မိဘတို့၏ယုံကြည်ခြင်းအမွေအကြောင်း ပြောပြလာသောသမီးတစ်ဦး

မိဘတို့၏ယုံကြည်ခြင်းအမွေအကြောင်း ပြောပြလာသောသမီးတစ်ဦး

မိဘတို့၏ယုံကြည်ခြင်းအမွေအကြောင်း ပြောပြလာသောသမီးတစ်ဦး

            သူ၏အမည်ကားဟု Sara Capobianchi ခေါ်သည်။ သူသည်မိဘများထံမှရရှိခဲ့သော ယုံကြည်ခြင်းအမွေများအတွက်ကျေးဇူးတင်နေသည်။ သူသည် ဖခင်သက်ရှိထင်ရှားရှိနေစဉ်ကပင် ‘ဖေဖေ၊ ထာ၀ရအသက်ကို ယုံကြည်လား’ ဟု‌မေးခဲ့ကြောင်း တွေ့ဆုံမေးမြန်းစဉ်၌ဖြေကြားလာပါသည်။ မိဘများမှာ Fausto နှင့် Fiorella တို့ဖြစ်ကြသည်။ သူ့အားမေးမြန်းချက်ကို Sara ကပြန်လည်ဖြေကြားခဲ့သည်။ ဤသို့ဖြေကြားခြင်းကိုအီး မေးလ်ဖြင့်အမေးအဖြေကဲ့သို့ပြုလုပ်ပေးခဲ့သည်။

မေး။ ။ ဆာရားရေ၊ ကိုယ်ကိုယ်ကိုမိတ်ဆက်ပေးပါလား။

ဆာရား။ ။ ကျွန်မက ‘ဆာရား’ ပါ။ အသက်ကတော့ (၃၀) ပါ။ မောင်နှမ (၃) ယောက်ထဲက ဒု တိယကလေးပါ။ ကျွန်မကစာတိုက်၀န်ထမ်းဖြစ်ပြီး၊ ဘာသာစကားနဲ့ကျောင်းပြီးထားသူပါ။ ကျွန်မမိဘတွေရဲ့ ယုံကြည်ခြင်းအကြောင်းကိုအနဲနဲပြောပြချင်တာပါ။ ကြွား၀ါခြင်းထက် မိဘကိုဂုဏ်ပြု ချင်တာပါ။ အဲလိုမိဘရဲ့သားသမီးဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဘုရားသခင်ရဲ့ဘုန်းတော်ကိုလည်း ချီးမွမ်းခြင်းလည်းမြောက်ပါတယ်။ ကျွန်မရဲ့မိဘနှစ်ပါးကတော့Faustနဲ့ Fiorella တို့ဖြစ်ပါတယ်။ သူတို့က (၁၉၈၇) မှာအိမ်ထောင်ပြုခဲ့ကြပါတယ်။ သူတို့အိမ်ထောင်ပြုတာက ကျွန်မတို့နေထိုင်ခဲ့တဲ့ ‘ရောမ’ မှာပါ။ အိမ်ထောင်ပြုတဲ့အချိန် သူတို့က (၂၃) နှစ်ဘဲရှိကြပါသေးတယ်။ အိမ်ထောင်ပြုပြီးနောက်တစ်နှစ်မှာ သမီး လေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ အဲ့ဒီသမီးလေးကို Ambra လို့မှည့်ခဲ့တယ်။ ဒါပေမယ့် အဲ့သမီးလေးက မွေးပြီး (၄) ပြည့်မှာ ဆုံးရှုံးလိုက်ရပါ တယ်။ ဘာကြောင့်လဲဆိုတော့မွေးကတည်းက အနေအထားမမှန်ဘဲနဲ့မွေးဖွားလာခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက် ကျွန်မရဲ့အစ်ကို Alessio နဲ့ ကျွန်မတို့ကိုထပ်မွေးခဲ့ပါတယ်။ ကျွန်မမိဘက ခရစ်ယာန်မိသားစုကမွေးဖွားကြီးပြင်းလာခဲ့ကြတာပါ။ ဒါပေမယ့် ဘာသာရေးကိုကျင့်ကြံအားထုတ်မူ မရှိခဲ့ပါဘူး။ မစ္ဆားတရားကို နားရက်၊ အားရက်၊ အပန်းဖြေတဲ့နေ့မျိုးတွေလောက်ဘဲ ကြုံရင်ကြုံသလိုသာပါ၀င်ပူဇော်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရား သခင်ကကောင်းမြတ်တယ်သိလား။ ကျွန်မမိဘတွေကို ဘုရားသခင်က သူတို့ဘ၀မှာ နာကျင်စရာ‌ဝေဒနာတွေ၊ အဖြစ်အပျက်တွေကြုံတွေ့မှုကနေ သူ့ဆီအရောက်ပြန်လာစေခဲ့ပါတယ်။

မေး။ ။ ‘ဆာရား’ ရဲ့မိခင်က ဘယ်တုန်းကစပြီး မကျန်းမမာဖြစ်ခဲ့တာလဲ။

ဆာရား။ ။ (၂၀၀၁) ခုနှစ်က ကျွန်မအမေမှာ ဦးနှောက်အကျိတ်တည်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ သိပ်အသက်ရှင်ခွင့်မရတော့ဘူးလို့လည်း ဆရာ၀န်တွေကပြောပြခဲ့တယ်။ ဒီလိုလည်းသိလိုက်ရရော မြင့်မိုရ်တောင်ကြီးပြိုကြသလို မိသားစုအတွင်းမှာ ဆောက်တည်ရာမရဖြစ်သွားခဲ့ကြတာ ပေါ့။ အဲ့ဒီအချိန်တုန်းက ကျွန်မအစ်ကိုက (၁၀) နှစ်နဲ့ ကျွန်မက (၅) နှစ်ဘဲရှိသေးတယ်။ အမေ့ရဲတစ်ခုထဲသောဆန္ဒက သူ့သားသမီးတွေ ပုံမှန်ကြီး ပြင်းလူလားမြောက်လာတာကိုမြင်တွေ့ချင်တာပါဘဲ။ ဒီလို၀မ်းနည်းမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ဗျာများမှုတွေနဲ့ ကြုံပြီးဘ၀ဟာလှိုင်းလုံးကြီး တွေရိုက်ပုတ်ခံနေရချိန်မှာဘဲ ကျွန်မမိဘရဲ့ အသိမိတ်ဆွေတွေက ဘုရားကျောင်းမှာပြုလုပ်တဲ့ ဘုရားစကားသင်တန်းတွေကိုလာ‌ပြီးနား‌ထောင်ဖို့ ခေါ်ကြတယ်။ အဲ့ဒီဟောပြောချက်က ‘ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်း’ အကြောင်းကိုဟောပြောတာဖြစ်တယ်။ အဖေကအရင်သွားခဲ့ပါတယ်။ ပြီးတော့ အမေလည်းလိုက်သွားဖြစ်တယ်။ အဲ့ဒါဟာ ဘုရားသခင်ဆီကို ကျွန်မမိဘနှစ်ပါး ပြန်ပြီးဦးလှည့်လာစေခဲ့တဲ့ အလှည့်အပြောင်းဖြစ်ခဲ့တယ်။ အဲ့ဒီအ ချိန်ကစလို့ ကျွန်မိဘနှစ်ပါးဟာ ၀ိညာဉ်ရေးခရီးကို ‘the Neocatechumenal Way’ အဖွဲ့နဲ့အတူစတင်လျှောက်လှမ်းခဲ့ပါတော့တယ်။ ဒီအဖွဲ့ ဟာ ‘ဘာသာရေးကို အခြေခံကနေလေ့လာလိုသူ’ တွေကိုလက်တွဲခေါ်ပြီး၊ ဘုရားစကားသင်ကြားတဲ့အဖွဲ့ဖြစ်ပါတယ်။                    

မေး။ ။ ကင်ဆာဖြစ်တယ်ဆိုတာကိုသိလိုက်ရတော့ ဆာရားရဲ့မိခင်ကဘယ်လိုဖြစ်သွားလဲ။

            လုံး၀စိတ်ပျက်သွားပြီး၊ ပြန်ကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်မထားတော့ဘူး။ သူ့ကိုကုတဲ့အထူးကုကလည်း သူ့ရောဂါအခြေအနေက ခွဲစိတ်လို့မရတော့တဲ့အခြေအနေဖြစ်တယ်လို့ထပ်ပြောလိုက်သေးတယ်။ သူတို့လည်းဘာမှမတတ်နိုင်တော့ဘူးတဲ့။ ဒါပေမယ့် ကျွန်မမိဘကတော့ အားမလျော့ဘူး။ ကျွန်အမေအတွက် လောကကြီးကနေ ခလေးငယ်ငယ်လေးတွေကိုထားပြီးထွက်သွားဖို့ဆိုတာ လုံး၀လက်မခံနိုင်တဲ့အခြေအနေပါ။ ကျွန်မအဖေလည်း အီတလီမြောက်ပိုင်းက ကောင်းပေ့ဆိုတဲ့ဆရာ၀န်ကိုလိုက်ရှာတယ်။ မေးမြန်းတယ်။ ခွဲပေးဖို့လက်ခံတဲ့ဆရာ၀န်ကိုရှာတယ်။ နောက်ဆုံးတော့ ကျွန်မအမေကိုခွဲစိတ်ပေးနိုင်ခဲ့တယ်။ ခွဲစိတ်မှုလည်း ဘုရားသခင်ရဲ့ကောင်းကြီးတော်ကြောင့် အောင်မြင်ခဲ့ပါတယ်။ ခွဲစိတ်ပြီး နောက်ထပ် (၁၅) နှစ်ကြာနေထိုင်ခွင့်ကိုလည်း ဘုရားသခင်ကခွင့်ပြုခဲ့ပါတယ်။ ကျွန်မအမေရဲ့ဆန္ဒကို ဘုရားသခင်ကခွင့်ပြုခဲ့တယ်။ ကျွန်တို့မောင်နှ မကြီးပြင်းလာတာကိုမြင်တွေ့ခွင့်ရခဲ့တယ်။ ခွဲစိတ်မှုအောင်မြင်တယ်ဆိုပေမယ့် (၁၀၀) ရာခိုင်နှုန်းတော့ ပကဓိအတိုင်းပြန်မဖြစ်နိုင်တော့ဘူး။ ဒါ ကြောင့်ခက်ခက်ခဲခဲနဲ့နာနာကျင်ကျင်ရှင်သန်ရုန်းကန်ခဲ့ရပေမယ့် ကျွန်မအမေဟာ ဘုရားကိုယုံကြည်တဲ့စိတ်မလျော့ခဲ့ဘူး။ ဘုရားကျောင်းသွားမ ပျက်ခဲ့ဘူး။    

မေး။ ။ ဆာရား မိခင်ရဲ့ယုံကြည်ခြင်းက ဆာရားကိုဘာပေးခဲ့သလဲ။

            ကျွန်မအမေကိုခွဲစိတ်ကုသဖို့ အီတလီမြောက်ပိုင်းကိုသွားတဲ့အခါ the Neocatechumenal Way အဖွဲ့ထဲကအဖွဲ့သားအချို့လိုက်ပါပို့ ဆောင်ပေးတယ်။ ထောက်ပံ့ပေးကြတယ်။ သွေးမတော် သားမစပ်တဲ့သူကို အဲ့သလို ကူညီထောက်ပံ့ပေးတာကိုမြင်ရ၊ တွေ့ရတဲ့ ကျွန်မရဲ့ဆွေမျိုး တွေအတွက်အံ့အားသင့်သွားရတယ်။ ကျွန်မနဲ့အဖေက အမေ့ဆုံးပါးသွားတဲ့အထိ ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်မအမေဟာ ခမည်း တော်ရဲ့ထာ၀ရအိမ်တော်ကို (၂၀၁၄) ခုနှစ်မှာပြန်သွားခဲ့ပါတယ်။ သူ့ရဲ့စျာပနဟာ အရမ်းစည်ခဲ့တယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းနဲ့သာသနာတော်ကြီးရဲ့ ကူညီမှုဟာ ကျွန်မအမေနေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာရော၊ အမေဆုံးပါးတဲ့အချိန်မှာရော မိသားစုအပေါ်အမြဲရှိနေခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဒီလိုခက်ခဲနာကျင်တဲ့အခြေအနေကြားက သူ့ကိုသိလာအောင်၊ ယုံကြည်လာအောင် ခေါ်ဆောင်ခဲ့တယ်။ ဒါကြောင့်ဘာသိလာရသလဲဆိုရင် ဘုရားသခင်ဟာ ဒုက္ခ‌ဝေဒနာကနေကယ်တာမဟုတ်ဘူး။ ဒုက္ခ‌ဝေဒနာကြားကကယ်တယ်။ မသေအောင်ကာကွယ်တာမဟုတ်ဘူး။ သေပြီး နောက်ကယ်တယ်။ ဘယ်တော့မှပစ်မထားဘူး။ ကျွန်မတို့ဘယ်လိုအခြေအနေမှာဘဲဖြစ်ပါစေ၊ ဘုရားသခင်ကျွန်မတို့နဲ့အတူရှိနေတယ်ဆိုတာကို ကျွန်မရော၊ ကျွန်မအဖေရောသိလိုက်ရတယ်။ အထူးသဖြင့် ကျွန်မအဖေလည်း ကျန်းမာရေးမကောင်းဘူးဆိုတာသိလိုက်ရတော့ ဒီတရားဟာဖြေ သာတဲ့တရားဖြစ်ခဲ့ရတယ်။    

မေး။ ။ ဆာရားအဖေ ဘယ်အချိန်မှာစပြီး နေထိုင်မကောင်းဖြစ်လာခဲ့သလဲ။

ဆာရား။ ။ (၂၀၁၉) မှာပါ။ အဖေက အူမကြီးကင်ဆာ စတင်ပြီးခံစားခဲ့ရတယ်။ နှစ်ကြိမ်တိတိခွဲစိတ်မှုခံယူခဲ့တယ်။ တခြားကုထုံးတွေကိုလည်းခံယူ ခဲ့တယ်။ ရောဂါကသက်သာမသွားဘူး။ ပိုဆိုးလာတယ်။ နောက်ဆုံးတော့ ဆရာ၀န်က ကျွန်မအဖေလည်း သိပ်ကြာကြာအသက်ရှင်နိုင်တော့တဲ့အ ကြောင်းပြောပြလာတော့ ကျွန်မယုံကြည်ခြင်း ‌ဝေ၀ါးလာခဲ့တယ်။ သူ့ကိုပွင့်ပွင့်လင်းလင်းဘဲပြောပြသင့်တယ်လို့ခံစားရတယ်။ ဒီတော့မှ သူလည်း ၀ိညာဉ်ရေးလည်း ပြင်ဆင်ထားနိုင်တာပေါ့။ ကျွန်မအဖေကို သူနေရမယ့်သက်တမ်းကိုပြောပြမယ်လို့စိတ်ကူးနေတဲ့နေ့မှာဘဲ အဖေ့ဆီသွားလိုက် တယ်။ အရမ်းကိုအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်။ အဲ့ဒီမေးခွန်းက ‘ဖေဖေ .. ထာ၀ရအသက်ကိုတကယ်ယုံလား’ လို့ပါ။ အဖေရဲ့အ ဖြေက ‘ဖေဖေယုံတယ်သမီး’ တဲ့။ အဲလိုပြောတာဟာ နာကျင်နေတဲ့‌ဝေဒနာကြားက အသံလည်းမာန်အပြည့်၊ ခံယူချက်အပြည့်၊ လေးနက်တဲ့လေ သံနဲ့ကိုပြောခဲ့တာပါ။ အဲ့ဒီတော့မှ ဆရာ၀န်ပြောတဲ့ အကြောင်းအရာကိုပွင့်ပွင့်လင်းလင်းပြောပြနိုင်ခဲ့တယ်။    

မေး။ ။ဆာရား အဖေရဲ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။

            ကျွန်မအဖေဆုံးတော့မယ်ဆိုတာ ကျွန်မသေချာပေါက်သိနေခဲ့တယ်။ အဲလိုဘဲ ဘုရားသခင်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ဖြစ်သင့်တာ ကို သူ့ဘ၀မှာဖြစ်လာစေခဲ့တယ်လို့လည်းယုံကြည်တယ်။ နောက်ဆုံးနေ့ သူနဲ့အတူဆုတောင်းခဲ့ရတဲ့အချိန်လေးက ကျွန်မအတွက် ဘယ်လို့မှမေ့မရ ဘူး။ အရမ်းတန်ဖိုးရှိခဲ့တယ်။ အမြဲလည်း ပြန်ပြီးတမ်းတနေမယ်။ ပွေ့ပိုက်ထားမယ်။ အရမ်းကိုလှပတဲ့အမွေအနစ်ပါ။ အရမ်းတန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ တူတဲ့ယုံကြည်ခြင်းမျိုးစေ့ ကျွန်မကိုပေးခဲ့တယ်။ အဖေအသက်ထွက်တဲ့အထိ ဘုရားသခင်က ကျွန်မကိုနေခွင့်၊ တွေ့ခွင့်ပေးခဲ့တယ်။ အဖေ့ကိုလည်း အကောင်းဆုံးမေတ္တာပြပေးနိုင်ခဲ့တယ္။ အဖေဟာ (၂၀၂၁၊ မေလ) မှာ ခမည်းတော်ဘုရားရဲ့အိမ်တော်ကိုပြန်သွားခဲ့ပါတယ်။ ကျွန်မသေချာပါတယ်။ ကျွန်မအမေစောင့်နေပါတယ်။ အဖေ့စျာပနာကလည်း အမေ့လိုဘဲ လူတွေအရမ်းစည်ခဲ့တယ်။ အဖေဟာ သူအသက်ရှင်နေတုန်း သူ့ဘ၀နဲ့ယှဉ်ပြီး သူ့စျာပနာကိုတက်ရောက်လာသူအများကြီးကို တရားရ၊ သံ‌‌ဝေဂရစေခဲ့တယ်။ ဘုရားကျောင်းထဲမှာရွတ်ဆိုတဲ့ ယုံကြည်ခြင်းအချုပ်ဟာ အခုကျွန်မ ပြောပြတဲ့အကြောင်းအရာရဲ့တံဆိပ်ပါဘဲ။ အပေါ်ယံလေးကြားလိုက်ရရင်ဖြင့် စိတ်မကောင်းစရာ၊ ၀မ်းနည်းစရာအဖြစ်အပျက်လေးပေါ့။ ဘာကြောင့် လဲဆိုတော့ ‌ဒုက္ခေ၀ဒနာအများကြီးကိုခံစားပြီး၊ နောက်ဆုံးတော့သေဆုံးကြရတယ်။ ဒါတွေအားလုံးရဲ့အလယ်မှာ ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကျွန်မတို့ကို ဘယ်တော့မှပစ်မသွားတဲ့ ဘုရားသခင်ရဲ့ကြီးမားအားကောင်းတဲ့ချစ်ခြင်းအမြဲရှိနေတယ်။ ဒီလိုသက်သေခံချက်အသေးအဖွဲလေးနဲ့ဘဲ လောကဓံရဲ့ထိုးနက်ချေဖျက်တာကိုခံရသူတွေအတွက် ခွန်အားတိုးစရာ၊ သတ္တိပျိုးစရာဖြစ်ပါစေလို့ရည်ရွယ်ပါတယ်။ သတ္တိရှိပါ။ ဘုရားသခင်ဟာ ကျွန်မတို့နဲ့ တစ်သက်လုံးရှိနေပါတယ်။   

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uO3oEo

 

Add new comment

1 + 0 =