မိသားစုတစ်စုတည်းမှ မွေးချင်း (၃) ယောက် ရဟန်းဘောင်နှင့်သူတော်စင်ဘောင်သို့၀င်ရောက်ခဲ့

မိသားစုတစ်စုတည်းမှ မွေးချင်း (၃) ယောက် ရဟန်းဘောင်နှင့်သူတော်စင်ဘောင်သို့၀င်ရောက်ခဲ့

            ပုံတွင်မြင်တွေ့ရသော အလယ်မှ ဖာသာရ် Frassati Davis, O.P သည် ဒိုမီနီကန် အသင်း၀င် ရဟန်းတစ်ပါး ဖြစ်သည်။ သူသည် ယခုနှစ်မေလ (၂၂) ရက်နေ့က သူနှင့်အတူ အခြားသောသူငယ်ချင်း (၄) ဦးနှင့်ရဟန်းသိက္ခာခံ ယူခဲ့သည်။

သူ၏ညီအရင်း ဖာသာရ် Tony Davis သည် သူ့ထက်တစ်ပတ်စော၍ Denver ဂိုဏ်းချုပ် သာ သနာ၌ ရဟန်းသိက္ခာခံခဲ့သည်။ ထို့ကြောင့် သူ့ထက်ဆံတစ်ဖျားသာ ရဟန်းသိက္ခာစော၍ရခဲ့သည်။ ၄င်းတို့၏မွေးချင်းတစ်ဦး ဖြစ်သောစစ္စတာရ် Kara Davis, D.C သည်လည်း ချီကာဂိုရှိ ‘စိန့်ဗင်းဆင်း ဒီပေါလ်၏သမီးများ (သို့) ကရုဏာရေး ၏သမီးများ’ ဟု ခေါ်သောအသင်း၏သင်တန်းကျောင်း၌ သီလရှင်ဖြစ်ရန်ပုံသွင်းပုံလောင်းခြင်းကိုခံယူလျှက်ရှိသည်။    

             ဖာသာရ် Frassati အနေဖြင့် မွေးချင်း (၄) ယောက်ရှိသည့်အနက် (၃) ယောက်မှာ ခရစ်ယာန် အသက်တာ၏ ပိုမိုပြည်၀စုံလင်သောအသက်တာကိုခံယူရန်အတွက် ရဟန်းအသက်တာနှင့် သုံးပါး သစ္စာရှင်ဘ၀ ကိုခံယူကြ၍ ကျေးဇူး တင်သကဲ့သို့၊ ဤကျေးဇူး တော်သည် ဆေးကြောခြင်းမင်္ဂလာ တော်မြတ်အားဖြင့် လူတိုင်းအားပေးထားသော လွတ် လပ်သည့်ခေါ်တော်မူခြင်းဖြစ်သည်။ သူနှင့်သူ၏ညီနှင့်ညီမတို့သည် ဤခေါ်တော်မူခြင်းကို အလေးအနက်ထားဆင် ခြင်ပြီး၊ ပြတ်သားစွာရွေးချယ်ခဲ့သည့် ပြယုဒ်တစ်ခုသာဖြစ်ပါသည်။    

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ် 

https://bit.ly/3Avattp

Add new comment

1 + 4 =