Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းမှ မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စုများသို့လှည့်လည်ကောင်းချီးပေးခြင်း။
မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းမှ မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စုများသို့လှည့်လည်ကောင်းချီးပေးခြင်း။ RVA Myanmar (15.7.2021)
(၁၅.၇.၂၀၂၁) ရက်နေ့ နံနက်ပိုင်းက မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းသည် စိန့်မိုက်ကယ် (သံဝင်း) သာသနာအုပ်စုနှင့် စိန့်ဂျိုးဇက် (လဖုန်း) သာသနာအုပ်စုများသို့ သွားရောက်လှည့်လည်ကာ ရပ်ကွက်အတွင်းရှိ ဘာသာသူများအား ကောင်းချီး ပေးခဲ့ပါသည်။
ဆရာတော်သည် ထိုသို့ သွားရောက်ရာ၌ လက်ထဲတွင်
'' ဆုတောင်းမေတ္တာ၌ သင်တို့နှင့်အတူရှိနေပါတယ်။ စိတ်မလျော့ကြပါနဲ့။ ဘုရားရှိပါတယ် ။ " ဆိုသည့် စာသားကို ကိုင်ဆောင်ကာ ကရူစူး လက်ဝါးကားတိုင်ဖြင့် ကောင်းချီးပေးခြင်းဖြစ်ပါသည်။
ဆရာတော်သည် ထိုသာသနာအုပ်စုများသို့ သွားရောက်ရာတွင် ဘာသာတူများအား ကြိုတင်အကြောင်းကြားထားခြင်းမျိုးမရှိဘဲသွားရောက်ခဲ့ခြင်းဖြစ်ပါသည်။
ဆရာတော်ကြွလာခြင်းကို မြင်သည့် ဘာသာတူများက လမ်းမပေါ်သို့ ထွက်၍ ဒူးထောက်ကာ ဆရာတော်၏ ကောင်းချီးကို ခံယူခဲ့ကြပါသည်။
ယခုအချိန်အခါသည် ကိုဗစ်၁၉ကပ်ရောဂါများ ပျံပွားနေသည့်အချိန်ဖြစ်သည့်အတွက် ဆရာတော်အနေဖြင့် ယခုကဲ့သို့ ဘာသာတူများရှိရာသို့ ကိုယ်တိုင်လှည့်လည်ကောင်းချီးပေးသည့် ရည်ရွယ်ချက်ကို မေးမြန်းကြည့်ရာ ဆရာတော်က ''အကုန်လုံးက ကျန်းမာရေးက အရမ်းခက်ခဲနေပြီး လူတွေလည်း မွန်းကြပ်နေကြပြီ။ နောက် အောက်ဆီဂျင်လိုလို့လဲ မရှိ အဲ့လိုတွေ ဖြစ်နေတဲ့အချိန် ၊ လူတွေ အရမ်းခက်ခဲနေတာကို သိနေ ၊မြင်နေရပြီး အခြားလည်း ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် အနည်းဆုံး သွားပြီးတော့ သူတို့ကို အားပေးတာပါ။ ကောင်းချီးပေးတယ်။ သူတို့နဲ့အတူရိုနေတယ်။ဆုတောင်းပေးနေတယ်ဆိုတဲ့ အကြောင်း ၊ နောက်တစ်ခုက သူတို့အနေနဲ့လည်း ဘုန်းတော်ကြီး ၊ ဆရာတော်ကို မြင်လိုက်ရတဲ့အခါ သူတို့လည်း စိတ်ခွန်အား ၊ ဝိညာဉ်ခွန်အား တစ်ခုခု ရသွားပါစေ ဆိုတဲ့ သဘောနဲ့ သွားခဲ့တာပါ " လို့ ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ ဆရာတော်က ကိုဗစ်၁၉ ရောဂါခံစားနေရသူများအတွက် အားပေးစကားကိုလည်း ပြောကြားရာတွင် '' ရောဂါခံစားနေရပါက စိုးရိမ်မှုလွန်ကဲပြီး ကြောက်လန့်မှု မှရှိကြဖို့၊ ဘုရား၌ အားကိုးပြီး မိမိကိုယ်တိုင်ကလည်း ကြိုးစားပြီး စိတ်မလျော့ဖို့ " ရန် အတွက် မိန့်ကြားတော်မူခဲ့ပါသည်။
မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာအနေဖြင့် ယခု ကာလအတွင်း ကျန်းမာရေးဆိုင်ရာများအတွက် ဘုန်းတော်ကြီးများအတွက် တစ်မျိုး ၊ ဘာသာတူများအတွက် တစ်မျိုး စီစဉ်ပေးထားကြောင်း ၊ ကိုဗစ်၁၉ ခံစားနေရသော ဘုန်းတော်ကြီးများအတွက် စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်းတွင် ကုသပေးနေပြီး ၊ ဘာသာတူသားသမီးများအတွက်ကိုမူ အောက်ဆီဂျင်အိုးအလှူများကို တက်အားသရွေ့ လှူဒါန်းပေးမှုများကို လုပ်ဆောင်ပေးလျှက်ရှိတာကို တွေ့ရှိရပါသည်။
News by - Pinky
#rvamyanmar #rvapastoralcare #covid19 #ArchdioceseofMandalay #Blessingday
Add new comment