Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မာသာရ်ထရေးဇာသီလရှင်များ အသင်း၏အမြင့်ဆုံးအမှုတော်ကိုထမ်းသော အကြီးအကဲ အသစ်ရွေးချယ်တင်မြောက်နိုင်ခဲ့
မာသာရ်ထရေးဇာသီလရှင်များ အသင်း၏အမြင့်ဆုံးအမှုတော်ကိုထမ်းသော အကြီးအကဲ အသစ်ရွေးချယ်တင်မြောက်နိုင်ခဲ့
မာသာရ်ထရေးဇာသီလရှင်အသင်း၏ အကြီးအကဲအသစ်မှာ အိန္ဒိယနိုင်ငံသား စစ္စတာရ် M Joseph ဖြစ်သည်။ သူသည် ဤအမှု တော်ကို (၁၃) နှစ်ကြာ ထမ်းဆောင်ခဲ့ပြီး၊ ယခုသက်တမ်းကုန်ဆုံးသွားသော ဂျာမန်နိုင်ငံသား စစ္စတာရ် Mary Prema (Pierick) ၏အရိုက်အရာကိုဆက်ခံ သူဖြစ်သည်။ ဤအကြီးအကဲရွေးချယ်တင်မြောက်ခြင်းကို အသင်း၏ဗဟိုတည်ရှိရာ Kolkata ၌ မတ်လ (၁၃) ရက်နေ့က ကျင်းပခဲ့သည်။ ယခုသက် တမ်းအတွက် အရွေးခံရသော စစ္စတာရ် M Joseph သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ Kerala ပြည်နယ်၏အကြီးအကဲအဖြစ်အမှုထမ်းဆောင်နေစဉ် ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ ယခုရွေးကောက်ခံရသော အသင်းအကြီးအကဲသီလရှင်နှင့်လက်တွဲအမှုထမ်းကြမည့် သီလရှင်ကောင်စီအဖွဲ့၀င်များ မှာစစ္စတာရ် Christina၊ Cecile၊ Maria Juan Christina, Cecile, Maria Juan နှင့် Patrick တို့ဖြစ်ကြသည်။
အဲလ်ဘေးနီးယားနိုင်ငံဖွား စိန့်မာသာရ်ထရေးဇာသည် ဤသီလရှင်အသင်းကို (၁၉၅၀) အိန္ဒိယအရှေ့ပိုင်း၊ Calcutta ဂိုဏ်းချုပ်သာသနာ၌ တည်ထောင်ခဲ့သည်။ စိန့်မာသာရ်ထရေးဇာပျံလွန်ပြီးနောက် သူ၏အရိုက်အရာ ကိုဆက်ခံခဲ့သူမှာ နေပယ်နိုင်ငံသူ စစ္စတာရ် Nirmala Joshi ဖြစ် သည်။ သူသည် (၁၉၉၇ -၂၀၀၉) အထိအမှုတော်ကိုထမ်းခဲ့သည်။ (၂၀၀၉ - ၂၀၂၂) အထိကိုမှု စစ္စတာရ် Nirmala Joshi ကထမ်းဆောင်ခဲ့ သည်။ (၁၉၅၂) ၌ အိန္ဒိယအစိုးရသည် စိန့်မာသာရ်ထရေးဇာအား နွမ်းပါးချို့တဲ့သူတို့အားကူညီရန်စောင့်ရှောက်ရန် သီလရှင်ကျောင်းကိုဖွင့်လှစ်ခွင့်ပြုခဲ့သည်။ လက်ရှိ၌ ဤသီလရှင်အသင်းသည် ကမ္ဘာတစ်၀ှမ်း၌ ကျောင်းပေါင်းရာကျော်၊ ထောင်ကျော်အထိရှိနေသည်။ဤသီလရှင်အသင်း၌ သီလရှင်များအပြင် ဘာရာသာရ်များ၊ ဘုန်းတော်ကြီးများ၊ ဆက်ကပ်သာမန်ဘာသာတူများလည်းပါ၀င်သည်။ အဖွဲ့၀င်စုစုပေါင်း (၄၅၀၀) ကျော်ရှိပြီး၊ စစ္စတာရ်တို့သည် မိဘမဲ့ကျောင်း၊ AIDS ရောဂါကူးစက်ခံစားနေရသော လူနာများကိုကုသစောင့်ရှောက် ပေးသည့်အိမ်များ၊ စစ်ပြေးဒုက္ခသည်များ၊ မျက်မမြင်သူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်း၊ အရက်စွဲသူများ၊ နွမ်းချို့တဲ့သူများ၊ ရေတိုက်စားမှုကြောင့် အိမ်ယာမဲ့သွားကြသူများ၊ ကူးစက်ရောဂါရှိသောလူနာများ၊ စားရမဲ့၊ သောက်ရမဲ့ဘ၀ရောက်နေသူများကိုစောင့်ရှောက်ပေးလျှက်ရှိသည်။ စိန့်မာသာရ်ထရေးဇာသည် သူ၏လူသားချင်းစာနာသော ကရုဏာရေးလုပ်ငန်းကြောင့် ကမ္ဘာကသိ သူဖြစ်လာသည်။ စိန့်မာသာရ်ထရေးဇာသည် (စက်တင်ဘာလ၊ ၁၉၉၇) Calcutta ၌ပျံလွန်သွားခဲ့ပြီး၊ ရဟန်းမင်းကြီးဖရန်စစ်မှ (၂၀၁၆) တွင် ရဟန္တာအဖြစ် သတ်မှတ်ကြေညာခဲ့သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment