မားဂျစ်လူငယ် ၅၀ ဉီး ၊ ၃ ရက်တာသင်တန်းတက်ရောက်ပြီး အစေခံခြင်းကို လက်တွေ့ ပြသကျင့်ကြံ

မားဂျစ်လူငယ် ၅၀ ဉီး ၊ ၃ ရက်တာသင်တန်းတက်ရောက်ပြီး အစေခံခြင်းကို လက်တွေ့ ပြသကျင့်ကြံ

မားဂျစ်လူငယ် ၅၀ ဉီး ၊ ၃ ရက်တာသင်တန်းတက်ရောက်ပြီး အစေခံခြင်းကို လက်တွေ့ ပြသကျင့်ကြံ

“ဘုရားဘုန်းဂုဏ်တော် ပိုမိုကြီးမြတ်စေရန်”ဟူသောရည်ရွယ်ချက်နှင့်အညီ ပိုမိုကောင်းမွန်စွာ အသက်ရှင်ပြီး ကောင်းသောအရာများကို ပိုမိုလုပ်ဆောင်နိုင်ကြရန်အတွက် သင်ယူလေ့ကျင့်ရန် အတွက် မြန်မာနိုင်ငံရှိကက်သလစ်သာသနာ ၁၀ ခုမှ မားဂျစ်စ် လူငယ် ၅၀ တို့သည် တောင်ကြီးမြို့ရှိ ဂျက်ဇွစ်ကျောင်းတွင် ၃ ရက်တာသင်တန်းကို တက်ရောက်ခဲ့ကြပါသည်။

ထိုသင်တန်း၏ထူးခြားချက်တစ်ခုမှာ ကိုဗစ်ရောဂါကပ်ဘေးကြောင့် အွန်လိုင်းအစီအစဉ်ဖြင့်သာ လူငယ်များ အပတ်စဉ်ပုံမှန်တွေ့ဆုံခဲ့ကြပြီး ၂ နှစ်ကျော် ပြီးသည့်နောက် ပထမဦးဆုံးအကြိမ် ၉-၁၁ ဧပြီလ ၂၀၂၂ တွင် ယခုကဲ့သို့ လူတွေ့စုရုံးနိုင်ခဲ့ကြခြင်းဖြစ်ပါသည်။

ရောဂါကပ်ဘေးနှင့် စစ်ဘေးတို့မှ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အခြေအနေဆိုးများကြောင့် လူငယ်များအကြား စိတ်ဓါတ်ကျဆင်းမှုများဖြစ်ပေါ်ပြီး မျှော်လင့်ချက်များ စတင်ပျောက်ဆုံးနေသည့်အချိန်တွင် ဘုရားကျေးဇူးတော်အားဖြင့် ဤသင်တန်းသည် အားသစ်တစ်ဖန် ပြန်လည်အသက်၀င်လာစေခဲ့ပါသည်။

တာ၀န်ခံဘုန်းတော်ကြီး Fr. Wilbert Mireh, SJ က "မြန်မာနိုင်ငံတွင်းမှာ ကြီးမားသောအခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျွန်ုပ်တို့ကြုံတွေ့နေရပေမယ့် ထိုအရာများသည် ကျွန်ုပ်တို့ကို စိတ်ပျက်အားငယ်ခြင်းမဖြစ်စေရပဲ သခင်ဘုရားရဲ့ဖိတ်ခေါ်သံကိုတုန့်ပြန်ပြီး ပိုမိုရက်ရောခြင်း၊ ပိုမိုကောင်းမွန်စွာအသက်ရှင်ခြင်းဖြစ်လာကာ ကောင်းသောအရာများကို ပိုမိုလုပ်ဆောင်ကြရမှာဖြစ်ပါတယ်" လို့လည်း လူငယ်များကို နှိုးဆော်တိုက်တွန်းထားပါတယ်။

မော်လမြိုင်သာသနာမှလူငယ်တစ်ဦးဖြစ်သည့် နော်သောရိနီက သင်တန်းအတွင်း သင်ယူနားလည်မှုများကို အောက်ပါအတိုင်း ဝေမျှထားပါသည်။ – “Magis ဆိုတာ အများအကျိုးပြုဖို့ တောက်လောင်နေတဲ့၊ အသက်ရှင်နေတဲ့ ဆန္ဒဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီ(၃)ရက်တာသင်တန်းကနေပြီးတော့မှ (၁) စံပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လူမှုဆက်ဆံရေးကောင်းရုံသာမက ယုံကြည်ခြင်းခိုင်မာဖို့လည်း လိုအပ်ကြောင်း၊ (၂) စိန့် အစ်ဂနေးရှပ်စ်ရဲ့ဝိညာဉ်ရေးကျင့်စဉ်မှ ဘ၀ရဲ့ကောင်းခြင်း ဆိုးဖြင်းဖြစ်တဲ့ ကျန်းမာခြင်း၊ သေခြင်းကို အမြဲရင်၀ယ်ပိုက်ပြီး ဘ၀မှာ ဘာကိုမှ အစွဲအလမ်းမထားဘဲ အကျိုးရှိတဲ့အရာပဲ ရွေးလုပ်သင့်ကြောင်း၊ (၃) ကိုယ့်ကိုယ်ကို နေ့စဉ် ပြန်လည်သုံးသပ်ခြင်းအားဖြင့် ကိုယ်ဘာလုပ်ခဲ့လဲ၊ ကိုယ်ဘာလုပ်သင့်လဲ၊ ကိုယ့်ကိုယ်ကို ပိုသိအောင်လုပ်သင့်ကြောင်း – အထက်ပါအချက်တွေလုပ်ဆောင်နိုင်မှ ကျွန်ုပ်တို့ ဘ၀မှာ အများအတွက် အကောင်းဆုံး အစေခံ အကျိုးပြုနိုင်မှာဖြစ်ပါတယ်" လို့ဆိုပါတယ်။

မြစ်ကြီးနားသာသနာမှ ဂျိုးဇက်လာရော်ကလည်း သင်တန်းအတွေ့အကြုံကို ယခုအတိုင်း ဝေမျှထားပါသည် – “ဤ ၃ ရက်တာတွင် ရရှိခဲ့သောအတွေ့အကြုံ၊ဗဟုသုတများသည် မိမိတို့လူငယ်တိုင်း၏ ဝိညာဉ်ပိုင်းဆိုင်ရာအာဟာရကိုဖြည့်တင်းပေးရုံသာမက တွေးခေါ်မျှော်မြင်စွမ်းအားကိုလည်း မြင့်တင်ပေးပါသည်။ အထူးသဖြင့် စိတ်ဓါတ်ခွန်အားများစွာကို သင်ကြားရရှိခဲ့ပါသည်။ စိန့်အစ်ဂနေးရှပ်စ်၏ လမ်းစဉ်၊ကျင့်စဉ်များမှ တန်ဖိုးရှိသော “တစ်ပါးသူအားအစေခံခြင်း၊ မတူကွဲပြားမှုများကို လက်ခံတန်ဖိုးထားပေးခြင်း” စသည့် လူမှုစံနှုန်းများအပြင် မိမိကိုယ်ကို ကောင်းစွာသိမြင်တတ်ပြီး တစ်ပါးသူတို့၏ မျှော်လင့်ချက် အလင်းရောင်လေးအဖြစ် ရှင်သန်နိုင်ရမည်ဟူသောအသိတရား၊ ဆုံးခန်းတိုင်တည်မြဲသော ယုံကြည်ဖြင်းခြေလှမ်းများဖြင့် အစေခံနိုင်ရမည်ဟူသောအသိတရားများကို သင်ယူရရှိခဲ့ပါသည်" လို့ဝေမျှခဲ့ပါတယ်။

၂ ရက်တာ သင်ယူဆွေးနွေးခြင်း၊ အတူဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် တတိယနေ့မှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ် တော်ယေဇူး၏ မိဘမဲ့နှင့်မသန်စွမ်းသူများကျောင်းသို့ သွားရောက်ပြီး လက်တွေ့အစေခံခြင်းများဖြစ်သည့် အ၀တ်လျှော်၊ တကိုယ်ရေသန့်ရှင်းရေး၊ ဆံပင်ညှပ်၊ ချက်ပြုတ်ဆေးကြောခြင်းနှင့် ကလေးများ ပျော်ရွှင်စေရန် အတူကစားခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။

အချို့သောမားဂျစ်စ်လူငယ်များသည် ၅ ရက်တာ အစေခံခြင်းကို သန့်ရှင်းသော ရက်သတ္တပတ်အတွင်း ထိုကျောင်းတွင် ဆက်လက်ပြုလုပ်ပေးကြပါသည်။

 

အာဗီအေမြန်မာ သတင်းအတွက်

Fr. Wilbert Mireh, SJ

 

Add new comment

10 + 8 =