မယ်ဒလင်ပညာရှင် Paco Montalvo က ရဟန်းမင်းကြီးဖရန်စစ်အား ဖျော်ဖြေပေး

မယ်ဒလင်ပညာရှင် Paco Montalvo က ရဟန်းမင်းကြီးဖရန်စစ်အား ဖျော်ဖြေပေး

မယ်ဒလင်ပညာရှင် Paco Montalvo က ရဟန်းမင်းကြီးဖရန်စစ်အား ဖျော်ဖြေပေး

 

            ရဟန်းမင်းကြီးသည် ကမ္ဘာ့မယ်ဒလင်အကျော်အမော် Paco Montalvo နှင့်ဗာတီ ကန်၌တွေ့ဆုံခဲ့သည်။ ထိုပ ညာရှင်သည် (၂၉) နှစ်သာရှိသေး သည်။ သူသည် Cordoba မှဖြစ်သည်။ သူကိုယ် တိုင် သူ၏ဇာတိချက်ကြွေမြေကို သီ ကုံးရေးသားထားသောမြူး စိဖြင့်ရဟန်း မင်းကြီးအား ဖျော်ဖြေ ခဲ့သည်။ ထိုမြူးစိ၏အမည်မှာ ‘Calleja del panuelo’ ဟုပေးထားသည်။ ရဟန်းမင်းကြီးနှစ်ခြိုက် မည်ဟုမျှော်လင့်သည်။ သူသည် သူ၏လက်ဦးလက်ရာဖြစ်သော ‘flamenco violin’ မြူးစိဖြင့်လူသိများသည်။ မယ်ဒလင်သည် အလွန်လူကြိုက်များသည်။ သူ၏တီးကွက်သည် သီချင်းသီဆိုနေသကဲ့ သို့ဖြစ်သည်။ အခြားသောဂီတတူရိယာများလည်းကူညီတီး ခတ်ပေးကြသည်။

 

ရဟန်းမင်းကြီး၏ ဘုရားဖူးများနှင့်တွေ့ ဆုံသည့်အခမ်းအနားသို့တက်ရောက်ရန် သူ၌အစီအစဉ်မရှိခဲ့။ အဘယ် ကြောင့်ဆိုသော် ရောမသို့ ရက်တိုခရီးထွက်လာ ခြင်းဖြစ်၍ဖျော်ဖြေရန် မယ်ဒလင် လည်းပါ မလာခဲ့ပေ။ ဤမယ်ဒလင်ကိုလည်း ရဟန်းမင်းကြီးအား ဖျော်ဖြေရန်သက် သက် ဌားခဲ့ရကြောင်း၊ ရဟန်း မင်း ကြီးအား ယခုကဲ့သို့ဖျော်ဖြေပေးခဲ့ရသည့် ရတောင့်ရခဲသောအခွင့်အရေးအတွက် သူ့ဘ၀၌မေ့ ပျောက်နိုင်လိမ့်မည်မဟုတ်ကြောင်းရင်တွင်းစကားကိုပြောကြားခဲ့သည်။     

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/33ANxNF

Add new comment

5 + 10 =