မယ်တော်၏နာမတော်ကို စက်တင်ဘာလ (၁၂) ရက်နေ့ကျင်းပရခြင်း၏အကြောင်းရင်း ကိုသင်သိပါသလော။

မယ်တော်၏နာမတော်ကို စက်တင်ဘာလ (၁၂) ရက်နေ့ကျင်းပရခြင်း၏အကြောင်းရင်း ကိုသင်သိပါသလော။

            အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ် စက်တင်ဘာလ (၁၂) ရက်နေ့၌ ‘မယ်တော်၏နာမတော်’ ပွဲ နေ့ကိုကျင်းပလေ့ရှိသည်။ ဤပွဲကိုစတင်ကျင်းပလာခဲ့သည်မှာ (၁၆) ရာစုကစခဲ့သည်။သို့သော်ယခုကဲ့သို့ ရက်စွဲအတိ အကျသတ်မှတ်မကျင်းပခင်က ဒေသအလိုက် တစ်နှစ်တာအတွင်း မိမိတို့အတွက်အဆင်ပြေသောအချိန်ကာလများ၌ ကျင်းပခဲ့ကြသည်။

            အမိကက်သလစ်သာသနာတော်ကြီးမှာမူ လက်ရှိ၌ ထိုပွဲတော်ကို စက်တင်ဘာလ (၁၂) ရက်နေ့၌ကျင်းပ လျှက်ရှိသည်။ ဤပွဲသည် အမိသာသနာတော်ကြီး၏ပွဲတော်အမျိုးအစား (၄) မျိုးရှိသည့်အနက် နံပါတ်လေးပွဲတော် အမျိုးအစားဖြစ်သည်။ ထိုအမျိုးအစားကား ကျင်းပ၍လည်းရပြီး၊ မကျင်းပလျှင်လည်းရသောပွဲတော်အမျိုးအစားဖြစ် သည်။ ဤပွဲတော်သည် စက်တင်ဘာလ (၈) ရက်နေ့ကကျင်းပခဲ့သော ‘မယ်တော်၏မွေးနေ့’ နှင့်ဆက်နွယ်နေသည်။    

            အမိကက်သလစ်သာသနာတော်ကြီး၏ စွယ်စုံကျမ်းအရ ဤပွဲကို (၁၅၁၃) ခုနှစ်၊ စပိန်နိုင်ငံ၊ Cuenca တွင် စတင်ကျင်းပခဲ့ကြောင်း၊ မယ်တော့်မွေးနေ့ကျင်းပပြီး (၈) ရက်မြောက်နေ့၌ ကျင်းပခဲ့ကြောင်း၊ ထို့ကြောင့် စက်တင် ဘာလ (၁၅) ရက်နေ့၌ကျင်းပခဲ့ကြသည်။ ရဟန်းမင်းကြီးပီအုစ် (၅) ကတစ်ဖန် စက်တင်ဘာလ (၁၇) ရက်နေ့၌ ကျင်းပရန် (၁၅၈၇၊ ဇွန်လ ၁၆) တွင်ပြောင်းလဲသတ်မှတ်ခဲ့ပြန်သည်။ မယ်တော့်မွေးနေ့နှင့်မယ်တော်နာမတော်ပွဲနေ့ ကြား၌ (၈) ရက်တာခွာထားခြင်းသည် ယေဇူးသခင်မွေးဖွားပြီးနောက် (၈) ရက်မြောက်နေ့၌ ‘ယေဇူးသခင်၏နာမ တော်ပွဲနေ့’ ကျင်းပသကဲ့သို့စီစဉ်ထားခြင်းဖြစ်သည်။

            ယေဇူးသခင်၏နာမတော်ပွဲနေ့သည် ဂျူးလူမျိုးတို့အား မိုးဇက်မှတဆင့်ဘုရားသခင်ပေးထားသောပဉာတ် တော်ဖြစ်သည့် ‘အရေဖျားလှီးခြင်း’ အခမ်းအနားနှင့်ဆက်နွယ်နေသည်။ မွေးဖွားလာသော ယောကျာ်းလေးတိုင်း (၈) ရက်မြောက်သောနေ့၌ ဘုရားကျောင်းဗိမာန်၌ပူဇော်၍ အရေဖျားလှီးရသည်။ (၈) ရက်ပြည့်ပြီး၊ အရေဖျားလှီးခြင်းအခမ်း အနားအပြီးသူ့အား ‘ယေဇူး’ ဟုကင်ပွန်းတပ်အမည်ပေးခဲ့သည်။ ထိုအမည်သည် သိကြားတမန်တော် အမိမယ်တော် ကိုအမိန့်တော်ပြန်စဉ်ကပေးခဲ့သောအမည်ဖြစ်သည်။ (သံလကာ ၂း၂၁) မွေးဖွားလာသော ဂျူးမိန်းကလေးများမှာမူ ဤကဲ့သို့သော ဥပဒေမျိုးမရှိပေ။ သို့သော် အသစ်မွေးဖွားလာ သောမိန်းကလေးများလည်း မွေးဖွားပြီးအချိန်သိပ်မဆွဲ ဘဲ အမည်မှည့်ပေးရလေ့ရှိသည်။  

            (၁၇) ရာစု၀န်းကျင်ခန့်လောက်မှသာ ဤပွဲတော်ကိုတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျင်းပရန်ညွှန်ကြားခဲ့ သည်။ ထို့အတူ ကျင်းပရန်ရက်ကိုလည်း အသစ်ပြန်လည်သတ်မှတ်ခဲ့သည်။ ပွဲကိုကျင်းပရန်အတွက် အသစ်ပြန်လည် သတ်မှတ်လိုက်သောရက်စွဲမှာ စက်တင်ဘာလ (၁၂) ရက်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဤနေ့ကိုသတ်မှတ်ရသနည်းဟုမူ ကား(၁၆၈၃၊ စက်တင်ဘာလ ၁၂) ရက်နေ့သည် တူရကီတို့၏လက်သို့ကျရောက်သွားခဲ့သော Vienna နိုင်ငံမှ Sobieski ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သောနေ့ဖြစ်သည်။ ထိုနေ့ကိုပြန်လည်အမှတ်ရစေရန်ရည်ရွယ်၍ ရဟန်းမင်းကြီးအင်နိုစင်း (၁၁) က ဤပွဲကို ကမ္ဘာပေါ်ရှိသာသနာကြီးတစ်ခုလုံးကျင်းပရန်နှင့်မယ်တော့်မွေးနေ့ပွဲပြီး (၈) မြောက်နေ့၌ ကျင်းပရန်သတ်မှတ်ခဲ့သည်။ သို့သော် (၁၉၀၈) ခုနှစ်မှကြေညာချက်ထုတ်လာသည်။ ထိုကြေညာချက်မှာ ‘ဤပွဲကို မယ်တော်မွေးနေ့ပွဲကျင်းပပြီးရောက်လာသည့်တနင်္ဂနွေနေ့၌ အခြေအနေအမျိုးမျိုး (၄င်းထက်ပို၍အရေးကြီးသော ပွဲ) ကြောင့်မကျင်းပနိုင်လျှင် မကျင်းပဘဲထားခဲ့ရမည်။ ထိုနေ့သည် ရောမဓမ္မအာဇာနည်များစာရင်း၌ Sobieski ကို အောင်မြင်သောနေ့အဖြစ် မှတ်တမ်းတင်ထားသည်။ ထို့အတူ မယ်တော်သည်လည်း အဆိုပါအောင်ပွဲ၌ခရစ်ယာန် စစ်တပ်များအား မှိုင်းမပေးခဲ့သည်ဟုယုံကြည်ကြသည်။ ထို့ကြောင့်လည်း ထိုခေတ်အခါက သာသနာကိုဦးဆောင် သောရဟန်းမင်းကြီးက မယ်တော်၏နာမတော်ပွဲနေ့နှင့်မရှေးမနှောင်းတွင်ယှဉ်တွဲ၍ကျင်းပလေ့ရှိပါသည်။ 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://bit.ly/3AbAuxQ

Add new comment

3 + 5 =