မိသားစုများ၏နှစ်တွင် မိခင်၊ဖခင်များအား ကူညီလုပ်ကိုင်ပေးခြင်းများ ပိုမိုများပြားလာစေရန် ဗာတီကန်အလိုရှိ

မိသားစုများ၏နှစ်တွင် မိခင်၊ဖခင်များအား ကူညီလုပ်ကိုင်ပေးခြင်းများ ပိုမိုများပြားလာစေရန် ဗာတီကန်အလိုရှိ

မိသားစုများ၏နှစ်တွင် မိခင်၊ဖခင်များအား ကူညီလုပ်ကိုင်ပေးခြင်းများ ပိုမိုများပြားလာစေရန် ဗာတီကန်အလိုရှိ
       

       “Amoris Laetitia” “ချစ်ခြင်းမေတ္တာ၏ဝမ်းမြောက်ခြင်း”ဟု အမည်ရှိသည့် ရဟန်းမင်းကြီး အရှင်သူမြတ်၏ စာချွန်တော်သည် ငါးနှစ်ပြည့်ပြီဖြစ်ပြီး မိသားစုများ၏နှစ်သည် မနက်ဖြန်တွင် စတင်မည်ဖြစ်သည်။
        ယခုကဲ့သို့ သတ်မှတ်ခြင်းတွင် အဓိကတာဝန်ရှိသည့် ပုဂ္ဂိုလ်နှစ်ဦးဖြစ်သော ကာဒီနယ် Kevin Farrellမှ  “ယခုနှစ်သည် သာသနာတော်အတွက် မိသားစုများနှင့် ပိုမိုနီးကပ်စေရန် အခွင့်အရေးဖြစ်သကဲ့သို့ သူတို့ဒုက္ခရောက်နေချိန်တွင် သူတို့နှင့်အတူရှိကာ သူတို့၏ပြဿနာများအား နားထောင်ပေးပြီး သူတို့၏နေ့စဉ်ဘဝအသက်တာတွင် ချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ရန် သာသနာပြုခြင်းကို လုပ်ဆောင်ရန်အတွက် အခွင့်အရေးလည်းဖြစ်သည်။”ဟု
ပြောဆိုခဲ့သည်။
        သာမာန်လူများနှင့်မိသားစုများအတွက် ရဟန်းမင်းကြီးရုံးတော်၏ အကြီးအကဲဖြစ်သော Gabriella Gambinoမှ “မိသားစုများနှင့် ပတ်သက်ပြီး ရဟန်းမင်းကြီး၏ စာချွန်တော်ဖြစ်သော ချစ်ခြင်းမေတ္တာ၏ဝမ်းမြောက်ခြင်းဟူသည် ကျရှုံးမှုနှင့် တွေ့ကြုံနေရချိန်များတွင် အကူအညီပေးမပေးကို မေးခွန်းထုတ်နေခြင်းမဟုတ်ဘဲ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးနှင့်ခရစ်ယာန်မိသားစုများ၏ လှပခြင်းကို ဖော်ပြသော လုပ်ဆောင်ခြင်းမျိုး
လုပ်ဆောင်ရန်ဖြစ်သည်။ ၎င်းကို ကလေးသူငယ်များနှင့် ငယ်ရွယ်သူများတွေ့မြင်ပြီး လက်ထပ်ထိမ်းမြားခြင်း လက်ဆောင်ကို နှစ်သက်သဘောကျစိတ်
ဖြစ်ပေါ်စေရန်လည်းလိုကြောင်း” ပြောဆိုခဲ့သည်။

      “ကျွန်ုပ်တို့၏ ဓလေ့ထုံးတမ်းများ၊ လူနေမှုပုံစံများ၊ သွားလာလှုပ်ရှားမှုများ၊ ဘာသာစကားများနှင့် သာသနာတော်၏ ဖွဲ့စည်းပုံများသည် မိသားစုများ၏ဘဝအသက်တာနှင့် ဆီလျော်အောင် ပြုပြင်ပြောင်းလဲပြီလား”ဟူသော မေးခွန်းကိုလည်း ပြန်လည်ဆန်းစစ်ရန်လိုကြောင်းလည်း ပြောဆိုခဲ့ပြီး လာမည့်နှစ် ဂျွန်လတွင် ပြုလုပ်မည့် ကမ္ဘာတစ်ဝှမ်းမှမိသားစုများ ရောမမြို့တွင် တွေ့ဆုံခြင်းအတွက်လက်ရှိတွင် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ပြောဆိုခဲ့သေးသည်။

ဘာသာပြန်- ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင် 

Photo courtesy of: Rome Reports/Google images 

https://bit.ly/3r7Yqwy

Add new comment

4 + 15 =