မိဘနှစ်ပါးမှာ ကက်သလစ်ဘာသာဝင်များမဟုတ်သည့်တို်င် သားရတနာမှာ ကက်သလစ်ရဟန်းတစ်ပါးအဖြစ် ထာဝရ ရဟန်းသိက္ခာကိုခံယူခြင်းသတင်း

မိဘနှစ်ပါးမှာ ကက်သလစ်ဘာသာဝင်များမဟုတ်သည့်တို်င် သားရတနာမှာ ကက်သလစ်ရဟန်းတစ်ပါးအဖြစ် ထာဝရ ရဟန်းသိက္ခာကိုခံယူခြင်းသတင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး နီကောလားစ်မန်ထန်းလက်တော်မှ ဦးပဥ္စင်းကြီး ယောဟန်လောကီးသည် ( ၃၀ မေ ၂၀၁၈)ရက်နေ့က မင်းတပ်မြို့ ယေဇူးရွှေနှလုံးတော် စီရင်စု ဘုရားကျောင်းတွင် စိန်ထရေဇားလမ်းစဉ်သွယ်သာသနာပြုအသင်းဂိုဏ်းဝင်အဖြစ် ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့ပါသည်။

ရဟန်းသိက္ခာအခမ်းအနားတွင် ကလေးဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဖဲလစ် လှန်ခိန်းထန် ၊ တောင်ကြီးသာသနာမှ ဆရာတော်ကြီး မာတီးယားဦးရွှေ၊နှင့် အနယ်နယ်အရပ်ရပ်ရှိ ဂိုဏ်းအသီးသီးမှ ဘုန်းတော်ကြီးများ သီလရှင်များ၊ကိုရင်များ၊ဓမ္မမိတ်ဆွေများနှင့် ဆွေမျိုးများပါဝင်ခဲ့ပါသည်။

သိက္ခာတင်ပွဲတွင် ဆရာတော်ကြီးနီကောလာစ်းမန်ထန်းမှ မြွတ်ကြားရာတွင် သိက္ခာခံယူမည့် ဦးပဥ္စင်းကြီးရဲ့ မိဘနှစ်ပါးမှာ ယုံကြည်သူများမဟုတ်သည့်တိုင် သားသမီး (၇)ဦးရှိသည့်အထဲမှ ပဥ္စမမြောက်သားရတနာကို ဘုရားသခင်အားဆက်ကပ်ပေးသည့်အတွက် အလွန်အင်မတန်ကြည်နူးစရာနေ့တစ်နေ့ဖြစ်ကြောင်း၊ ဆက်လက်ပြီးမှ ခေါ်တော်မူခြင်းကို အဆုံးတို်င်လျှောက်လှမ်းနိုင်အောင် ဝိုင်းဝန်းဆုတောင်းပေးကြဖို့လိုအပ်ကြောင်း၊ မိဘတိုင်း မိမိသားသမီများ ခေါ်တော်မူခြင်း ခံရဖို့ အထူးဆုတောင်းပေးကြဖို့လိုအပ်ကြောင်း၊ လူတို်င်းလူတိုင်းလဲ ရဟန္တာဖြစ်နိုင်ကြောင်း ၊ဘုရားသခင်ဟာ မေတ္တာစေတနာကြီးမားကြောင်း၊မိသားစုများအနေဖြင့် အားရစရာကောင်းလောက်အောင် အသင်းတော်ကြီးထဲမှာ မိသားစုထဲကနေ ဘုရားသခင်ရဲ့ ကိုယ်စား ၊ကိုယ်ပွား မွေးထုတ်နိုင်ခြင်းဟာ  ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ များကို မြွတ်ကြားခဲ့ပါသည်။

ဘုန်းတော်ကြီး ယောဟန်လောကီးမှလည်း ကျေးဇူးတင်ရင်တွင်းစကားပြောကြားရာတွင် “ပထမဦးစွာ အဖဘုရားသခင်၊အမိမယ်တော်၊ရဟန္တာယောဟန်နှင့် ရဟန္တာမလေးစိန်ထရေဇားတို့ကို ကျေးဇူးတင်ကြောင်း၊ ၎င်းတို့ကိုယ်တိုင်မှာ ကက်သလစ်ဘာသာဝင်များမဟုုတ်သည့်တို်င် ကက်သ လစ် ရဟန်းတစ်ပါး ပြုလုပ်ရန်ခွင့်ပြုပေးခဲ့ကြသည့် မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများအားလည်းအထူပင်ကျေးဇူးတင်ကြောင်း၊ နှင့် ရဟန်းတစ်ပါးဖြစ်လာရန် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပ့ံပိုးပေးသူများနှင့်ဆုတောင်းပေးကြသူများအားလုံးနှင့် ရဟန်းသိက္ခာကို တင်ပေးခဲ့သော ဆရာတော်ကြီးများနှင့် ယေဇူးရွှေနှလုံးတော်စီရင်စုမှ ပွဲဖြစ်မြောက်ရေးအတွက်် နေ့မအားညမနားကြိုးစားကာ လုပ်အားပေးခဲ့ကြသော ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်တကွ ဘာသာတူမိတ်ဆွေများအားလုံးနှင့်ကျေးဇူးရှင်များအားလုံးအားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါ

သည်။

ဘုန်းတော်ကြီး ယောဟန်လောကီး ကို အဖ ဦးဂေဟာ  အမိ ဒေါ်ထန်းရောင်တို့ မှ  ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ တိုက်နယ် အမှတ်(၂) ယောချောင်းတိုက်နယ် ဟုန်းသာ ရွာတွင် မွေးဖွားခဲ့ပါသည်။မွေးချင်းညီအစ်ကိုမောင်နှမ (၇) ခုနှစ်ဦးရှိသည့်အနက် ပဥ္စမမြောက် သားရတနာဖြစ်ပါသည်။(၂၀၁၈)ခုနှစ် မတ်လ(၁၉)ရက်နေ့က တောင်ကြီး ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ဘာစီးလီယို အားသိုက်လက်တော်မှ ဦးပဥ္စင်းကြီး သိက္ခာကို ခံယူခဲ့ပါပြီး (၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့က မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး နီကောလာစ်းမန်ထန်းလက်တော်မှ ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့ခြင်းဖြစ်ပါသည်။

Pinky ( Mdy-OSC)