မားဂျစ်မြန်မာ လူငယ်များ၏ လေးကြိမ်မြောက်သွေးလှူဒါန်းခြင်း

မားဂျစ်မြန်မာ လူငယ်များ၏ လေးကြိမ်မြောက်သွေးလှူဒါန်းခြင်း

မားဂျစ်မြန်မာ လူငယ်များ၏ လေးကြိမ်မြောက်သွေးလှူဒါန်းခြင်း

၂၀၂၃ ခုနှစ် နှစ်အစတွင် ရန်ကုန်မြို့ ရှိ မားဂျစ်မြန်မာလူငယ်များ၏ လှုပ်ရှားမှုကို လေးကြိမ်မြောက် သွေးလှူဒါန်းခြင်းဖြင့် ဇန်နဝါရီလ (၂၉) ရက်နေ့က စတင်ခဲ့ကြသည်။ သွေးလှူဒါန်းခြင်းတွင် မားဂျစ်လူငယ်အဖွဲ့ဝင်(၁၅)ဦးပါဝင်ခဲ့ကြသည်။

သွေးလှူဒါန်းခြင်းတွင် ပါဝင်ခဲ့သူ လူငယ်တစ်ဦးက “ ဟိုးငယ်ငယ်​လေးထဲက ​၁၈ပြည့်တာနဲ့ သွေးနဲ့ bodyကို လှူမယ်ဆိုပြီး​တွေးခဲ့တာ​ပေါ့​နော်။အရမ်းလဲလှူချင်ခဲ့တာ ဒါပင်မယ့်အ​ကြောင်းအမျိုးမျိုး​ကြောင့်မလှူခဲ့ရဘူး။​ အခုလို Magis Myanmar က​သွေးလှူဖို့ရှိတယ်လို့ ကြားရ​တော့​ ၂ခါ​တောင်မစဥ်းစားပဲနဲ့ လှူမယ်ဆိုပြီးစာရင်း​ပေးခဲ့တာပါ။ ​သွေးလှူရင်ဘာ​တွေလိုအပ်လဲဆိုတဲ့အ​ကြောင်း​သေချာမသိလို့ ​​လေ့လာကြည့်တဲ့အခါမှာ ငါလှူလို့အဆင်​ပြေပါ့မလား​ပေါ့​နော်။ အဓိကက ကိုယ့်ကိုကိုယ်စိတ်ပူသွားတာ​ပေါ့​နော်။ ​သွေးအားလဲနည်းတတ်တဲ့လူလဲဖြစ်တယ်။  ဒီရက်ပိုင်းလဲအရမ်းပင်ပန်းထားတဲ့ကိစ္စ​တွေရှိ​​တော့ခံနိုင်ရည်ရှိပါ့မလား ဆိုပြီး​တွေ​ဝေမိသွားတယ်။ ဒါပင်မယ့် ပြန်စဥ်းစားကြည့်​တော့ ​သွေးလှူတာအရမ်းမွန်မြတ်တဲ့အရာ​ပေါ့​​​နော်။ ​ငွေ​ကြေးမကုန်ကျပဲနဲ့ ကုသိုလ်ရတဲ့အလုပ်ကို ဘာလို့ မလုပ်ပဲ​နေရမှာလဲဆိုပြီး​တော့ ကိုယ်လှူလိုက်တဲ့​သွေး​ကြောင့်လူအသက်​တွေကယ်နိုင်မယ်။ ​ဆေးပညာစမ်းသပ်မှု​တွေပါလုပ်လို့ရမယ်ဆိုတာကိုနှလုံးသွင်းပြီး​တော့လှူဖြစ်သွားတာပါ။ ​သွေး​ဖောက်ပြီးလှူ​နေတုန်းကဆိုရင် လူက အလိုလို​ပျော်​နေမိတာ​ပေါ့​နော် ငါအရမ်းမွန်မြတ်တဲ့အလုပ်တစ်ခုကိုလုပ်နိုင်ခဲ့ပြီ ဆိုပြီး​တော့လဲ အရမ်းဂုဏ်ယူပြီးပီတိဖြစ်​နေခဲ့တာ။ လှူပြီးသွားတဲ့အခါမှာဆိုပိုပြီး​တော့​တောင်​ပျော်မိတယ်​ပေါ့​နော်။ အတူတူလှူတဲ့သူငယ်ချင်း​တွေစီကလဲ သူတို့ပီတိဖြစ်တဲ့စကားသံ​တွေကြားရ​တော့ပို​ပျော်မိတယ်။ ​နောက် အကြိမ်​တွေမှာလဲ အခုထက် ကျန်းမာ​ရေးဂရုစိုက်ပြီးပိုကျန်းမာတဲ့ ​သွေးကိုထက်လှူသွားအုံးမှာပါ။” ဟုဆိုကာ မသီရိသက်မွန်က ၎င်းရဲ့သွေးလှူဒါန်ခဲ့ဖြစ်ပုံနဲ့ပတ်သက်ပြီးခံစားရတဲ့ခံစားချက်ကို အာဗီအေကိုပြောပါခဲ့သည်။

ဆက်လက်ပြီးသူမက သွေးလှူဒါန်ဖို့ရန်အတွက်လည်း လူငယ်များကိုယခုလိုအားပေးစကားပြောပြခဲ့သည်။

“အကြောင်းအမျိုးမျိုးကြောင့်မလှူဖြစ်သေးတဲ့သူငယ်ချင်းတွေကိုလဲ လှူဖို့တိုက်တွန်းချင်ပါတယ်။ခြင်တစ်ကောင် ပုရွက်ဆိတ်တစ်ကောင်ကိုသတ်ဖို့ဆိုတာလွယ်ပင်မယ့် အသက်တစ်သက်ကိုကယ်ဖို့အခွင့်အရေးဆိုတာက ရှားပါတယ်။အဲ့တော့ အပ်နဲ့အသားကိုဖောက်တဲ့နာတဲ့အနာက မျက်စိတစ်မှိတ်တောင်မကြာပါဘူး။ဒါပေမဲ့ ကိုယ်လှူလိုက်တဲ့သွေးက အသက်ကိုတောင်ကယ်တင်ပေးနိုင်တယ် ဒါအပြင် ဆေးဝါးစမ်းသပ်မှု တွေမှာပါ သုံးလို့ရတဲ့ အတွက် လူတွေကိုအထောက်အကူအများကြီးဖြစ်နိုင်ပါတယ်။  အဲ့ဒါကြောင့် မလှူဖူး သေးတဲ့သူငယ်ချင်းတွေကို သွေးလှူကြည့်ပါလို့ပြောချင်ပါတယ်။ အဲ့လိုလှူလိုက်လို့ရတဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရပါဘူးနော်။” ဟုဆိုကာ သွေးလှူဒါန်းခြင်းဖြင့် အသက်တစ်ချောင်းကယ်တင်နိုင်သည့်အတွက် သွေးလှူဒါန်းခြင်းတွင်ပါဝင်ကြဖို့ရန်အတွက်  လူငယ်များကို ဖိတ်ခေါ်ခဲ့သည်။

သွေးလှူဒါန်းခြင်းတွင်ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်ခဲ့သူလူငယ်တစ်ဦးဖြစ်သူ မမိုးသီတာကလည်း

“ ပထမဦးဆုံးအကြိမ်သွေးလှူတာြဖစ်တဲ့အတွက်အစကနဲနဲကြောက်စိတ်ဝင်တယ်။သွေးအောင်ပါ့မလား၊သွေးလှူဖို့အဆင်ပြေပါ့မလားစိုးရိမ်တယ်။ ဒါပေမဲ့ သွေးအောင်တယ် လှူလို့ရတယ်လို့ သိရတော့ ငါသွေးလို အပ်နေတဲ့သူတွေအတွက် အကူအညီဖြစ်စေခဲ့ပြီဆိုပြီး ကြောက်နေတဲ့စိတ်၊စိုးရိမ်စိတ်တွေတောင် ပျောက်သွားပြီး အရမ်းပီတိဖြစ်တယ်။ ပြီးတော့ နောက်တစ်ကြိမ် သွေးထပ်လှူနိုင်ဖို့ ငါ့ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုတဲ့အသိလည်းရရှိခဲ့တယ်။ “ လို့ ပထမဆုံးအကြိမ်သွေးလှူဒါန်းခြင်းဖြစ်သည့်အတွက် စိုးရိမ်စိတ်များဖြစ်ခဲ့ရပုံကို အာဗီအေကို ပြောပြခဲ့သည်။

ဆက်လက်ပြီး လူငယ်များကိုလည်း စကားလက်ဆောင်ပြောကြားရာမှာ

“ ပတ်ဝန်းကျင်မှာ ငါတို့အကူအညီလိုအပ်နေတဲ့သူတွေ အများကြီးရှိတယ်။သင့်ရဲ့ သွေးတစ်စက်က သူ့အတွက် အသက် “ ဆိုတဲ့အတိုင်း သွေးလိုအပ်နေတဲ့သူတွေကို ငါတို့လူငယ်တွေ အုပ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကူညီပြီး သူတို့တွေကို ခွန်အားဖြည့်ပေးရအောင်။” ဟုဆိုကာ မိမိတို့ သွေးတစ်စက်အား ဖြင့်တစ်ပါး သူ၏ အသက်ကိုကယ်တင်နိုင်သည့်အတွက် သွေးလှူဒါန်းခြင်းတွင်ပါဝင်ပေးဖို့ရန်အတွက် လူငယ်များကို ဖိတ်ခေါ်ထားသည်။

ခြောက်ကြိမ်မြောက်သွေးလှူဒါန်းဖြစ်ခဲ့သူ Susan ကလည်း “ ဒီတစ် ခေါက်သွေးလှူတာက ၆ ကြိမ် မြောက်ပါ။  ကိုယ့် သွေးနဲ့ တစ်ပါးသူကို ကူညီခွင့်ရလို ပီတိဖြစ်ရတယ်။ တစ်ပါးသူအတွက်အကူအညီဖြစ် စေမယ့် သွေးဖြစ်ဖိုပြင်ဆင်ရင်း ကိုယ့်ကျန်းမာ ရေးကိုပါဂရုစိုက်ပြီးသားဖြစ်သွားတယ်။ ” ဟုဆိုကာ တစ်ပါးသူအတွက် သွေးလှူခြင်းအားဖြင့် မိမိရဲ့ကျမ်းမာရေးကိုပါ ဂရုစိုက်ဖြစ်ကြောင်းကို အာဗီအေကိုပြောပြခဲ့သည်။

မားဂျစ်မြန်မာ ရန်ကုန်တာဝန်ခံမှာ ဘရယ်သာရ် စတီးဗင်းထွန်းထွန်းဖြစ်သည်။ မားဂျစ်မြန်မာအဖွဲ့လှုပ်ရှာမှုများတွင် လူငယ်များပါဝင်နိုင်ဖို့ရန်အတွက် ကျောင်းပိတ်၊အလုပ်ပိတ်ရက်ဖြစ်သည့် စနေ၊တနင်္ဂနွေနေ့များတွင် Input ၊ Output Section များကို  ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ Input Section တွင် Ignatian Spirituality နဲ့ Ignatian Leadership Skills များ ထည့်၀င် ဝေမျှပေးပြီး Output Section များမှာ Ecology programme, ဘိုးဘွားရိပ်သာ, လူငယ်ဖွံ့ဖြိုးရေးအသင်းများနှင့် သီလရှင်ကျောင်းများတွင် ပရဟိတလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်သွားမည်ဟုသိရသည်။

မားဂျစ်မြန်မာသည် ရန်ကုန်နှင့်တောင်ကြီးမြို့တို့တွင် လှုပ်ရှားလျက်ရှိသည်။အွန်လိုင်းတွင်လည်းဆလေးရှင်လူငယ်များ၊ RCY လူငယ်များနှင့်မားဂျစ်မြန်မာ အဖွဲ့တို့မှ ဦးဆောက်၍ အပတ်စဉ် တနင်္ဂနွေ နေ့ညတိုင်း လူငယ်နှင့်ဘာသာရေးဆိုင်ရာ အကြောင်းအရာများ ကိုဝေမျှခြင်း အစီအစဉ်များလည်း လုပ်ဆောင်လျှက်ရှိသည်။

News by - Pinky

#rvamyanmar #rvapastoralcare #LocalNews 

 

 

Add new comment

3 + 16 =