မသန်စွမ်းများအရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံသားများ ပြန်လည်အသက်သွင်းရန်ကြိုစားလာ

မသန်စွမ်းများအရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံသားများ ပြန်လည်အသက်သွင်းရန်ကြိုစားလာ

မသန်စွမ်းများအရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံသားများ ပြန်လည်အသက်သွင်းရန်ကြိုစားလာ

            ကက်သလစ်သာသနာတော်ကြီး၏အစုအဖွဲ့၌ မသန်စွမ်းများလည်း တစ်စည်းတစ်လုံး တည်းရှိစေရန် ဖိလစ်ပိုင် နိုင်ငံ၏ Novaliches သာသနာကစတင်လုပ်ဆောင်နေသည်။“Inter-Diocesan Engagements Assistance and Services” (IDEAS) အဖွဲ့ကစီမံကိန်းကို လက်တွေ့ ဖော်ဆောင်ရန် Novaliches သာသနာ၏နှင့်အဆိုပါစီမံ ကိန်းတာ၀န်ခံဘုန်းတော်ကြီး Ambrosio Nonato Legaspi နှင့်ညှိနှိုင်းတိုင်ပင်လုပ်ဆောင်သွားမည်ဟုဆိုသည်။

သက်တော် (၅၅) နှစ်ပြည့်ပြီဖြစ်သော အဆိုပါဘုန်းတော်ကြီးက သာသနာအတွင်းဤစီမံကိန်းကို ဖော်ဆောင်ရန်အတွက် (၂၀၀၀) ခုကအကြံရခဲ့ကြောင်း၊  အဘယ်ကြောင့်ဆိုသော် သာသနာအတွင်းလို အပ်ချက်တစ်ခုလည်းဖြစ်နေ၍ဖြစ်ကြောင်း၊  (IDEAS) ကိုဖိလစ်ပိုင်ဥပဒေလက်အောက်၌ အစိုးရ မဟုတ်သောအရပ်ဖက် ကရုဏာရေးလုပ်ငန်းအဖွဲ့အစည်းအဖြစ် (၂၀၂၀) ၌မှတ်ပုံ တင်ခဲ့သည်ဟုဆိုသည်။ 

 

 ဒီဇင်ဘာလ (၄) ရက်နေ့က ဤအဖွဲ့အနေဖြင့် မသန်းစွမ်းများအား အသက်မွေး၀မ်း ကျောင်းနိုင် ရေးအတွက် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း တရား၀င်ကြေညာခဲ့သည်။ ထို့ကြောင့်လိုအပ်သော ခြေမသန်သူများအတွက်ဘီး တပ်ခုံများ၊ အာကြားအာရုံချို့တဲ့သူများ၊ ဆွံ့အားနေသူများနှင့် မကျန်းမမာ ဖြစ်နေသူများလည်း မစ္ဆားတရားပူဇော်ခြင်း၌ပါ ၀င်စေပြီး၊ ကိုယ်တော်မြတ် လည်းပင့်ယူ နိုင်ရန်စီ စဉ်ပေးနေသည်။ ဤစီမံကိန်းကို ဦးဆောင်အဖွဲ့၀င် (၁၇) ဦးဖြင့်ဖွဲ့စည်း ထားပြီး၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သာမန်ဘာသာတူဦးဆောင်သူများ၊ ပညာပေးနိုင်သူများနှင့်လူမူကွန်ရက်၌ ကျွမ်းကျင်ပညာရှင်များကိုလည်းထည့်သွင်းထားသည်။ ဤအဖွဲ့၀င်များအနေဖြင့် မသန်စွမ်းသူများ အားလုံး ဘက်စုံဖွံ့ဖြိုး ရေးကိုတိုးမြင့်လုပ်ဆောင်ရန်၊ အဖွဲ့အစည်းအနေဖြင့်လိုအပ်သောအကူအညီအပြင် ၀ိညာဉ်ရေးနှင့်သင်တန်းများကို လည်းတာ၀န်ယူလုပ်ဆောင်သွားမည်ဖြစ်သည်။ ဤအဖွဲ့သည် မနီလာဂိုဏ်းချုပ်သာသနာနှင့်ချိပ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ဒီဇင် ဘာ (၄) ရက်နေ့၊ (၂၀၂၁) အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၌ မနီလာ၏ဂိုဏ်းချုပ်ဆရာတော် Jose F. နှင့်ကာ ဒီနယ် Advincula တို့က မစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့ကြသည်။

 

(၂၀၁၀) ခုနှစ်က ကျန်းမာရေး၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံ၏လူဦးရေ (၁.၄၄၃) သန်းရှိ သည့်အနက် မသန်စွမ်းသူဦးရေ (၉၂.၁) သန်းရှိပြီး ရာခိုင်နှုန်းအရ (၁.၅၇) ရာခိုင်နှုန်းရှိသည်။ ဤပမာဏ၌ အမျိုးသားများဦးရေ (၅၀.၉) သည်အမျိုးသမီးများထက် (၄၉.၁) ပိုများ သည်။ (၂၀၁၃) ခုနှစ်၌မူ ငါးယောက်၌တစ်ယောက်နှုန်းထားဖြင့်မသန်စွမ်းသူဦးရေတိုးလာပြီး၊ အသက်အရွယ်အားဖြင့် (၁၄) နှစ်နှင့်အောက်တစ်ဖွဲ့၊ ဒုတိယအုပ်စုမှာ အလုပ်လုပ်နိုင်ပြီဖြစ်သော (၁၅-၆၄) နှစ်ကြားဖြစ်သည်ဟုဆိုသည်။         

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Stat News

https://bit.ly/3EClk6K

 

Add new comment

5 + 10 =