မယ်တော်၏လ မေလ၌အင်ဒိုနီးရှားကက်သလစ်ဘာသာတူများသည်ကမ္ဘာကြီးအတွက် အထူးဆုတောင်းပေး

မယ်တော်၏လ မေလ၌အင်ဒိုနီးရှားကက်သလစ်ဘာသာတူများသည်ကမ္ဘာကြီးအတွက် အထူးဆုတောင်းပေး

မယ်တော်၏လ မေလ၌အင်ဒိုနီးရှားကက်သလစ်ဘာသာတူများသည်ကမ္ဘာကြီးအတွက် အထူးဆုတောင်းပေး

အင်ဒိုနီးရှားနိုင်ငံတစ်၀န်းရှိကက်သလစ်များသည်လတ်တလောတွေ့ကြုံနေရသောအခြေအနေ ကြောင့်ကမ္ဘာကြီးအတွက်မေလတစ်လလုံး၌အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းခြင်းကိုတောင်းခံနေကြသည်။

အင်ဒိုနီးရှားနိုင်ငံ၏ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္က ဌဖြစ်သော ဂျာကာတာ မှကာဒီနယ် Ignatius Suharyo Hardjoatmodjo ကမယ်တော်လကိုကယ်သီဒြယ်၌မစ္ဆားပူဇော်ခြင်း ကိုတိုက်ရိုက်လွှင့်ထုတ်အစပျိုးခဲ့သည်။

မစ္ဆားမပူဇော်မှီ လူမျိုးအပေါင်းတို့၏မယ်တော်ဆင်းတုတော်ကို ပင့်ချီ၍ပုတီးစိတ်ရင်း (၂၀၁၅၊ မေလ၊ ၂၄) ရက်နေ့ကဖြန့်ချီခဲ့သော ရဟန်းမင်းကြီးဖရန်စစ်၏ Laudato si စာချွန်တော်ကိုထောက်ရှု၍ကြိုဆိုခဲ့သည်။

ထိုစာချွန်တော်ကို မေလ (၁၆-၂၄) ရက်နေ့အထိထောက်ရှုကြမည်ဖြစ်သည်။ ထိုစာချွန်တော်သည်သဘာ၀ပတ်၀န်းကျင်ပြောင်းလဲလာမှုကိုဇောင်းပေးရေးသား ထားသည်။ ဤ laudato si ရက်သတ်တစ်ပတ်အတွင်းကက်သလစ်ဘာသာ၀င်များအားသဘာ၀ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍တက်ကြွစွာစောင့်ရှောက်ထိန်းသိမ်းရန်တိုက်တွန်းထားသည်။

ဤတစ်ပတ်တာ၏ခေါင်းစဉ်မှာ အရာရာသည်ချိပ်စက်ယှက်နွယ် လျှက်ရှိသည်ဟုဖြစ်သည်။ ရဟန်းမင်း ကြီးဖရန်စစ်လည်းပြီးခဲ့သောမတ်လ၌ ဗွီဒီယိုဖိုင်လ်ဖြင့်သတင်းထုတ်လွှင့်ကာသဘာ၀၀န်းကျင်စိမ်းလန်း ရေးရက်သတ်တစ်ပတ်ကိုဖွင့်လှစ်အားပေးခဲ့သည်။ ကမ္ဘာမြေကြီး၊ ချို့တွဲ့နွမ်းပါးသူတို့၏အော်ဟစ်သံ သည်မတိတ်နိုင်တော့ပြီဖြစ်ကြောင်းရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။ မယ်တော်လအတွင်းအင်ဒိုနီးရှားဆရာတော်များမှညနေတိုင်းအလှည့်ကျစိပ်ပုတီးစိတ်ခြင်းကိုဦးဆောင်ပါ၀င်မည်ဖြစ်သည်။

စိပ်ပုတီးသည်အလွန်အစွမ်းထက်သောဆုတောင်းနည်းဖြစ်သော ကြောင့်၊ ကိုဗစ် (၁၉) ဘေးမှအမြန်ဆုံးကင်းဝေးရန်စိပ်ပုတီးစိတ်၍ အမိမယ်တော်နှင့်ဘုရားသခင်အားအသနားခံမည်ဖြစ်သည်။ မေလဆန်း၌ကို ဗစ် (၁၉) စွဲကပ်လူနာ (၁၀၅၅၁) ဦးရှိပြီး၊ ထိုရောဂါဖြင့်သေဆုံးသူပေါင်း (၈၀၀) ဦးရှိခဲ့သည်။

Vatican News
ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
Photo credit: ANTARA FOTO

https://bit.ly/2ypRK7A

 

Add new comment

2 + 0 =