မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ ကို အာမခံခြင်းအားဖြင့် ကမ္ဘာကြီးကို ပိုမ်ိုလူသားပီသအောင်ပြုလုပ်ကြပါ

မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ ကို အာမခံခြင်းအားဖြင့် ကမ္ဘာကြီးကို ပိုမ်ိုလူသားပီသအောင်ပြုလုပ်ကြပါ

မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ ကို အာမခံခြင်းအားဖြင့် ကမ္ဘာကြီးကို ပိုမ်ိုလူသားပီသအောင်ပြုလုပ်ကြပါ
ဒီဇင်ဘာလ ၃၊ ၂၀၁၉

ဒီဇင်ဘာလ 3 ရက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ခွဲခြားဆက်ဆံမှုများတိုက်ဖျက်ရေး၊ ရင်းနှီးကျွမ်းဝင်မှု ဘဝ၏ယဉ်ကျေးမှုများမြှင့်တင်ပေးရေး၊ တန်းတူအခွင့်အရေးရရှိရေးတို့ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယနေ့ခေတ်ကြီးတွင် ခံစားနေရသောမသန်စွမ်းသူတို့၏ စိတ်ခံစားမှုများကိုဖော်ပြရာတွင် ပုပ်ရဟန်းမင်းကြီးမှ မသန်စွမ်းသူတွေဟာ လူ့အဖွဲ့အစည်းတွင်ပါဝင်ခွင့်မရရှိခြင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပိုင်ဆိုင်သူများမဟုတ်သကဲ့သို့ အသက်ရှင်နေထိုင်နေကြရသူများဖြစ်ကြောင်းထောက်ပြပြောကြား ခဲ့ပါသည်။

မသန်စွမ်းသူတို့၏အခွင့်အရေးကိုကာကွယ်ခြင်း နှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင်လူသားပီသသောစိတ်ဓာတ်များ ပိုမိုတိုးပွားစေကြဖို့နှင့် မသန်စွမ်းသူတို့၏ဘဝများ၊ သူတို့၏မိသားစုဝင်များကို ကာကွယ်ပေးကြဖို့၊ သူတို့နှင့်အတူပြောဆိုနေထိုင်ပေးကြဖို့၊ ခေတ်ပေါ်နည်းပညာများကိုအသုံးပြုပြီး၊ မသန်စွမ်းသူတို့၏ဘဝများကို မြှင့်တင်ပေးကြဖို့၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများကို ရဟန်းမင်းကြီးမှတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကမ္ဘာပေါ်ရှိလူသားတိုင်းသည် မသန်စွမ်းသူများအပေါ်ထားရှိသည့်စိတ်နေစိတ်ထားများကို ပိုမိုလူသားပီသသောစိတ်နေစိတ်ထားများ အဖြစ်သို့ပြောင်းလဲမြှင့်တင်ပေးကြခြင်းအားဖြင့်၊ လူအချင်းချင်းခွဲခြားမှုများ ကင်းဝေးစေကာ ပိုမိုကောင်းမွန်သာယာလှပသော လူ့အသိုင်းအဝိုင်းကိုတည်ဆောက်ကြဖို့ ပြောကြားခဲ့ပါသည်။

တစ်ဆက်တည်းမှာပဲ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို၊ ကြည့်ရှု့စောင့်ရှောက်ပေးနေကြသောသူများအားလုံးကိုလည်း ကျေးဇူးတင်အားပေးစကားပြောကြားပေးခဲ့ပါသည်။
https://bit.ly/2qZzEG5
#rvamyanmarservice

Add new comment

8 + 11 =