မာဒါဂါစကာ မှ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်ကို မျှော်လင့်

မာဒါဂါစကာ နိုင်ငံတော် သမ္မတ Andry Ragoelina

မာဒါဂါစကာ မှ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်ကို မျှော်လင့်
ဧပြီလ ၅၊ ၂၀၁၉

၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက် နေ့က မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မာရီရှပ်စ် နိုင်ငံများသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၄ ရက်မှ ၁၀ ရက်ထိ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် သိုးထိန်းခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ယင်းခရီးစဉ်အတွက် မာဒါဂါစကာ နိုင်ငံတော် သမ္မတ Andry Ragoelina ကိုယ်တိုင်ဦးဆောင်၍ ရဟန်းမင်းကြီး ခရီးစဉ်အတွက်ပြင်ဆင်မှု့များ ပြုလုပ်နေကြကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်က မာဒါဂါစကာ နိုင်ငံတော် သမ္မတ Andry Ragoelina နှင့် နိုင်ငံတော် အာဏာရှိလူကြီးများ၊ စက်တင်ဘာလ ၈ ရက်နေ့ မယ်တော်မွေးနေ့ပွဲတော်ကြီးတွင် ရဟန်းမင်းကြီး မေစ္ဆားတရား ဟောကြားမည့်နေရာ နှင့် လူထုနှင့်တွေဆုံမည့် အခမ်းအနားများအတွက် လိုအပ်သည်များပြင်ဆင်ကြဖို့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ရဟန်းမင်းကြီးခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်တည်ဆောက်မှုူ့များ ကို ရက်ပိုင်းအတွင် စတင်ပြုလုပ်ကြတော့မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စတုတ္ထ မြောက်အကြီးဆုံးဖြစ်သော ကျွန်းနိုင်ငံဖြစ်သည် မာဒါဂါစကာ သို့ ၁၉၈၉ ခုနှစ်က ဒုတိယ မြောက် ရဟန်းမင်းကြီး ယောဟန် ပေါလူး သွားရောက်ခဲ့ပြီး ယခုရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်ခြင်းသည် သမိုင်းဝင် ဒုတိယအကြိမ်မြောက် ရဟန်းမင်းကြီး ခရီးစဉ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ။

https://www.vaticannews.va/en/africa/news/2019-04/madagascar-awaits-pope...

#madagascar, #pope, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Zawgyi

မာဒါဂါစကာ မွ ပုပ္ရဟန္းမင္းႀကီး ဖရန္းစစ္ အ႐ွင္သူျမတ္ကုိ ေမွ်ာ္လင့္
ဧၿပီလ ၅၊ ၂၀၁၉

၂၀၁၉ ခုႏွစ္ မတ္လ ၂၇ ရက္ ေန႔က မုိဇမ္ဘစ္၊ မာဒါဂါစကာ ႏွင့္ မာရီ႐ွပ္စ္ ႏုိင္ငံမ်ားသုိ႔ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ လ ၄ ရက္မွ ၁၀ ရက္ထိ ပုပ္ရဟန္းမင္းႀကီး ဖရန္းစစ္ အ႐ွင္သူျမတ္ သုိးထိန္းခရီးစဥ္အျဖစ္ သြားေရာက္လည္ပတ္မည္ျဖစ္ေၾကာင္း ေၾကျငာခဲ့ပါသည္။ ယင္းခရီးစဥ္အတြက္ မာဒါဂါစကာ ႏုိင္ငံေတာ္ သမၼတ Andry Ragoelina ကုိယ္တုိင္ဦးေဆာင္၍ ရဟန္းမင္းႀကီး ခရီးစဥ္အတြက္ျပင္ဆင္မႈ့မ်ား ျပဳလုပ္ေနၾကေၾကာင္း သတင္းရ႐ွိပါသည္။

လြန္ခဲ့ေသာ ရက္သတၱပတ္က မာဒါဂါစကာ ႏုိင္ငံေတာ္ သမၼတ Andry Ragoelina ႏွင့္ ႏုိင္ငံေတာ္ အာဏာ႐ွိလူႀကီးမ်ား၊ စက္တင္ဘာလ ၈ ရက္ေန႔ မယ္ေတာ္ေမြးေန႔ပြဲေတာ္ႀကီးတြင္ ရဟန္းမင္းႀကီး ေမစာၦးတရား ေဟာျကားမည့္ေနရာ ႏွင့္ လူထုႏွင့္ေတြဆုံမည့္ အခမ္းအနားမ်ားအတြက္ လုိအပ္သည္မ်ားျပင္ဆင္ၾကဖုိ႔ အစည္းအေဝးတစ္ရပ္ ျပဳလုပ္ခဲ့ပါသည္။ ရဟန္းမင္းႀကီးခရီးစဥ္အတြက္ ၾကဳိတင္ ျပင္ဆင္တည္ေဆာက္မႈူ႔မ်ား ကုိ ရက္ပုိင္းအတြင္ စတင္ျပဳလုပ္ၾကေတာ့မည္ျဖစ္ေၾကာင္း၊ ကမာၻေပၚတြင္ စတုတၳ ေျမာက္အႀကီးဆုံးျဖစ္ေသာ ကြၽန္းႏုိင္ငံျဖစ္သည္ မာဒါဂါစကာ သုိ႔ ၁၉၈၉ ခုႏွစ္က ဒုတိယ ေျမာက္ ရဟန္းမင္းႀကီး ေယာဟန္ ေပါလူး သြားေရာက္ခဲ့ၿပီး ယခုရဟန္းမင္းႀကီး ဖရန္စစ္အ႐ွင္သူျမတ္ သြားေရာက္ျခင္းသည္ သမုိင္းဝင္ ဒုတိယအႀကိမ္ေျမာက္ ရဟန္းမင္းႀကီး ခရီးစဥ္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။ ။

https://www.vaticannews.va/en/africa/news/2019-04/madagascar-awaits-pope-francis.html

#madagascar, #pope, #visit, #peterkm,
Photo credits to Vatican News
ဘာသာျပန္ဆုိသူ Fr. Peter Kyi Maung

Add new comment

3 + 13 =