မလေးရှား၌ကက်သလစ်အွန်လိုင်းဆွေးနွေးမူဖြင့်ကိုဗစ် (၁၉) ကာလယုံကြည်ခြင်းကိုပံ့ပိုးပေးနေ

မလေးရှား၌ကက်သလစ်အွန်လိုင်းဆွေးနွေးမူဖြင့်ကိုဗစ် (၁၉) ကာလယုံကြည်ခြင်းကိုပံ့ပိုးပေးနေ

မလေးရှား၌ကက်သလစ်အွန်လိုင်းဆွေးနွေးမူဖြင့်ကိုဗစ် (၁၉) ကာလယုံကြည်ခြင်းကိုပံ့ပိုးပေးနေ

မလေးရှားသည်မွတ်စလင်အများဆုံးနေထိုင်သောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။ ကက်သ လစ်ဘာသာ၀င်သည်လူနည်းစုသာ ဖြစ်သည်။ သို့သော်ဧဝံဂေလိသတင်းကောင်းကိုနည်းလမ်းသစ်များ ဖြင့်ဟောကြားသက်သေခံသောအဖွဲ့အစည်းက လေးပတ်တာမျှဘာသာ ရေးနှင့်ပတ်သက်သောအွန် လိုင်းဖိုရမ်ကိုစီစဉ်ပေးခဲ့သည်။ ထိုဖိုရမ်ကိုဧပြီ (၂၉) မှစတင်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့တိုင်းပါ၀င်သူအများဆုံးအ ယောက် (၃၀) ဟုသတ်မှတ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးချိန်ကိုတစ်နာရီပေးထားသည်။ ထိုဆွေးနွေးပေး သူအားမေးမြန်းလိုသူများက
အွန်လိုင်းမှမေးမြန်းနိုင်၊ စကား ပြောနိုင်သည်။ ပါ၀င်သူများသည်မလေးရှား နိုင်ငံအတွင်းရှိကက်သလစ်ဘာသာ၀င်အလွှာအသီးသီးမှဖြစ်သည်။ ဤဖိုရမ်တွင်အပိုင်း နှစ် ပိုင်းရှိသည်။ တစ်ပိုင်းသည့်ရှင်းလင်းဟောပြောချက်နှင့်ကျန်တစ်ပိုင်းမှာမေးမြန်းဖြေကြားခြင်းဖြစ်သည်။

ဧဝံဂေလိတရားဟောကြားနိုင်သည့်ခေါင်းဆောင်များအတွက်သင်တန်း

ထိုအဖွဲ့မှစီမွန်၀မ်းက ဤဖိုရမ်၌ပါ ၀င်ခြင်းဖြင့်စကားကိုဆီလျှော်အောင် ပြောဆိုတတ်လာခြင်း၊ မေးမြန်းရမည့်မေးခွန်းများကို စဉ်းစား တတ်လာခြင်း၊ ဆွေးနွေးပြောဆိုတတ်လာစေပြီး၊ မိမိတို့၏ အတွေး အခေါ်များကိုအခြားသူများနှင့်ဝေမျှတတ်လာသည်။ ဤသို့ပြောဆိုတတ်ရန် အခွင့်အရေးဖန်တီးပေး ခြင်းဖြင့်ပိုက်ကွန်ချလိုက်သည်ကိုပြန်လည်ထပ်အုပ်လိုက်ခြင်းဖြစ်သည်။ ထို့အတူအမိသာသနာတော် ကြီး၏ဧဝံဂေလိ
တ ရားဟောကြားသည့်အမူတော်ဆောင်ခြင်း၌ခေါင်းဆောင်လောင်းများကိုသင်တန်း ပေးမွေးထုတ်ရန်ကိုလည်းဦးတည်ခြင်းဖြစ်သည်။ သာသနာ့ ခေါင်းဆောင်များစွာတို့သည်ယခုလက်ရှိကြုံ တွေ့နေရသောအခြေအနေကိုကာကွယ်ဟန့်တားရန်များစွာလုပ်ခဲ့ကြပါသည်။ ထို့ကြောင့်ထိုကြုံ တွေ့ခဲ့ ရသောအခြေအနေအရပ်ရပ်ကိုသူတစ်ပါးနှင့်ပြန်လည်ဝေမျှဆွေးနွေးရန်လိုအပ်လာပါသည်။

အခွင့်အ ရေးပေးလိုက်ခြင်းဖြစ်သည်။ ဤ မတူညီသောအတွေ့အကြုံကိုဝေမျှခြင်းဖြင့်သာသနာ့လယ်ခင်းပြင်၌ ပိုမိုထိရောက်သောသာသနာပြုခြင်းဖြစ်ရန်လိုအပ်ချက်အားနည်းချက်၊ အားသာချက်များကိုသိလာမည် ဖြစ်သည်။ ဖိုရမ်၌ပါ၀င်ခဲ့ကြသူများသည်လည်း၄င်းတို့၏အနီး၀န်းကျင်ရှိအကူအညီလိုအပ်သူ (အသိပညာပေးမှုများ) ကိုကူညီလက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသောအခြေအနေနှင့် ပတ် သက် ၍ဟောပြောပေးမည့်သူရှိပါက ဤဖိုရမ် ကိုဆက်လုပ်ရန်အစီ အစဉ်ရှိပါသည်။ ကက်သလစ်ဘာ သာတူများအားဟောပြောပေးမည့်သူနှင့်ချိပ်ဆက် ရန်လည်းဖိတ်ခေါ်ပါကြောင်းသူကပြော ကြားခဲ့သည်။

အတွေ့အကြုံဖလှယ်ခြင်း

ပထမဦးဆုံးအတွေ့အကြုံဝေမျှသွားသူများမှာပီနန်ကက်သီဒရယ်မှဘာသာတူတစ်ဦးနှင့်မာလာကာဂိုဏ်းအုပ်သာသနာဘာသာတူတစ်ဦးတို့မှကိုဗစ် (၁၉) နှင့်ဆက်စပ်သောအခြေအနေများကိုအဘယ် သို့ကိုင်တွယ်ဖြေရှင်းခဲ့သည့်အကြောင်းဖြစ်သည်။ ဒုတိယဖိုရမ်ကိုမူ မေ (၆) ရက်နေ့ကကျင်းပပြီး၊ လူမူ ကွန်ရက် အသုံးပြု၍ယေဇူးသခင်ကိုသိရန်အဘယ်သို့မြင့်တင်လုပ်ဆောင် နိုင်သည့်နည်းလမ်းနှင့်ဧဝံဂေလိတရား ကိုလူမှုကွန်ရက်ပေါ်မှဟောကြားပျံ့ပွားစေနိုင်သည့်နည်းလမ်းတို့ဖြစ်သည်။ တတိယတစ်ကြိမ် ကိုမူမေလ (၁၃) ရက်နေ့နှင့်မေလ (၂၀) ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်သည်။

အကြောင်းအရာမှာလူမူ ကွန်ရက်မှရသောအရင်းအမြစ်များအားဖြင့်မိမိ၏ဝိညာဉ်ရေးနှင့်ယုံကြည်ခြင်း ကိုအဘယ်သို့မြဲ မြံအောင်တည် ဆောက်ရမည့်နည်းဖြစ်ပါသည်။

ကိုဗစ် (၁၉) ၏အရေးပေါ်ကာလသက်တမ်းထပ်မံတိုးမြင့်

ပြီးခဲ့သောတနဂ်နွေနေ့ကအစိုးရမှ ကိုဗစ် (၁၉) ၏အရေးပေါ်ကာလကိုဇွန်လ (၉) ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ပါသည်။ အဘယ် ကြောင့် ဆိုသော်ရောဂါစွဲကပ်လူနာ (၁၆) ဦးထပ်မံတွေ့ရှိ ကြောင်းအင်္ဂါနေ့ကထုတ်ပြန်ခဲ့သည်။ ထိုလူနာအသစ်ကိုပေါင်းထည့်လိုက်မည်ဆိုပါကရောဂါစွဲကပ်ခံ စားခဲ့သောလူနာပေါင်း (၆၇၄၂) ဦးရှိပြီး၊ ထပ်မံသေဆုံးသောလူနာလည်းမရှိဘဲ (၁၀၉) ဦး၌သာရပ်တန့် နေသည်။ လက်ရှိထုတ်ပြန်ထားသောဥပဒေများအပါအ၀င်ရောဂါမကူးစက်ရန်အကာအကွယ်ယူခြင်း၊ ပူးပူးကပ်ကပ်မနေခြင်း၊ ကျောင်းများပိတ်ထားခြင်း၊ နယ်စပ်ဂိတ်များ ပိတ် ထားခြင်းများကိုဆက် လက်ပြု လုပ်ထားမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်ကရုပ်မြင်သံကြားမှ
တနင်္ဂနွေနေ့ကထပ်မံကြေငြာခဲ့ပြန်သည်။

ဤဖိုရမ်၏အစီအစဉ်ကိုပါ၀င်လိုပါကအီးမေးလ်မှတဆင့်နာမည်စာရင်း ပေးသွင်းရမည်။ အဖွဲ့မှ ပေးပို့သောအချက်အလက်များရရှိပါက ပါဝင်ခွင့်ပြုသောကိုယ်ပိုင်နံပါတ်ကိုပြန်လည်ပို့လာပေးမည်ဖြစ် သည်။ ထိုကိုယ်ပိုင်နံပါတ်ဖြင့်သတ်မှတ်ထားသောစကားပြောခွင့်ရှိထိုင်ခုံမှနေ၍ပါ၀င်ရသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: Institute of New Evangelization

https://bit.ly/2yYo16b

Add new comment

1 + 3 =