မယ်တော်ထံပူဇော်အပ်နှံရန် တစ်နှစ်တာအတွင်းအကောင်းဆုံးနေ့ရက်များ

မယ်တော်ထံပူဇော်အပ်နှံရန် တစ်နှစ်တာအတွင်းအကောင်းဆုံးနေ့ရက်များ

မယ်တော်ထံပူဇော်အပ်နှံရန် တစ်နှစ်တာအတွင်းအကောင်းဆုံးနေ့ရက်များ

အမိသာသနာတော်ကြီးသည် နှစ်စဉ် ဩဂုတ်လ (၂၂) ရက်နေ့ကို ‘မယ်တော်ဘုရင်မ’ ပွဲနေ့ကိုကျင်းပသည်။ ဤပွဲကို ‘မယ်တော်ကောင်းကင်ဘုံသို့ ဘုန်းဂုဏ်တော်နှင့်ပင့်ဆောင်ခံရသည့်ပွဲ’ ကျင်းပပြီးသည်နှင့်တစ်ပတ်အတွင်း ကျင်းပရန်ညွှန်ကြားထားသည်။ ဤပွဲတော်ကိုကျင်းပခြင်းအားဖြင့် အမိမယ်တော်သည် လောက၌ရှိစဉ် ဘုရားသခင် ၏အလိုတော်ကိုဆောင်ရွက်သောကြောင့်ကောင်းကင်နိုင်ငံတော်၌ခံစားရသောဆုလာဘ်တော်အကြောင်းကို ကျွန်ုပ် တို့အားဆင်ခြင်စေသည်။ ဤကြည်ညိုခြင်းသည်လည်း အမိမယ်တော်၏အလွန်အရေးကြီးသော အပိုင်းကို‌ပြသဂုဏ်ပြုခြင်းဖြစ်သကဲ့သို့၊ အလွန်လူသိများသောကြည်ညိုခြင်းတစ်ရပ်ဖြစ်သည်။ ထိုကြည်ညိုခြင်းကား အမိမယ်တော်ထံ အပ်နှံပူဇော်ခြင်းဖြစ်သည်။

အမိမယ်တော်ထံအပ်နှံပူဇော်ခြင်းကားအဘယ်သို့နည်း။ အဘယ်သို့ဆိုလိုသနည်း။

ဆိုလိုသည်မှာ မိမိ၏ကိုယ်၊ စိတ်၊ ၀ိညာဉ်၊ ပိုင်ဆိုင်မူများအားလုံး၊ အလုပ်အကိုင်များ၊ ဘ၀တစ်ခုလုံးကို အမိ မယ်တော်၏ကာကွယ်မှိုင်းမမှု၊လမ်းညွှန်ပေးမှုနှင့်ထပ်ဆင့်ဆုတောင်းပေးမှု တို့ကိုခံယူရန်ဆက်ကပ်အပ်နှံခြင်းဖြစ် သည်။

ဤကြည်ညိုခြင်းအစဉ်အလာကိုမည်သည့်အချိန်ကအစပြုခဲ့သနည်း။

ဤကြည်ညိုခြင်းကို ယေဇူးသခင်ကိုယ်တိုင်အစပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် ကားတိုင်ပေါ်၌တွဲလွဲရှိနေစဉ် အလွန်ပြင်းထန်နာကျင်လှသော‌ဝေဒနာကို နာကျင်ခံစားနေရသော်လည်း သူအလွန်ချစ်ရ သော မိခင်အိုမယ်တော်အား သူ၏ချစ်တပည့်ယောဟန်အားယုံကြည်စွာအပ်နှံခဲ့သည်။ (သံယောဟန် ၁၉း၂၆-၂၇) ရှေးဦးခရစ်ယာန်များကဲ့သို့ပင် ယနေ့ခေတ်ကာလ၏ခရစ်ယာန်များလည်း အမိမယ်တော်၏အကူအညီကိုတောင်းခံ နေကြသည်။

မိမိတို့ကိုယ်ကိုဖြစ်စေ၊ မိသားစု၊ မြို့ရွာဒေသ၊ အလုပ်အကိုင် စသည်တို့ကို ယေဇူးသခင်၏မယ်တော် အမိ မယ်တော်ထံအပ်နှံသည့် ကြည်ညိုမှု သည် (၁၆၀၀) နှစ်များမှစ၍ ပို၍လူသိများလုပ်‌ဆောင်လာခဲ့ကြသည်။ အမိမယ် တော်ထံအပ်နှံပူဇော်ခြင်းနည်းလမ်းကို ရှေးယခင်က မိမိတို့တတ်သိနားလည်ပြီး၊ ကြည်ညိုသည့်အတိုင်းသာလုပ် ဆောင်ခဲ့သော်လည်း (၁၆၀၀) ခုနှစ်မှစ၍ စိန့်လွီစ်ဒီမောင့်ဖော့တ်က အစီအစဉ်တကျရေးဆွဲလုပ်ဆောင်ခဲ့သည်။ သူ ၏ (၃၃) ရက်တာ စဉ်ဆက်မပြတ်ဆုတောင်းခြင်းကျင့်စဉ်၌ ကျွန်ုပ်တိုသည် အဘယ်ကြောင့်မိမိတို့ကိုယ်ကိုအမိမယ် တော်အားဆက်ကပ်အပ်နှံပူဇော်ရသည်၊ စိပ်ပုတီးစိပ်ရသည်၊ အခြားသောဆုတောင်းမေတ္တာများကို အခြားသော ကြည်ညိုခြင်းထက် ပထမနေရာတွင်ထားရှိလုပ်ဆောင်ရသည်ကိုလည်း လိုတိုရှင်း၊ ရှင်းပြထားသည်။ ဤ (၃၃) ရက် တာ စဉ်ဆက်မပြတ်ဆုတောင်းခြင်း၏အဆုံးသတ်၌ အမိမယ်တော်ထံအပ်နှံခြင်းဆုတောင်းမေတ္တာပြုခြင်းနှင့်အတူ အာပတ်ဖြေခြင်းစက္ကရာမင်းတူခံယူပြီး၊ ကိုယ်တော်မြတ်ပင့်ယူခြင်းများကိုလည်း မယ်တော်၏ပွဲနေ့တစ်ပွဲပွဲနှင့်တိုက်ဆိုင်အောင်ကျင်းပလေ့ရှိသည်။

ခရစ်ယာန်များသည် နှစ်စဉ် အမိမယ်တော်ထံအပ်နှံပူဇော်ခြင်းကိုပြုလုပ်ကြသည်။ ဤအပ်နှံပူဇော်ခြင်းနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်အသစ်၌ မိဘများနှင့်ဘာသာရေးသွန်သင်ချက်များကိုသင်ကြားပေးသောသူတို့အားလမ်းညွှန် ထားသည်မှာ ဤအစီအစဉ်များ၌ ကလေးများကိုလည်းပါ၀င်လာစေရန်ဖြစ်သည်။

ကလေးသူငယ်များကိုအမိမယ်တော်ထံအပ်နှံပူဇော်ခြင်း၊

ကလေးသူငယ်တို့၏နှလုံး၊ အာရုံများ၌ အမိမယ်တော်၏အသက်တာရှင်သန်စေရန်အတွက် Dr. Carrie Gress မှကလေးများစိတ်လှုပ်ရှားပြီး၊ ပျော်စရာဖြစ်အောင်၊ ဤရှေးစံသောအပ်နှံပူဇော်ခြင်းအခမ်းအနားများ၌ပါ၀င်လာစေ ရန်၊ အလေ့အကျင့်ရှိစေရန်နည်းလမ်းများကိုတင်ပြထားသည်။ သူသည် ရဟန္တာ၊ ဘုရင်၊ ဘုရင်မ၊ သူရဲကောင်းနှင့်မင်း သမီးများအကြောင်းကိုထည့်သွင်းပြောပြပြီး၊ ပါရမီ၊ သတ္တိဗျတ္တိအရေးကြီးပုံ၊ ၄င်းတို့ကိုချစ်နေသော ၄င်းတို့၏၀ိညာဉ် ရေးမိခင်အကြောင်းများကို လိုအပ်သလိုထည့်သွင်းပြောပြရန်ဖြစ်သည်။ ထို့အတူ ကလေးများသိကျွမ်းရင်းနှီးသော မျက်မှောက်ကာလ၏ ရုပ်ရှင်ဇာတ်လမ်းထဲမှ လူစွမ်းကောင်း၊ အခြားသူများကိုကူညီပေးတတ်သူ၊ ပျော်ရွှင်အောင်လုပ် ပေးတတ်သူများအကြောင်းကိုလည်း သင့်လျှော်သကဲ့သို့ထည့်သွင်း‌၍သော်လည်းကောင်း၊ ဤအစီအစဉ်နှင့်သင့် လျော်သော ပုံပြင်များကိုလည်းပြောပြ၍ဆွဲဆောင်ရန်လမ်းညွှန်ထားသည်။ ဤသို့လုပ်ဆောင်ခြင်းသည် ထိုအစီအစဉ် ကျင်းပနေချိန်၌သာ ကလေးများအားဆွဲဆောင်ထားရုံမျှမဟုတ်ပေ။ ထိုအကြောင်းအရာများကိုအခြေခံ၍ ဘုရားသ ခင်ထံသို့ မိမိတို့နည်းဟန်များဖြင့်ချဉ်းကပ်တတ်လာစေမည်။

မိမိသားစုအလိုက် အမိမယ်တော်ထံအပ်နှံပူဇော်ခြင်း သည် လွန်စွာကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် ဤသိုဖြင့်ကလေးများအား ယေဇူးသခင်နှင့်အမိမယ်တော်ကို ချစ်ခင်ရင်းနှီးကျွမ်း၀င်အောင်မိတ်ဆက်ပေးရာရောက် သည်။ ထို့ကြောင့် မယ်တော်ထံအပ်နှံပူဇော်ခြင်းကိုပြုလုပ်သင့်ကြောင်း သင်လက်ခံပါက မည်သည့်နေ့၊ မည်သည့်အ ချိန်၊ မည်သည့်ရက်များတွင်ပြုလုပ်သင့်ပါသနည်းဟုလည်းသင်သိချင်နေပေမည်။ အထက်ကဆိုခဲ့သည့်အတိုင်း အပ်နှံပူ ဇော်ခြင်းအမှုကို တစ်ရက်တည်းဖြင့်အလောသုံးဆယ်ပြုလုပ်ရန်မဟုတ်။ မပြင်မဆင်ပြုလုပ်ရန်မဟုတ်။ ရက်ပေါင်း (၃၃) ရက်ပြင်ဆင်ပြီးပြုလုပ်ရန်ဖြစ်သည်။ရက်ပေါင်း (၃၃) ရက်ပြင်ဆင်ပြီး နောက်ဆုံးရက်သည်လည်း မယ်တော်၏ ပွဲတစ်ပွဲပွဲနှင့်အဆုံးသပ်ရန်အကြံပြုပါသည်။ သို့ဖြစ်၍ အကြံအိုက်သွားပြီလော။ အလင်းပြပေးပါမည်။ မယ်တော်အား အပ်နှံပူဇော်ခြင်းကို ကလေးတို့အားလည်းမိတ်ဆက်ပေးရန်တိုက်တွန်းနိုးဆော်သော Dr. Carrie Gress ကသင်၏အ ကြံအိုက်နေမှုကို အလင်းပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် မယ်တော့်ထံအပ်နှံပူဇော်ခြင်းကိုပြုလုပ်သင့်သော နေ့ရက်များကို ဇယားဖြင့်ချပြထားပါသည်။

ထိုဇယားများမှာ အောက်ပါအတိုင်း တစ်နှစ်တာအတွင်း ရက်ပေါင်း (၂၀) ကိုရှင်းလင်းစွာဖော်ပြပေးထားပါ သည်။ ဖော်ပြထားသောနေ့ကိုအစပြုလျှင် (၃၃) ရက်ပြည့်သည့်နေ့၌ မယ်တော်၏ပွဲတစ်ပွဲပွဲနှင့်အဆုံးသတ်မည်ဖြစ် သည်။

၁။ ဇန္န၀ါရီလ (၉) ရက်နေ့၌စ၍ ဖေဖော်၀ါရီလ (၁၁) ရက်နေ့၌အဆုံးသတ်ပါက လုဒ်မယ်တော်ပွဲနေ့၌ မယ်တော် ထံအပ်နှံပူဇော်နိုင်ပါသည်။

၂။ ဖေဖော်၀ါရီ (၂၀) ရက်နေ့၌အစပြုလျှင် မတ်လ (၂၅) ရက်နေ့၌ ကောင်းကင်တမန်အမိမယ်တော်ထံအမိန့်တော် ပြန်ကြားသည်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၃။ ဧပြီလ (၁၀) ရက်နေ့၌အစပြုလျှင် မေ (၁၃) ရက်နေ့၌ ဖာတီမာမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူ ဇော် နိုင်သည်။

၄။ ဧပြီ (၂၁) ရက်နေ့၌အစပြုလျှင် မေ (၂၄) ရက်နေ့ ခရစ္စယာန်တို့အားမှိုင်းမသောသခင်မပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၅။ ဧပြီ (၂၈) ရက်နေ့၌အစပြုလျှင် မေ (၃၁) ရက်နေ့၌ အမိမယ်တော်ဧိဇဘက်ထံသို့သွားရောက် လည်ပတ် သည့်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၆။ မေ (၂၅) ရက်နေ့၌အစပြုလျှင် ဇွန် (၂၇) ရက်နေ့၌ အစဉ်ကူညီတတ်သောမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၇။ ဇွန် (၁၃) ရက်နေ့၌အစပြုလျှင် ဇူလိုင် (၁၆) ရက်နေ့၌ စကာပူလာမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၈။ ဇူလိုင် (၁၃) ရက်နေ့၌အစပြုလျှင် ဩဂုတ် (၁၅) ရက်နေ့ အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသည့်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၉။ ဇူလိုင် (၂၀) ရက်နေ့၌အစပြုလျှင် ဩဂုတ် (၂၂) ရက်နေ့၌ မယ်တော်၏ဘုရင်မပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၀။ ဩဂုတ် (၆) ရက်နေ့အစပြုလျှင် စက်တင်ဘာလ (၈) ရက်နေ့ မယ်တော့်မွေးနေ့ပွဲ၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၁။ ဩဂုတ် (၁၀) ရက်နေ့၌အစပြုလျှင် စက်တင်ဘာလ (၁၂) ရက်နေ့၌ မယ်တော်၏သန့်ရှင်းသောနာမတော်ပွဲနေ့ ၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၂။ ဩဂုတ် (၁၃) ရက်နေ့၌အစပြုလျှင် စက်တင်ဘာလ (၁၅) ရက်နေ့ ၀မ်းနည်းကြေကွဲခြင်းမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၃။ စက်တင်ဘာ (၄) ရက်နေ့အစပြုလျှင် အောက်တိုဘာလ (၇) ရက်နေ့ စိပ်ပုတီးသခင်မပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၄။ အောက်တိုဘာလ (၁၇) ရက်နေ့အစပြုလျှင် နို၀င်ဘာလ (၁၉) ရက်နေ့ မြော်မြင်ခြင်း၏မယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၅။ အောက်တိုဘာ (၁၉) ရက်နေ့အစပြုလျှင် နို၀င်ဘာလ (၂၁) ရက်နေ့ အမိမယ်တော်အား ဗိမာန်တော်၌ပူဇော် တော်မူသောပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၆။ အောက်တိုဘာ (၂၅) ရက်နေ့အစပြုလျှင် နို၀င်ဘာလ (၂၇) ရက်နေ့ တန်ခိုးကြီးသောလည်ဆွဲမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၇။ နို၀င်ဘာ (၅) ရက်နေ့အစပြုလျှင် ဒီဇင်ဘာ (၈) ရက်နေ့ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၈။ နို၀င်ဘာ (၉) ရက်နေ့အစပြုလျှင် ဒီဇင်ဘာ (၁၂) ရက်နေ့ ဂွါတာလုပေမယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၁၉။ နို၀င်ဘာ (၂၉) ရက်နေ့အစပြုလျှင် ဇန္န၀◌ါရီလ (၁) ရက်နေ့ မာရိယာ၊ ဘုရား၏မယ်တော်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

၂၀။ ဒီဇင်ဘာ (၃၁) ရက်နေ့အစပြုလျှင် ဖေဖော်ဝါရီလ (၂) ရက်နေ့ သူငယ်တော်ယေဇူးအား ဗိမာန်တော်၌ပူဇော်အပ်နှံသည့်ပွဲနေ့၌ အမိမယ်တော်ထံအပ်နှံပူဇော်နိုင်သည်။

https://bit.ly/3ktXjpS
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #RVANews

Add new comment

9 + 7 =