Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မိဘများနှင့်ခွဲ၍ဒုက္ခသည်စခန်းသို့သွားရမည့်မောင်နှမ (၄) ယောက်ကိုရဟန်းမင်းကြီးဖရန်စစ် အားပေးနှစ်သိမ့်
မိဘများနှင့်ခွဲ၍ဒုက္ခသည်စခန်းသို့သွားရမည့်မောင်နှမ (၄) ယောက်ကိုရဟန်းမင်းကြီးဖရန်စစ် အားပေးနှစ်သိမ့်
ရဟန်းမင်းကြီးဖရန်စစ်သည်ဒုက္ခသည်များရှိရာသို့လာရောက်ပြီး နှုတ်ဆက်အားပေးခဲ့သည်။ ထိုနေရာ၌ခန့်မှန်းခြေ အိုးမဲ့အိမ်မဲ့ဒုက္ခသည် (၁၀၀) ခန့်ရှိမည်ဖြစ်သည်။ ထိုသို့ရဟန်း မင်းကြီးကြွရောက်နှုတ်ဆက်သည်ကို မှတ်တမ်းဗွီဒီယိုရိုက် ကူးထားခဲ့သည်။
ရဟန်းမင်းကြီးသည် ဒုက္ခသည်များအား ပြီးခဲ့သောတနင်္လာနေ့ကလာရောက်တွေ့ဆုံနှု တ်ဆက်အား ပေးခဲ့သည်။
ဤဒုက္ခသည်များအနက် အာဖဂန်မှ မောင်နှမ (၄) ယောက်လည်းပါပြီး၊ ၄င်းတို့၏ အသက်မှာ (၁၄) နှစ်မှ (၂၀) ကြားရှိသည်။ ၄င်းတို့သည် ဆန်အီဂျီးဒီယိုကက်သလစ်ဘာသာ တူများ အသင်းအဖွဲ့၏ကူညီပေးမှုဖြင့် အာဖဂန်မှအီတလီသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အား ဦးလေးဖြစ်သူမှ စောင့်ရှောက်ထားပြီး၊ ဦးလေးဖြစ်သူသည်လည်း အီတလီသို့ လွန်ခဲ့သောနှစ်အနည်းငယ်ကပြောင်းရွှေ့ရောက်ရှိနေခြင်းဖြစ်သည်။ ဤမောင်နှ (၄) ယောက် တို့သည် ၄င်းတို့၏မိ ဘများကိုအီရတ်ဒုက္ခသည်စခန်း၌ချန်ထားခဲ့ပြီး ထွက်လာခဲ့ရသည်။
၄င်းတို့ (၄) ယောက်အနက်အကြီးဆုံးဖြစ်သော Bismillah က ယခုကဲ့သို့ ရဟန် မင်းကြီး၏ နွေးထွေးစွာကြို ဆိုခံရမှု၊ ၄င်းတို့၏ခံစားချက်ကိုနားထောင်ပေးမှုနှင့်နားလည်မှု များစွာပေးမှုသည် အလွန်အရေးကြီးကြောင်း၊ ရဟန်းမင်း ကြီးရှိနေခြင်းသည် အနာဂါတ် မျက်နှာစာ၌ ၄င်းတို့အားမျှော်လင့်ချက်အသစ်ကိုပေးကြောင်းပြောကြားခဲ့သည်။
ဒုက္ခ သည်များနှင့်တွေ့ဆုံမှုကို Laudato Si’ Foundation အဖွဲ့အစည်းကစီစဉ်ခြင်း ဖြစ်ကြောင်း၊ ဒါရိုက်တာမှာ Evgeny Afineevsky ဖြစ်ကြောင်း ဗာတီကန်သတင်းဌာန၏ ညွှန်ကြားရေးမှူး Matteo Bruni ကရှင်းပြခဲ့သည်။
ဒုက္ခသည်များအား ရဟန်းမင်းကြီး၏အားပေးနှစ်သိမ့်မှု
ရဟန်းမင်းကြီးသည် ဒုက္ခသည်များရှိရာသို့ရောက်ရှိလာပြီး၊ ကြည့်ရှုခဲ့သည်။ ထိုမောင် နှမ (၄) ယောက်မှာ အာဖဂန်မှ ပြီးခဲ့သောရက်သတ္တပတ်များ၌အီတလီသို့ ရောက်လာသည့် ဒုက္ခသည် (၂၀) ဦးများထဲမှဖြစ်သည်။ ၄င်းတို့အားမေတ္တာပြည့်နေသောစကားများ ဖြင့် အားပေးနှစ်သိမ့်ခဲ့သည်။ ဒုက္ခသည်များနှင့်တွေ့ဆုံပြီးနောက် ရဟန်းမင်းကြီးသည် သီတင်းသုံးရာ ဆန်တာမားတာကျောင်းတိုက်သို့ပြန်ကြွသွားခဲ့သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment