Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မာသာရ်ထရေးဇာ၏သီလရှင်များနှင့်မသန်စွမ်းကလေး (၁၄) ဦးတို့ကာဘုလ်မှရောမလေဆိပ်သို့ရောက်ရှိလာ
မာသာရ်ထရေးဇာ၏သီလရှင်များနှင့်မသန်စွမ်းကလေး (၁၄) ဦးတို့ကာဘုလ်မှရောမလေဆိပ်သို့ရောက်ရှိလာ
အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကာဘုလ်၌အမှုတော်ထမ်းနေသော ဘုန်းတော်ကြီးတစ်ပါး၊ မာသာရ်ထ ရေးဇာ၏သီလရှင်များဟု အလွယ်ခေါ်လေ့ရှိသော ကရုဏာရေးသာသနာပြုသီလရှင် (၅) ပါးနှင့်မသန်စွမ်းကလေး (၁၄) ဦးတို့ ရောမလေဆိပ်သို့ ဩဂုတ်လ (၂၅) ရက်နေ့၌ရောက်ရှိလာခဲ့ပါသည်။ ၄င်းတို့နှင့်အတူ လူပေါင်း (၂၇၇) ဦး ကိုကယ်တင်နိုင်ခဲ့သည်။
အဆိုဘုန်းတော်ကြီးမှာ Giovanni Scalese ဟုခေါ်သည်။ သူသည် အာဖဂန်နစ္စတန်၌သာသနာပြုနေသော ရဟန်းတော်များအဖွဲ့၏အကြီးအကဲဖြစ်သည်။ သူသည် ကာဘုလ်၌ (၈) နှစ်တာအမှုထမ်းခဲ့သည်။ ကာဘုလ်၌ရှိသော နိုင်ငံခြားသား ကက်သလစ်ဘာသာတူများအတွက် နေ့စဉ်မစ္ဆားတရားကိုပူဇော်ပေးခဲ့သည်။ အာဖဂန်နစ္စတန်ရှိ တစ် ခုတည်းသောကက်သလစ်ဘုရားကျောင်းဆောင်မှာ အီတလီသံရုံး၀င်းအတွင်း၌ဆောက်လုပ်ထားသည်။ ယခုမသန် စွမ်းကလေး (၁၄) ဦးနှင့်အတူထွက်ခွာလာရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ သူ့အနေဖြင့် ဤမသန်စွမ်းကလေး များပြည်တော်မှထွက်ခွာခွင့်မရလျှင် သူလည်းအီတလီသို့ပြန်လာရန်စိတ်ကူးမရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုကူသူကယ်သူမဲ့စွာ ပစ်မထားရက်ခဲ့ကြောင်း၊ အီတလီသတင်းတစ်စောင်ဖြစ်သော La Repubblica ၏မေး မြန်းချက်ကိုဖြေကြားခဲ့သည်။
မသန်စွမ်းကလေးများသည် အသက် (၆) နှစ်မှ (၂၀) နှစ်အတွင်းရှိကြသည်။ ၄င်းတို့သည် (၂၀၀၆) ခုနှစ်၌ ကာဘုလ်မြို့၌ စတင်ဖွင့်လှစ်ခဲ့သောမိဘမဲ့ဂေဟာ၌ခိုနေကြရသူများဖြစ်သည်။ အဆိုပါဂေဟာကို မာသာရ်ထရေးဇာ သီလရှင်များကတာ၀န်စောင့်ရှောက်ပေးသည်။
မသန်စွမ်းကလေးများနှင့်အတူ ကာဘုလ်မှပြန်လည်ထွက်ခွာခဲ့သော သီလရှင် (၅) ပါးအနက်တစ်ပါးဖြစ် သော စစ္စတာရ် Bhatti Shahnaz လည်းဤမသန်စွမ်းကလေးများအား ပြုစုစောင့်ရှောက်ရသည်။ စစ္စတာရ်တို့အနေ ဖြင့် သင်ကြား၍မရအောင်ဖြစ်နေသော မသန်စွမ်းကလေး (၅၀) ယောက်ကိုကြည့်ရူရကြောင်း၊ ၄င်းတို့သည် ကာ ဘုလ်၌ကျန်ရစ်ခဲ့ကြောင်းပြောရင်းမျက်ရည်များရစ်၀ဲလာသည်။
ဘာသာရေးအသင်းအဖွဲ့အဖြစ်၀င်ရောက်ပါက ခွင့်မပြုသောကြောင့် အစိုးရမဟုတ်သော အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်၍လူမှုရေးလုပ်ငန်းကိုဦးစီးသော ဖာသာရ် Matteo Sanavio ကလည်း ရောမလေဆိပ်၌ ၄င်းတို့အားကြိုဆို ရန်ရောက်ရှိနေသည်။ ကိုဗစ် (၁၉) ကြောင့်နှာခေါင်းစီးများအုပ်ထားသည့်ကြားမှအပြုံးများဖြင့်နှုတ်ဆက်ကြိုဆိုခဲ့ကြ သည်။ နောက်မှဖက်ရမ်းနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ‘ကြီးမြတ်သောအမှုများကိုလုပ်ဆောင်ပေးသော ဘုရားသခင်အား ကျေးဇူးတင်ပါသည်’ ရွတ်ဆိုခဲ့ကြသည်။
အီတလီနိုင်ငံသည် အာဖဂန်မှထွက်ပြေးလာသော ဒုက္ခသည် (၂၆၅၉) ဦးကိုလက်ခံထားပြီးဖြစ်သည်။ ထိုအ ရေအတွက်များအနက် သုံးပုံနှစ်ပုံမှာကလေးများဖြစ်ကြသည်။ ဘုန်းတော်ကြီးက အီတလီစစ်တပ်များ၏ဆက်ကပ်မှု၊ အနစ်နာခံမှုများအတွက် ၄င်းတို့အားအထူးကျေးဇူးတင်ကြောင်း၊ ၄င်းတို့သည် စစ္စတာရ်များ၊ ကလေးများအားလုံခြုံ စွာအရောက်ခေါ်ဆောင်လာပေးကြောင်း၊ ဤကလေးများသည် အာဖန်ဂန်မှ ခရစ်ယာန်တို့၏ချစ်ခြင်းမျိုးစေ့များဖြစ် ကြောင်း၊ အီတလီသို့ရောက်ရှိလာသော အာဖဂန်မှမိသားစုများအား နေရာချထားရေးကိုပြန်လည်အာရုံထားလုပ် ဆောင်သွားရမည်ဖြစ်ကြောင်း၊ သို့သော် ကလေးများအားပြုစုစောင့်ရှောက်သည့်အမှုတော်ကိုမူ ရပ်တန့်သွားမည်မ ဟုတ်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် အီတလီရောက်နေသော်လည်း ကာဘုလ်မှဖြစ်ကြသည်။
ဖာသာရ် Scalese က သူ့အနေဖြင့် အခြေအနေပေးလာပါက အာဖဂန်နစ္စတန်သို့ပြန်သွားရန်ဆန္ဒရှိ ကြောင်း၊ နိုင်ငံရေးအခြေအနေသည် ဤသို့ဆက်လက်၍ဆိုးရွားသွားမည်ဖြစ်သော်လည်း နိုင်ငံအနေဖြင့်တည်ငြိမ် အောင် တစ်နည်းတစ်လမ်းဖြင့်လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ပါသည်။ အဘယ်သို့သော် စနစ်ဖြင့်အုပ်ချုပ်မည့်အစိုး ရပေါ်ထွက်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ လက်ရှိ၌မူ ဗာတီကန်အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ကက်သလစ်သာသနာတော်အတွက် အဘယ်သို့ဆောင်ရွက်နိုင်သည်။ အဘယ်သို့ဆောင်ရွက်သင့်သည်ကိုပြန်လည် သုံးသပ်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုအခါ ကက်သလစ်ဘုန်းတော်ကြီး၊ သီလရှင်များအားလုံးထွက်ခွာ လာကြပြီဖြစ်ကြောင်း၊ အာဖဂန်၌ကျန်ခဲ့သောခရစ်ယာန်များမှာ အကူအညီအမဲ့၊ သိုးထိန်းမဲ့သကဲ့သို့ဖြစ်ကျန်ရစ်ပြီ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ၌ ကြိုးစားခဲ့သမျှ သဲထဲရေတွန်ချလိုက်သကဲ့သို့ထင်မြင်ရကြောင်း၊ သို့သော် မြေပေါ် သို့ကျသွားသောမျိုးစေ့သည် သေကြေပုပ်ပွဆွေးမြေ့ခြင်းမရှိက တစ်စေ့တည်းရှိနေပေမည်ကိုစဉ်းစားစေချင်ပါသည်။ နှစ်ပေါင်းများစွာ သာသနာပြုတို့ကြဲခဲ့သောမျိုးစေ့များ ထိုမြေပေါ်၌ကျန်ခဲ့ပါသည်။ ထိုမျိုးစေ့များဆက်လက်ရှင်သန် ရန်ဆုတောင်းပေးကြရမည်ဖြစ်ကြောင်းသူ၏ခံစားချက်ကိုပြောကြားခဲ့သည်။
Ref:cbcpnews
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Photo - Credit
Add new comment