်ပါ၀င်လာရန်အားပေးခြင်းသည် ယဉ်ကျေးမှုတိုင်း၊ လူမှုအသင်းအဖွဲ့တိုင်း၊ နိုင်ငံရေးအခင်း အကျင်းများ၊ လူမူနေ့စဉ်ဘ၀၌လည်းအရေးကြီးကြောင်းကို ကျွန်ုပ်တို့အားလုံး အသိအမှတ်ပြုရမည်ဟုပြောဆိုတိုက်တွန်းခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

#rvamyanmar #rvapastoralcare

https://bit.ly/3oSTvjA

Add new comment

3 + 12 =