မသန်စွမ်ကလေး ၂ ဉီး၏ မွေးစားမိဘများ၊ ပုပ်ဖရန်စစ်၏ ဖုန်းခေါ်ဆိုမှုကြောင့် အံ့အားသင့်ခဲ့ရ

မသန်စွမ်ကလေး ၂ ဉီး၏ မွေးစားမိဘများ၊ ပုပ်ဖရန်စစ်၏ ဖုန်းခေါ်ဆိုမှုကြောင့် အံ့အားသင့်ခဲ့ရ

မသန်စွမ်ကလေး ၂ ဉီး၏ မွေးစားမိဘများ၊ ပုပ်ဖရန်စစ်၏ ဖုန်းခေါ်ဆိုမှုကြောင့် အံ့အားသင့်ခဲ့ရ

Caterina နဲ့ Bruno ဇနီးမောင်နှံတို့ဟာ ပုပ်ဖရန်စစ်ထံ စာတစ် စောင်ရေးပို့ ခဲ့ရာ ဇန်နဝါရီ ၂၃ ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီကျော်လောက် ဖုန်းမြည်လာပြီး "ဟယ်လို၊ ကျွန်တော်က ပုပ်ဖရန်စစ်ပါ" လို့ ဆိုတဲ့အခါ သူမက "အမလေး ဘုရားရေ" ဆိုပြီး အံ့အားသင့်စွာ တုံ့ပြန်မိခဲ့ကြောင်းဆိုပါတယ်။

ပုပ်ဖရန်စစ်က Catherina အား "မအံ့အားပါနဲ့၊ ကျွန်တော် တကယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်" ပါဟုဆိုကာ ဆက်လက်စကားပြောခဲ့ကြောင်း

သူတို့မိသားစုအကြောင်း ပုပ်ရဟန်းမင်းကြီးထံ ရက်အနည်းငယ်ခန့်က စာတစ်စောင်ရေးပို့ခဲ့တာကြောင့် တကယ်ဖြစ်နိုင်ချေရှိကြောင်း ကို Catherina ကစဉ်းစားပြီး သူမဟာ သူမရဲ့ ခင်ပွန်း Bruno နဲ့အတူ Giorgia နဲ့ Marcel ဆိုတဲ့ မသန်စွမ်းကလေးငယ်နှစ်ဦး ကိုမွေးစားထားသူများဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူတို့ ဇနီးမောင်နှံရဲ့ သူငယ်ချင်းအချို့က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အသိပေးလာကာ Caterina နှင့် Bruno တို့အား သူတို့ရဲ့မိသားစုအကြောင်းကို ပုပ်ရဟန်းမင်းကြီး ထံ စာတစ်စောင်ရေးရန် အကြံပြုခဲ့ကြတာဖြစ်တဲ့အတွက် ရေးဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ပုပ်ဖရန်စစ်က မွေးစားသားဖြစ်သူ ၂၆ နှစ်ရှိတဲ့ သားကြီး Marcel ရဲ့ စိတ်ဝေဒနာ အကြောင်းကို မေးမြန်းခဲ့ကြောင်း အန်ဂျေလူး မေတ္တာဆိုနေတဲ့ ပုပ်ဖရန်စစ် ကို ကြည့်ရှုနေတဲ့ မသန်းစွမ်းမွေးစားကလေး Giorgia နှင့် Marcel တို့ရဲ့ ဓာတ်ပုံတစ်ပုံ ကို Caterina ဟာ သိမ်းထားကြောင်း

ပုပ်ဖရန်စစ်က သူတို့ကို တကယ်ခေါ်မယ်လို့ မျှော်လင့်မထားကြောင်း သူတို့ရဲ့ အသိမိတ်ဆွေတွေကတဆင့် စာပို့အပြီး နှစ်ရက်အကြာမှာ အရှင်သူမြတ်က ခေါ်ဆိုခဲ့တာဖြစ်လို့ အံ့အားသင့်ရကြောင်း ဝမ်းသာရကြောင်း ပုပ်ရဟန်းမင်းကြီးနဲ့ စကားပြောရတာသူငယ်ချင်း နဲ့ စကားပြောနေရသလိုပါပဲလို့ ဆိုပါတယ်.

Caterina နဲ့ ဘရူးနို ဇနီးမောင်နှံဟာ ၂၀၀၃ ခုနှစ်ကထဲက မွေးကင်းစမှ စွန့်ပစ်ခံရတဲ့ အရွယ်မရောက်သေးသူများကို ကြိုဆိုဘို့ မိသားစုများကို ပြင်ဆင်ပေးတဲ့ "Take Me Home" ပရောဂျက် ကိုစတင်သူများဖြစ်ကာ ကက်သရင်းနာကတော့ ဦးဆောင်တဲ့အခန်းမှ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။

"ဒီကလေးတွေအတွက် ဂရုစိုက်လုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်" ဆိုပြီး ပုပ်ရဟန်းမင်းကြီးက သူမကို ဖုန်းထဲမှာ အသိအမှတ်ပြုစကား ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

Photo courtesy of Daily Mail
https://bit.ly/3HkcVpZ

Add new comment

4 + 1 =