မလေးရှားကက်သလစ်သာသနာအနေဖြင့် အကျဉ်းထောင်၌ဥပုသ်စောင့်ခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့

မလေးရှားကက်သလစ်သာသနာအနေဖြင့် အကျဉ်းထောင်၌ဥပုသ်စောင့်ခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့

ကက်သလစ်လစ်သာသနာ၏ အကျဉ်းထောင် တမန်တော်လုပ်ငန်း အတွက် ကက်သလစ်သာသနာ့ တာ၀န်ခံ၏စီစဉ်မှုဖြင့် မလေးရှားနိုင်ငံ၊ ကွာလာ လန်ပူအကျဉ်းဦးစီး၌ ဇွန်လ (၁၀-၁၂) အထိ လူဦးရေ (၅၀) ပါ၀င်သည့် ဥပုသ်သီလစောင့်တည်ခြင်းကိုကျင်းပခဲ့သည်။

အကျဉ်းထောင်တမန်တော်လုပ်ငန်း၏ တာ၀န်ခံများဖြစ်ကြသော ဖာသာရ် George Packiasamy နှင့်ဖာသာရ် Bonaventure Rayappan တို့ကဦးစီးပြီး ဖာသာရ် Xavier Andrew နှင့်ဖာသာရ် Jestus Pereira တို့လည်းဟော ပြောခြင်း၌အားဖြည့်ပါ၀င်ခဲ့ကြသည်။ ထို့အတူ ကွာလာလန်ပူမှ ဂိုဏ်းချုပ်ဆရာတော် Julian Leow သည်လည်းမမျှော် လင့်ဘဲရောက်ရှိလာခဲ့၍ ဥပုသ်၌ပါ၀င်သူများအား ယေဇူးသခင်သည် အကျဉ်းထောင်များ၌လည်းရှိကြောင်းဆိုကာ အားပေးပြောကြားခဲ့သည်။

ဆရာတော်သည် အကျဉ်း ထောင်သို့လာရောက်တိုင်း သူ့အနေဖြင့်အားတက်သရောရှိပြီး၊ ကျေနပ်ရကြောင်း၊ ယခုဥပုသ်စောင့်ခြင်းကိုလည်း မျှော်လင့်ခြင်းကိုပြန်လည်ရှင်သန်စေခြင်း၊ ယေဇူးသခင်အကျဉ်းသားများနှင့်တွေ့ဆုံသည့်အခွင့်အရေးကောင်းတစ်ခုနှယ်အ သုံးပြုကြရန် အားပေးတိုက်တွန်းခဲ့သည်။

အစီအစဉ်၏အဖွင့်ဆုတောင်း၌ ဖာသာရ် Xavier က (သံမာတေဦး ၂၅း၃၆) မှ ‘ငါသည်ထောင်ထဲ၌ရှိနေစဉ် သင် တို့သည် ငါ့ထံသို့လာခဲ့ကြသည်’ ဟူသောဧ၀ံဂေလိကျမ်းချက်ဖြင့်အစပြုထားသည်။ ထို့အတူ သူ၏နောက်လိုက်များ လည်း ထို့အတူပြုလုပ်ရမည်ဖြစ်သည်။ လူတိုင်းသည် တစ်စုံတစ်ခု၏အကျဉ်းထောင်ထဲ၌ မတူညီသောပုံစံ၊ အခြေအနေ ဖြင့် ကျရောက်နေတတ်သည်။ တစ်ဦးစီ၏ကျိုးပဲ့ကြေမွနေခြင်းနှင့်အကျဉ်းကျခံနေရခြင်းတို့ကိုသတိထားမိကြပါလျှင်ထိုခံစားချက်မျိုးရှိသူသည် ဘုရားသခင်၏သားသမီးဖြစ်သည်၊ ဘုရားသခင်ချစ်ရကျိုးနပ်သောသားသမီး၊ သူ့ထံသွား ရောက်လည်ပတ်ခြင်းသည်လည်း အကျိုးကြောင်းပြောကြားခဲ့သည်။

ဖာသာရ် Jestus ကမူ (သံလုကာ ၁၉း၁-၁၀) လာဧ၀ဂေလိကျမ်းချက်မှ ဇာခေဦး၏အကြောင်းကိုထောက်ရှုပြီး၊ ဥပုသ်စောင့်ခြင်း၌ပါ၀င်နေကြသူများသည် ဇာခေဦး၏ဇာတ်ကြောင်း၌ပါ၀င်နေကြကြောင်း၊ ဥပုသ်၌ပါ၀င်သူများသည် လုပ်အားပေး၀န်ထမ်းသက်သက်မဟုတ်။ ၄င်းတို့သည် အကျဉ်းသားများအားကူညီပေးနေသော ယေဇူးသခင်၏လက် တော်များဖြစ်ကြသည်ဟုဆိုသည်။

ဖာသာရ် Bonaventure ကမူ (ဆာလံ ၈၈ နှင့် ၂၂) ကိုထေက်ရှု‌ေ၀မျှရာ ရာဇ၀တ်မှုကျူးလွန်၍သော်လည်း ကောင်း၊ နိုင်ငံရေးခံယူချက်ကြောင့်သော်လည်းကောင်း၊ မိမိတို့ကျူးလွန်၍သော်လည်းကောင်း၊ မကျူးလွန်ဘဲလျှက်သော် လည်းကောင်း အပြစ်ဒဏ်ချမှတ်ခံရန်စောင့်စိုင်းနေကြသူများ၊ သေဒဏ်ပေးထားရပြီး နေ့ကိုသာစောင့်နေကြသောသူများ အတွက်ခံစားရကြောင်းပြောကြားခဲ့သည်။ တစ်ခါတစ်ရံ၌ အကျဉ်းသားတို့သည် တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ချမှတ်ခံ ရသည်ကို လွှတ်လမ်းမရှိတော့ဟုယုံ ကြည်သွားကြသည်။ သေဒဏ်ချမှတ်ခံထားရသူများအနေဖြင့်လည်း မိသားစု၊ ချစ် သူခင်သူများ၏စွန့်ပစ်ခံရသည်၊ ကမ္ဘာကြီးနှင့်လုံး၀အဆက်ဖြတ်တောက်ခံရသည်ဟုခံစားကြရသည်။ သာသနာ၏တင်း ပြည့်ကျပ်ပြည့်အဖွဲ့၀င်ဖြစ်သည့် အားလျှော်စွာ သေခြင်းမှပြန်ရှင်သော ယေဇူးသခင်သည် စွန့်ပစ်မေ့လျော့ခံရသည်ဟု ခံ စားနေရသူများအား မျှော်လင့်ခြင်းကိုပြန်လည်ဆောင်ယူလာပေးမည်။ အကျဉ်းထောင်များသို့ လာရောက်၍၀ိညာဉ်ရေး ရာများဆောင်ရွက်ပေးခြင်းမှာ ထောင်သည် လောကအသက်တာ၏အဆုံးသတ်မဟုတ်သည်ကိုပြသလိုခြင်းဖြစ်သည်။ ကမ္ဘာကြီး၌ရှိနေသမျှ မည်သည့် အရာမျှအဆုံးမရေက်သေးပေ။ ယေဇူးသခင်သည် ကျွန်ုပ်တို့အား လွှတ်မြောက်ပေးရန် ကျွန်ုပ်တို့၏အလယ်၌ရှိနေသည်။ ဘုရားသခင်၏ချစ်ခြင်းသည် ကျွန်ုပ်တို့အားလုံး၏အခြေခံအုတ်မြစ်ဖြစ်ရမည်။

ဖာသာရ် George ကလည်း သူစိမ်းသူရံများအား နွေးထွေးဧည့်၀တ်ပျူဌာရန်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသ ခင်၏သိကြားတမန်တော်များအမှတ်မထင်ရောက်လာသောအခါ ဧည့်၀တ်မကျေဘဲဖြစ်နေမည်။ ဧည့်သည်များအား ဧည့် ၀တ်ပျူဌာခြင်းသည် ဘုရားသခင်နှင့်ကျွန်ုပ်တို့အားချိပ်ဆက်ပေးသည်။ ထို့ကြောင့် လိုအပ်သူများကို ဧည့်၀တ်ပျူဌာကြ ရန်၊ အကျဉ်းသားများအား ကူညီပံ့ပိုးပေးရခြင်းမှာ ယေဇူးသခင်သည် ကျွန်ုပ်တို့အားဖြင့်အကျဉ်းသားများထံသို့ ရောက်ရှိ ရန် ကျွန်ုပ်တို့အားသူ၏ကိရိယာတန်ဆာပလာအဖြစ်အသုံးပြုခြင်းဖြစ်သည်။ အကျဉ်းသားများသည် အသက်ရှင်နေသော ယေဇူးသခင်အဖြစ်မြင်တွေ့ရန် သတိပေးပြောကြားခဲ့သည်။

ဤအမှုတော်၏ဥက္ကဖြစ်သော Stephen John Raj ကဂိုဏ်းချုပ်ဆရာတော်အားလည်းကောင်း၊ ကြွရောက်လာ ကြသောဧည့်သည်တော်များအားလည်းကောင်း၊ သူ၏လုပ်ဖော်ဆေင်ဖက်များအားလည်းကောင်း၊ ဤအစီအစဉ်ဖြစ် မြောက်စီစဉ်ပေးသော ဘုန်းတော်ကြီးများအားလည်းကောင်းကျေးဇူးတင်ကြောင်း၊ ဤအလည်အပတ်၊ ဤလှုပ်ရှားမှု၊ စု စည်းနိုင်မှုအစီအစဉ်ကို နှစ်နှစ်အကြာတွင်ရပ်တန့်သွားခဲ့သည်။ ဤတမန်တော်လုပ်ငန်း၌ဆက်ကပ်နေကြသော အဖွဲ့၀င် များက ၄င်းတို့တွေ့ကြုံခဲ့သော အကျဉ်းသားတို့၏ အပြုသဘောဆောင်သည့်တုန့်ပြန်မှုများကိုပြန်လည်‌ေ၀မျှပြီး၊ ဤအ မှုတော်လုပ်ငန်းကြောင့် အကျဉ်းသားတို့သည် ယေဇူးသခင်ကိုတွေ့ဆုံခဲ့ရသည့်အကြောင်းကိုပြန်လည်‌ဗဝေမျှကြသည်။

ဥပုသ်၏နောက်ဆုံးနေ့၌ လွှတ်မြောက်ခြင်းကိုဖော်ဆောင်သည့်အနေဖြင့် ချိုးတစ်ကောင်ကိုလွှတ်ပေးခဲ့သည်။ နောင်နှစ်များ၌လည်း အကျဉ်း‌ထောင်တမန်တော်အဖွဲ့များ၏ ဥပုသ်စောင့်ခြင်းအစီအစဉ်ရှိလျှင် မပျက်မကွက်ပါ၀င်မည်။ ယခုနှစ် ထောက်ရှုချက်ပေးသောဘုန်းတော်ကြီးများလည်းအလွန်ထိမိသောထောက်ရှုချက်များကိုပေးသွားခဲ့ကြောင်းဖြင့် ဤအဖွဲ့၏တစ်ဦးဖြစ်သော Charles Savary ကရင်ဖွင့်သွားခဲ့သည်။

ဤအစီအစဉ်၌ အတူတစ်ကွဆုတောင်းခြင်း၊ မစ္ဆား တရာပူဇော်ခြင်း၊ ကိုယ်စီ၏အတွေ့အကြံနှင့်ခံစားချက်များကို‌ဝေမျှခြင်း၊ နေရာ၊ အစားအသောက်များနှင့်အတူစုဆုံခြင်း များသည် အမှတ်ရစရာကောင်းသောအတွေ့အကြုံပင်ဖြစ်သည်ဟု Andrea Diaz က‌လည်းဝေမျှခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NyZIfn
 

Add new comment

2 + 15 =