မီချီဂန်ရှိဘုရားကျောင်းဆောင်ငယ်ကို ဖာတီမာမယ်တော် ဘွဲ့နာမသတ်မှတ်

မီချီဂန်ရှိဘုရားကျောင်းဆောင်ငယ်ကို ဖာတီမာမယ်တော် ဘွဲ့နာမသတ်မှတ်

မီချီဂန်ရှိဘုရားကျောင်းဆောင်ငယ်ကို ဖာတီမာမယ်တော် ဘွဲ့နာမသတ်မှတ်

Detroitသာသနာမှ ဂိုဏ်းချုပ်ဆရာတော် Archbishop Allen H. Vigranonသည် လွန်ခဲ့သောအပတ်အတွင်း ဘုရားကျောင်းဆောင်တစ်ခုကို ဖာတီမာမယ်တော်သခင်မ၏အမည်နာမခံယူကာ ရေးဆွဲ​ပြင်ဆင်ပြီးကြောင်း ကြေညာခဲ့သည်။

Michigan, Riverviewတွင် ဘုရားကျောင်းချာပယ်တစ်ဆောင်နှင့် စာအုပ်ဆိုင်ကို ထိုသာသနာရှိ ဖာတီမာသခင်မ၏တမန်တော်များအဖွဲ့က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့အစည်းသည် ဖာတီမာမယ်တော်၏သတင်းစကားများကို ဖြန့်ဝေကြေညာသောသူများဖြစ်ကြသည်။ ဆရာတော်ကြီးက ဤနေရာသည် သာသနာလုံးဆိုင်ရာ မယ်တော်ဘုရားဖူးဌာနဖြစ်လာမည်ဖြစ်ပြီး ငြိမ်းချမ်းခြင်းနှင့်စစ်မှန်သောပျော်ရွှင်ခြင်းကို ရှာဖွေသောသူများကို ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။

ကက်သလစ်သာသနာတော်တွင် ဖာတီမာမယ်တော်အား သဒ္ဒါကြည်ညိုခြင်းသည် ၁၉၁၇တွင် စတင်ခဲ့သည်။ ထိုနှစ်တွင် မယ်တော်သည် ပေါ်တူဂီနိုင်ငံ၊ဖာတီမာတွင် သိုးကျောင်းသားကလေးငယ်သုံးဦးကို ထင်ရှားပြခြင်းမှ စတင်ခဲ့သည်။ယခုနှစ် အောက်တိုဘာ၁၃သည် ဖာတီမာမယ်တော်ပွဲဖြစ်ပြီး နေမင်းကြီးလက္ခဏာပြသည့် ၁၀၃ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။ ထိုနေ့က နေမင်းကြီးသည် ပရိသတ်၇၀၀၀၀မျက်မှောက်တွင် ကခုန်ခြင်း၊အရောင်ပြောင်းခြင်း၊ရောင်ခြည်လွှတ်ခြင်းတို့ဖြင့် မယ်တော်အမှန်တကယ်ထင်ရှားပြကြောင်း လက္ခဏာပြခဲ့လေသည်။

ယခု ဘုရားဖူးဌာနငယ်တွင် သိုးကျောင်းသားရဟန္တာသုံးဦး၏ဓာတ်တော်မွေတော်များကို ဖူးမျော်နိုင်ပြီး မစ္ဆားတရားလည်း တက်ရောက်နိုင်မည်။ထို့အပြင် ဆေးရေးပန်းချီလက်ရာ ပြတင်းပေါက်များလည်း လေ့လာနိုင်ပြီး မယ်တော်၏သက်ရှိကဲ့သို့ လက်ရာမြောက်စွာ ထုလုပ်ပူဇော်သည့် ဆင်းတုတော်ကိုပါ ဖူးမြင်ရမည်ဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

photo courtesy of: Shutterstock

https://bit.ly/3499ukR

Add new comment

1 + 9 =