မာသာရ်ကာဘရီနီ၏ဆင်းတုအသစ် နယူးယော့တွင်ဖွင့်လှစ်

မာသာရ်ကာဘရီနီ၏ဆင်းတုအသစ် နယူးယော့တွင်ဖွင့်လှစ်

မာသာရ်ကာဘရီနီ၏ဆင်းတုအသစ် နယူးယော့တွင်ဖွင့်လှစ်

မာသာရ်ဖရန်စက် ဇေးဗီးယား ကာဘရီနီ၏ဆင်းတုတော် အသစ်ကို နယူးယော့မြို့တွင် ထုလုပ်ပြီး ဖွင့်လှစ်ခဲ့သည်။

ထိုဆင်းတုသည် လေဘာတီရုပ်တုကဲ့သို့ နယူးယော့၏အထင်ကရ အထိမ်းအမှတ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။

ဘရော့ကလင်းသာသနာ၏ဆရာတော် Nicholas DiMazio က ဤရဟန္တာသည် လူမျိုးဘာသာမခွဲခြားဘဲ အဆင်းရဲဆုံးသူတို့ကို ကူညီပေးကြောင်း သိစေရန်ရည်ရွယ်သည်ဟုဆိုသည်။

အောက်တိုဘာ၁၂ရက်တွင် ဆရာတော်က "ဤအရာသည် သမိုင်းသာမကပဲ စံနယူနာအတုယူကြရမည့်အရာ"ဟု မိန့်ကြားခဲ့သည်။

နယူးယော့မြို့တော်စီမံကိန်းတွင် ပါဝင်သော ထိုဆင်းတုသည် ပဋိပက္ခနှင့်မှုခင်းများလာသော ခေတ်တွင် လူအများအတုယူစေရန်ရည်ရွယ်ထားခဲ့သည်။

ဆရာတော်သည် အမျိုးသမီးများနှင့်လူနည်းစုအတွက် ပေးဆပ်ခဲ့သော မာသာရ်ကို ဂုဏ်ပြုသည့် ဆင်းတုတည်ဆောက်ရန် အဖွဲ့အသည်းတစ်ခု တည်ထောင်ကာ ရံပုံငွေ ရှာဖွေခဲ့သည်။

ထိုဆင်းတုတွင် မာသာရ်နှင့်အတူ မိန်းကလေးငယ်တစ်ဦးနှင့် ယောကျ်ားလေးတစ်ဦးတို့သည် လှေငယ်တစ်စင်းပေါ်တွင် ရှိနေကြသည်။

မာသာရ်သည် စာအုပ်ကို ကိုင်ထားပြီး ယောကျာ်းလေးက အဝတ်အိတ်နှင့်အီတလီတူရိယာတစ်ခုကို ကိုင်ထားသည်။

မာသာရ် ကာဘရီနီသည် အီတလီတွင် ၁၈၅၀၌ မွေးဖွားခဲ့သော်လည်း အမေရိကန်သို့ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းအခြေချခဲ့သည်။

သူမသည် ရွှေနှလုံးတော်၏သာသနာပြုသီလရှင်များကို တည်ထောင်ခဲ့ပြီး ဖိနှိပ်ခံလူတန်းစားများနှင့်ရွေ့ပြောင်းလုပ်သားများအတွက် နယူးယော့တွင် သာသနာပြုခဲ့သူဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: DeSales Media Group

https://bit.ly/3k1iRbU

 

Add new comment

9 + 8 =