မယ်တော်သခင် မ မွေးနေ့ပွဲတော်နှင့်ဗေလန်ကန်နီကျန်းမာခြင်းမစ္ဆားတရား၊ အလံချခြင်းအခမ်းအနား ကျင်းပခဲ့ခြင်းသတင်း။

မယ်တော်သခင် မ မွေးနေ့ပွဲတော်နှင့်ဗေလန်ကန်နီကျန်းမာခြင်းမစ္ဆားတရား၊ အလံချခြင်းအခမ်းအနား ကျင်းပခဲ့ခြင်းသတင်း။
8.9.2019

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန်ဇေးဗီးယား ဘုရားကျောင်း၌ စက်တင်ဘာလ(၈)ရက်နေ့နံနက်ပိုင်းက မကျန်းမာသောသူများအတွက် ကျန်းမာခြင်း မစ္ဆားတရားကို ကျင်းပပူဇော်ခဲ့ပါသည်။

မစ္ဆားတရား၌ အငြိမ်းစားယူသွားပြီဖြစ်သော ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်မှ ဦးဆောင်ခဲ့ပြီး မန္တလေးမြို့ ပေါ်ရှိ ဘုန်းတော်ကြီးများလည်း ပါ၀င်ခဲ့ကာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ် ဂျောရှ့််ခင်မောင်ထွေးမှ သြဝါဒတရားရေအေးကို တိုက်ကျွေး ခဲ့ပါသည်။

ဘုန်းဘုန်းမှ တရားရေအေးတိုက်ကျွေးရာ၌ တခါတုန်းက ရှရှားသမ္မတဟာ သူ့ရဲ့မွေးနေ့ ပွဲတော်ကို ကျင်းပတဲ့အခါ ဧည့်သည်တော် ဆယ်ယောက်သာ ဖိတ်ကြားခဲ့ကြောင်း၊ မွေးနေ့ကိတ်မုန့်ခွဲတဲ့အခါမှာတော့ သူဟာ ကိတ်ကို သူဖိတ်ကြားထားတဲ့ လူဦးရေ အလိုက်မခွဲဝေပဲ တစ်ခုပိုခွဲခဲ့ကာ ကိတ်မုန့်လာပို့ပေးသူ ၀န်ထမ်းလေးအတွက်ပါ ထည့်၍ ဝေခွဲခဲ့ကြောင်း၊ သူ၏ လူတန်းစားအလွှာစုံအပေါ် တန်းတူထားနှိမ့်ချ ဆက်ဆံတက်ခြင်း အကြောင်း နှင့် မယ်တော်မာရိယားဟာလည်း သူမရဲ့ မွေးနေ့ပွဲတော်အတွက် ရည်ရွယ်ချက် (၃) ခုထားရှိကြောင်း ၊ မယ်တော်၏တတိယမြောက်ရည်ရွယ်ချက်ဟာ မကျန်းမာသောသူများအားကျန်းမာခြင်းကျေးဇူးကိုပေးသနားရန်အတွက်ဖြစ်ကြောင်း၊ဒါကြောင့်မယ်တော်ရဲ့မွေးနေ့မှာလူနာများအားမယ်တော်ထံအပ်နှံပြီးဆုတောင်းပေးခြင်းဖြစ်ကြောင်း၊ မယ်တော်ရဲ့ မွေးနေ့ပွဲမှာလည်း ကျွနု််ပ်တို့တတွေ ဘယ်လိုရည်ရွယ်ချက် တွေထားပြီး မွေးနေ့လက်ဆောင်အဖြစ် မယ်တော်ကို ဘာတွေပေးမယ်လို့ရည်ရွယ် ထားလဲဟုဆိုကာ မယ်တော်ကဲ့သို့ အများအတွက် ကိုယ်ကျိုးစွန့်ကြသော သူများဖြစ်စေ တတ်ဖို့ရန်အတွက် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

မစ္ဆားတရားအပြီး၌ ကိုယ်တော်မြတ်စက္ကရမင်တူးဖြင့် ကောင်းချီးခံယူခဲ့ကြပြီးနောက် ကျန်းမာခြင်း ဆီလူးခြင်းအခမ်းအနားကိုလုပ်ဆောင်ခဲ့ကြပါသည်။

အဲ့ဒီနောက်ဘာသာတူများကအဓိဌာန်ပြုပန်းဆက်သဆုတောင်းခြင်းများကို လုပ်ဆောင် ခဲ့ပြီး အလှူရှင်များမှတည်ခင်းဧည့်ခံတော် မယ်တော်ထမင်းကို သုံးဆောင် ခဲ့ကြပြီး မစ္ဆားတရားပြီးဆုံးခဲ့ပါသည်။

ကျန်းမာခြင်းမစ္ဆားတရားသို့ ဘာသာတူ (၂၀၀၀) နီးပါး ပါ၀င်တက်ရောက်ခဲ့ပါသည်။

ညနေပိုင်းတွင်တော့ မယ်တော်သခင်မမွေးနေ့နှင့် အလံတော်ချခြင်း အခမ်းအနား မစ္ဆားတရားကို ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဦးဆောင်ကာပူဇော်ခဲ့ပါသည်။

မစ္ဆားတရားအပြီး၌ ရပ်ကွက်အတွင်း ဆင်းတုတော်များ၊ ကိုယ်တော်မြတ် ကောင်းချီးမင်္ဂလာဖြင့် စီတန်းလှည့်လည်ဆုတောင်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ စီတန်းလှည့်လည်ခြင်းပြီးသည့်နောက် မယ်တော့်ရင်ပြင်တွင် ကိုယ်တော်မြတ် ဖူးခြင်းကို လုပ်ဆောင်ခဲ့ပြီး မယ်တော်အလံတော်ချခြင်းအခမ်းအနားနှင့် မယ်တော်သခင်မ မွေးနေ့ကိတ်ကို ဆရာတော်ကြီးနှင့်ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကောင်းချီးပေးခဲ့ပြီး နောက်မယ်တော်အားမွေးနေ့ နှုတ်ဆက် သီချင်း သီဆိုခဲ့ကြပြီး ဗေလန်ကန်နီ ကျန်း မာခြင်း မယ်တော်သခင်မအာနိုဗီနား ကိုးရက်တိုင်တိုင် ကိုးစား၍ မယ်တော်မွေးနေ့ပွဲ တော်ကြီး အားအောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။

News by – Pinky ( MDY-OSC /RVA Myanmar Service)

 

 

Zawgyi

မယ္ေတာ္သခင္ မ ေမြးေန႔ပြဲေတာ္ႏွင့္ေဗလန္ကန္နီက်န္းမာျခင္းမစာၦးတရား၊ အလံခ်ျခင္းအခမ္းအနား က်င္းပခ့ဲျခင္းသတင္း။
8.9.2019

မႏၱေလးကက္သလစ္ ဂိုဏ္းခ်ဳပ္သာသနာ စိန္ေဇးဗီးယား ဘုရားေက်ာင္း၌ စက္တင္ဘာလ(၈)ရက္ေန႔နံနက္ပိုင္းက မက်န္းမာေသာသူမ်ားအတြက္ က်န္းမာျခင္း မစာၦးတရားကို က်င္းပပူေဇာ္ခဲ့ပါသည္။

မစာၦးတရား၌ အၿငိမ္းစားယူသြားၿပီျဖစ္ေသာ ဆရာေတာ္ႀကီး ေပါလ္ဇိန္ထုန္းဂေရာင္မွ ဦးေဆာင္ခဲ့ၿပီး မႏၱေလးၿမိဳ႕ ေပၚရွိ ဘုန္းေတာ္ႀကီးမ်ားလည္း ပါ၀င္ခဲ့ကာ ေက်ာင္းထိုင္ ဘုန္းေတာ္ႀကီး ဖာသာရ္ ေဂ်ာရွ္္႕ခင္ေမာင္ေထြးမွ ၾသ၀ါဒတရားေရေအးကို တိုက္ေကၽြး ခဲ့ပါသည္။

ဘုန္းဘုန္းမွ တရားေရေအးတုိက္ေကၽြးရာ၌ တခါတုန္းက ႐ွရွားသမၼတဟာ သူ႔ရဲ႕ေမြးေန႔ ပြဲေတာ္ကို က်င္းပတဲ့အခါ ဧည့္သည္ေတာ္ ဆယ္ေယာက္သာ ဖိတ္ၾကားခဲ့ေၾကာင္း၊ ေမြးေန႔ကိတ္မုန္႔ခြဲတဲ့အခါမွာေတာ့ သူဟာ ကိတ္ကို သူဖိတ္ၾကားထားတဲ့ လူဦးေရ အလိုက္မခြဲေ၀ပဲ တစ္ခုပိုခြဲခဲ့ကာ ကိတ္မုန္႔လာပို႔ေပးသူ ၀န္ထမ္းေလးအတြက္ပါ ထည့္၍ ေ၀ခြဲခဲ့ေၾကာင္း၊ သူ၏ လူတန္းစားအလႊာစံုအေပၚ တန္းတူထားႏွိမ့္ခ် ဆက္ဆံတက္ျခင္း အေၾကာင္း ႏွင့္ မယ္ေတာ္မာရိယားဟာလည္း သူမရဲ႕ ေမြးေန႔ပြဲေတာ္အတြက္ ရည္ရြယ္ခ်က္ (၃) ခုထားရွိေၾကာင္း ၊ မယ္ေတာ္၏တတိယေျမာက္ရည္ရြယ္ခ်က္ဟာ မက်န္းမာေသာသူမ်ားအားက်န္းမာျခင္းေက်းဇူးကိုေပးသနားရန္အတြက္ျဖစ္ေၾကာင္း၊ဒါေၾကာင့္မယ္ေတာ္ရဲ႕ေမြးေန႔မွာလူနာမ်ားအားမယ္ေတာ္ထံအပ္ႏွံၿပီးဆုေတာင္းေပးျခင္းျဖစ္ေၾကာင္း၊ မယ္ေတာ္ရဲ႕ ေမြးေန႔ပြဲမွာလည္း ကၽြနု္္ပ္တုိ႔တေတြ ဘယ္လုိရည္ရြယ္ခ်က္ ေတြထားၿပီး ေမြးေန႔လက္ေဆာင္အျဖစ္ မယ္ေတာ္ကို ဘာေတြေပးမယ္လို႔ရည္ရြယ္ ထားလဲဟုဆိုကာ မယ္ေတာ္ကဲ့သို႔ အမ်ားအတြက္ ကိုယ္က်ဳိးစြန္႔ၾကေသာ သူမ်ားျဖစ္ေစ တတ္ဖို႔ရန္အတြက္ တိုက္တြန္းႏွုိးေဆာ္ခဲ့ပါသည္။

မစာၦးတရားအၿပီး၌ ကုိယ္ေတာ္ျမတ္စကၠရမင္တူးျဖင့္ ေကာင္းခ်ီးခံယူခဲ့ၾကၿပီးေနာက္ က်န္းမာျခင္း ဆီလူးျခင္းအခမ္းအနားကိုလုပ္ေဆာင္ခဲ့ၾကပါသည္။

အဲ့ဒီေနာက္ဘာသာတူမ်ားကအဓိဌာန္ျပဳပန္းဆက္သဆုေတာင္းျခင္းမ်ားကို လုပ္ေဆာင္ ခဲ့ၿပီး အလွဴရွင္မ်ားမွတည္ခင္းဧည့္ခံေတာ္ မယ္ေတာ္ထမင္းကို သံုးေဆာင္ ခဲ့ၾကၿပီး မစာၦးတရားၿပီးဆံုးခဲ့ပါသည္။

က်န္းမာျခင္းမစာၦးတရားသို႔ ဘာသာတူ (၂၀၀၀) နီးပါး ပါ၀င္တက္ေရာက္ခဲ့ပါသည္။

ညေနပိုင္းတြင္ေတာ့ မယ္ေတာ္သခင္မေမြးေန႔ႏွင့္ အလံေတာ္ခ်ျခင္း အခမ္းအနား မစာၦးတရားကို ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး မာကုတင္၀င္းမွ ဦးေဆာင္ကာပူေဇာ္ခဲ့ပါသည္။

မစာၦးတရားအၿပီး၌ ရပ္ကြက္အတြင္း ဆင္းတုေတာ္မ်ား၊ ကိုယ္ေတာ္ျမတ္ ေကာင္းခ်ီးမဂၤလာျဖင့္ စီတန္းလွည့္လည္ဆုေတာင္းျခင္းကို လုပ္ေဆာင္ခဲ့ပါသည္။ စီတန္းလွည့္လည္ျခင္းၿပီးသည့္ေနာက္ မယ္ေတာ့္ရင္ျပင္တြင္ ကိုယ္ေတာ္ျမတ္ ဖူးျခင္းကို လုပ္ေဆာင္ခဲ့ၿပီး မယ္ေတာ္အလံေတာ္ခ်ျခင္းအခမ္းအနားႏွင့္ မယ္ေတာ္သခင္မ ေမြးေန႔ကိတ္ကို ဆရာေတာ္ႀကီးႏွင့္ေက်ာင္းထုိင္ဘုန္းေတာ္ႀကီးမွ ေကာင္းခ်ီးေပးခဲ့ၿပီး ေနာက္မယ္ေတာ္အားေမြးေန႔ ႏႈတ္ဆက္ သီခ်င္း သီဆိုခဲ့ၾကၿပီး ေဗလန္ကန္နီ က်န္း မာျခင္း မယ္ေတာ္သခင္မအာႏိုဗီနား ကိုးရက္တုိင္တုိင္ ကုိးစား၍ မယ္ေတာ္ေမြးေန႔ပြဲ ေတာ္ႀကီး အားေအာင္ျမင္စြာျဖင့္ က်င္းပၿပီးစီးခဲ့ပါသည္။

News by – Pinky ( MDY-OSC /RVA Myanmar Service)

Add new comment

13 + 5 =