Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မာလ၀ီရှိ ကက်သလစ် ဆေးရုံသုံးစက်ကိရိယာများပုပ်ဖရန်စစ် လျှူဒါန်း
မာလ၀ီရှိ ကက်သလစ် ဆေးရုံသုံးစက်ကိရိယာများပုပ်ဖရန်စစ် လျှူဒါန်း
အလှူရေစက်လက်နှင့်မကွာအောင်ပေးလှူနေသောရဟန်းမင်းကြီး အလှူရေစက်လက်နှင့်မကွာဟူသောအဆိုသည် မြန်မာ့လူမူ၀န်းကျင်၌အလွန်ရေပန်းစားပြီး၊ အလှူ့ရှင်များကိုသာ ဓုခေါ်၍ပေးလေ့ရှိသောဆုတစ်ပါးလည်းဖြစ်သည်။ ထို့အတူရဟန်းမင်းကြီးသည်လည်း ကိုဗစ်အရေးပေါ်ကာလ၌အခြား သောအချိန်ထက်အလှူပြုသည့်သတင်းကိုမကြာခဏကြားနေရပါသည်။ ပြီးခဲ့သောပတ်ကလည်းဘရာဇီးနိုင်ငံသို့လည်း ကောင်း၊ ယခုလည်းဆေးရုံ၌လိုအပ်သောပန်ကာကြီးများကိုမာလ၀ီနိုင်ငံ၏မြို့တော် Lilongwe မှ (၉) ကီလိုမီတာခန့်မျှ သာေ၀းသော Likuni ဆေးရုံအတွက်ထပ်မံလှူဒါန်းလိုက်ပြန်ပါသည်။
ဤလှူဒါန်းမူကိုရဟန်းမင်းကြီးကိုယ်စား မောလ ၀ီနှင့်ဇမ်ဘီးယားနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သောဂိုဏ်းချုပ်ဆရာတော် Gianfranco Gallone မှကမက ထပြုပေးခဲ့သည်။ Lilongwe ၏ဂိုဏ်းချုပ်ဆရာတော် Tarcisius Ziyaye မှထိုအလှူကိုလက်ခံရယူပြီး၊ စိန့်ဖရန်စစ်အစီးစီ သီလရှင်များကဖွင့်လှစ်ထားသောဆေးရုံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ ရဟန်းမင်းကြီး၏အလွန်ဂရုစိုက်စောင့်ရှောင်မူကိုပြသ ရဟန်းမင်းကြီးသည် ကမ္ဘာကြီးအားဒုက္ခပေးရမ်းကားနေသော ကိုဗစ်ကူးစက်ရောဂါကြောင့် အလွန်စိုးရိမ်မကင်း ဖြစ်နေရှာကြောင်း၊ ယခုကဲ့သို့ဆေးရုံအတွက်လိုအပ်သောဆေး၀ါးကိရိယာများကိုပေးပို့လှူဒါန်းပေးသောကြောင့် ရဟန်း မင်းကြီးကိုအလွန်ကျေးဇူးတင်ကြောင်း၊ ရဟန်းမင်းကြီးအတွက်ဆက်လက်၍ဆုတောင်းပေးကြရန်ဆရာတော်ကတိုက် တွန်းခဲ့သည်။
ထို့အတူဆေးရုံ၏တာ၀န်ခံစစ္စတာရ် Agnes Lungu ကလည်း ပေးပို့သောအလှူပစ္စည်းများကို၀မ်းပန်းတသာ လက်ခံကာ ဆေးရုံကိုယ်စားအလွန်ကျေးဇူးတင်ကြောင်း၊ ရဟန်းမင်းကြီးသည်သူတို့အားသတိရဖော်ရသေးကြောင်းနှင့်ယခု ကဲ့သို့လိုအပ်သောအကူအညီများကိုပေးခြင်းဖြင့် ဆေးရုံ၀န်ထမ်းများအားလာရောက်ကူညီသကဲ့သို့ခံစားရကြောင်းဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။ ကိုဗစ် (၁၉) ကိုအနိုင်ပိုင်းနိုင်ရန်လုံးထွေးသတ်ပုတ်နေရ ဤဆေးရုံသည် မာလ၀ီကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်မှပိုင်သည်။ ကိုဗစ် (၁၉) ရောဂါကိုကိုင်တွယ်ဖြေရှင်း နိုင်ရန်ပြုပြင်မွမ်းမံမူများလည်းပြုလုပ်နေသည်။ မာလ၀ီနိုင်ငံသည် ရောဂါဖြစ်ပွားသူဦးရေ (၅၃၀၀) ရှိနေပြီဖြစ်ပြီး၊ (၁၆၈) ဦးသေဆုံးခဲ့သည်။ ယခုကဲ့သို့နိုင်ငံတကာမှအလှူများပေးပို့သည့်အတွက်လည်းကျေးဇူးအထူးတင်သကဲ့သို့ ဒေသန္တာရကက် သလစ်သာသနာတော်ကြီးကလည်း ကိုဗစ် (၁၉) ကိုကာကွယ်နိုင်ရန်အတွက် ဆေးရုံ၏စောင့်ရှောင်ကုသပေးမူကိုကွန်ရက် ချိပ်စက်လုပ်ကိုင်နေကြသည်။
ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
photo courtesy of AFP or Licensors
Add new comment