မိမိတက်ရောက်ကုသမှုခံယူခဲ့သောဆေးရုံအားပုပ်ဖရန်စစ်ကျေးဇူးတင်

မိမိတက်ရောက်ကုသမှုခံယူခဲ့သောဆေးရုံအားပုပ်ဖရန်စစ်ကျေးဇူးတင်

မိမိတက်ရောက်ကုသမှုခံယူခဲ့သောဆေးရုံအားပုပ်ဖရန်စစ်ကျေးဇူးတင်

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ မကြာသေးမှီ နှစ်ပတ်ခန့် က အူလမ်းကြောင်း ခွဲစိပ်ကုသမှုခံယူခဲ့ပြီး မိမိတက်ရောက်ကုသမှုခံယူခဲ့တဲ့ ဂျယ်မာ့လီ ဆေးရုံအား ကျွန်ုပ်အိမ် လိုပဲနွေးထွေးလှပါတယ် ဟုဆိုကာ ဤနေ့ တနလ်လာနေ့မှာ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

အထက်ပါဆေးရုံအုပ်ဖြစ်တဲ့ Carlo Fratta Pasini ထံ “လှိုက်လှဲစွာကြိုဆိုမှု၊ ဂရုတစိုက်ပြုစုကုသပေးမှုတွေဟာ ကျွန်ုပ်အိမ်မှာနေရသလိုပဲနွေးထွေးမှုရှိလှပါတယ်လို့ ဆိုပြီးစာရေးသားကျေးဇူးတင်ခဲ့တာဖြစ်ပါတယ်။

ဂျယ်မာ့လီဆေးရုံဟာဆိုရင် ပုပ်ရဟန်းမင်းကြီးတွေ ပုံမှန်အားဖြင့်တက်ရောက်ကုသမှုခံယူတဲ့ဆေးရုံဖြစ်ပြီး ပုပ်ဂျွန်ပေါလ် ၂ ဟာလည်း ဒီဆေးရုံမှာပဲ အကြိမ်ကြိမ် ခွဲစိပ်ကုသမှုခံယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

 ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/36IwXKh

Add new comment

4 + 0 =