မိမိကလေး အသက်ဆုံးရှုံးသွားသော်လည်း မိခင်သည်ခွင့်လွှတ်ခြင်းပြနိုင်သည်ကို မျက်မြင်သက်သေများအံ့အားသင့်ခဲ့ကြ

မိမိကလေး အသက်ဆုံးရှုံးသွားသော်လည်း မိခင်သည်ခွင့်လွှတ်ခြင်းပြနိုင်သည်ကို မျက်မြင်သက်သေများအံ့အားသင့်ခဲ့ကြ

မိမိကလေး အသက်ဆုံးရှုံးသွားသော်လည်း မိခင်သည်ခွင့်လွှတ်ခြင်းပြနိုင်သည်ကို မျက်မြင်သက်သေများအံ့အားသင့်ခဲ့ကြ

အနိဌာရုံကြား၌ယုံကြည်ခြင်းရောင်ခြည်ထွန်းလင်းခြင်း

ကျောင်းသားမိဘတစ်ဦးက ကျောင်းသားများစုပုံနေရာဆီသို့ကားဖြင့် မတော်တဆ၀င်တိုက်မိရာ ကျောင်းသား တစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်။ ထိုကျောင်းသည် စပိန်နိုင်ငံ၏မြို့တော် မာဒရစ်မြို့မှကက်သလစ်အမျိုးသမီးကျောင်း ဖြစ်သည်။ ထိုရင်နစ်စရာအဖြစ်အပျက်ကို ရန်ဖြင့်တုန့်ပြန်မည့်အစား ယုံကြည်ခြင်းပြည့်၀စွာဖြင့်တုန့်ပြန်လိုက်သောလုပ် ရပ်မှာ အားလုံးကိုအံ့အားသင့်သွားစေခဲ့သည်။

ထိုအခင်းသည် ကြာသပတေးနေ့၊ Montealto ကျောင်း၌ဖြစ်ပွားခဲ့သည်။ ကျောင်းသားမိဘတစ်ဦးသည် သူ၏ကားကိုရပ်နားရန်ပြုလုပ်နေစဉ် ယာဉ်မဆော်တဆဖြစ်ကာ ကျောင်းသူသုံးဦးအား တိုက်မိသွားသည်။ ထိုကျောင်းသူများမှာ အသက် (၁၂၊ ၁၀၊ ၅) နှစ်အသီးသီးရှိကြသည်။ ၄င်းတို့ (၃) ယောက်အနက် အသက်အငယ်ဆုံးမှာ သေဆုံးသွားခဲ့ပြီး၊ ကျန် (၂) ယောက်မှာ အလွန်စိုးရိမ်ရသောအခြေအနေ၌ရှိနေသည်။ သေဆုံးသွား သောကျောင်းသူလေး၏မိခင်သည် သူ့သမီးလေး၏အသက်ကိုမှီလိုက်ပြီး၊ ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားကာ သူ့ကိုချစ် ကြောင်းများပြော၍အားပေးဖြောင့်ဖျရှာသည်။

ထိုမြင်ကွင်းကိုတွေ့လိုက်ရသော အခြားသောကျောင်းသူများမှာ ကျောင်း၏၀ိညာဉ်ရေးတာ၀န်ခံဘုန်းတော်ကြီး ထံသို့ပြေးသွား၍အကြောင်းသွားကြားလေ၏။ ဘုန်းတော်ကြီးသည်လည်းအချိန်မှီရောက်ရှိလာပြီး၊ ကက်သလစ်ခရစ် ယာန်တို့၏ အသည်းအသန်ဖြစ်သောအခါ ကျင်းပပေးရသော ကျန်းမာခြင်းစက္ကရာမင်းတူကိုကျင်းပပေးခဲ့သည်။ ကျောင်း သူလေးသည် ကောင်းကင်ခရီးဆီသို့ဦးတည်နေပြီဖြစ်နေချိန်၌ ထိုကလေးမိခင်က ကားဖြင့်တိုက်မိ၍ ယူကျုံးမရဖြစ်နေသော ထိုကလေးမိဘ ထံသို့သွား၍ မကြောက်ရန်၊ မစိုးရိမ်ရန်ပခုံးဖက်၍သွားရောက်အားပေးလိုက်သည်။ ထိုယာဉ်တိုက်မှုသည် တစ်နေ့တာ၏ နောက်ဆုံးအချိန်၌ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်ကို ကျောင်းသူများနှင့်မိဘများကမျက်မြင်သက်သေရှိနေသည်။

Montealto ‌ကျောင်း၌ Opus Dei မှဘုန်းတော်ကြီးအား ၀ိညာဉ်ရေး၀တ္တရားဖြည့်ဆည်းပေးသော ဘုန်းတော် ကြီးအဖြစ်ခန့်ပေးထားသည်။ အနီးအနားရှိသူများသည် အခင်းဖြစ်ပွားသည်ကိုမြင်လိုက်ရသည်နှင့်ချက်ချင်းပင် အချို့က ရှေ့ဦးသူနာပြုစုနည်းများဖြင့်ပြုစုကြသည်။ အချို့သည် လူနာတင်ယာဉ်ကိုလှမ်းအကြောင်းကြားသည်။ အချို့က နီးစပ် ရာဆေးရုံသို့ပြေး၍ ဆရာ၀န်များကိုသွားရောက်ခေါ်ကြသည်။
မျက်မြင်သက်သေမိဘများက ယာဉ်တိုက်ခံရ၍ အသက် ဆုံးရှုံးခဲ့သော ကလေးမိဘ၏ပြုမူပုံကိုကြည့်၍ အံ့အားသင့်နေကြသည်။ ယာဉ်တိုက်မှုကျူးထားသူမှာမျက်နှာပင်မမောရဲ အောင်ဖြစ်နေရရှာသည်။ ချက်ချင်းပင် ကျောင်းသားမိဘနှင့်ကျောင်းသူများက စိတ်ပုတီးကိုစတင်လိုက်ကြသည်။ မာဒရစ်မှဂိုဏ်းချုပ်ဆရာတော်က ကလေးဆုံးရှုံးလိုက်ရသောမိသားစုအား ကိုယ်တိုင်၀မ်းနည်းကြောင်းဆုမွန်ချွေ၍ စာတစ် စောင်ရေးသားပေးပို့ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးလေးအတွက်၀မ်းနည်း သည့်အထိမ်းအမှတ်ဖြင့် သောကြာနေ့၌ ကျောင်းပိတ်မည်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးပြုလုပ်ပေးနိုင်သည်မှာ ‘ဆု တောင်းခြင်း’ ကိုပြုနိုင်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/31KTmY6

 

Add new comment

2 + 0 =