မန္တလေးသာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် နီကောလပ် မန်ထန်း အား ဆက်ခံရန်် ဘုန်းတော်ကြီး မားကို တင်ဝင်း အား ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ် ခန့်အပ်
ဘုန်းတော်ကြီး မားကို တင်ဝင်း
မန္တလေးသာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် နီကောလပ် မန်ထန်း အား ဆက်ခံရန်် ဘုန်းတော်ကြီး မားကို တင်ဝင်း အား ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ် ခန့်အပ်
ဧပြီလ ၂၅၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်အရှင်သူမြတ်မှမြန်မာနိုင်ငံ မန္တလေး ဂိုဏ်းချုပ်သာသနာ ယခုလက်ရှိ ဂိုဏ်းချုပ်ဆရာတော် နီကောလပ် မန်းထန် ၏ သက်ပြည့်အနားယူခွင့်ကို လက်ခံခွင်ပြုခဲ့ပြီး ဂိုဏ်းချုပ်ဆရာတော် နီကောလပ် မန်းထန် အား ဆက်ခံရန် မန္တလေး 
ဂိုဏ်းချုပ်သာသနာအတွင်း ဘုန်းတော်ကြီးများ ထဲမှ ဘုန်းတော်ကြီး မားကိုတင်ဝင်း အား ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက် ကြာသာပတေးနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ပါသည်။
ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ်ခံရသူ ဘုန်းတော်ကြီး မားကိုတင်ဝင်း သည် မန္တလေးဂိုဏ်းချုပ်သာသနာအတွင်းရှိ ရွေဘိုမြို့နယ် မုံလှ ကျေးရွာတွင် ၁၉၆၀ ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ ရဟန်းတို့တပ်အပ်သော ဓမ္မသဂြိုင်္လ် ပညာရပ်များကို၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ စိန့်ဂျိုးဇက် ကက်သလစ် ဓမ္မတက္ကသိုလ်တွင်စည်းပူခဲ့ကာ၊ ၁၉၈၇ စက်တင်ဘာလ ၂၂ ရက် နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့ပြီး၊ ရောမမြို့ Urban ဓမ္မတက္ကသိုလ်မှ ဒသာနိကဗေဒ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်ပါသည်။
ဘုန်းတော်ကြီး မားကို တင်ဝင်း သည် ဘာသာတရားနှီနှောဖလှယ်ခြင်း ဆိုင်ရာ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မန္တလေးသာသနာ စိန်သောမတ် ရဟန်းဖြစ်သင်ကျောင်းအုပ် အဖြစ်လည်းကောင်း၊ မန္တလေးသာသနာ ဘဏ္ဍာထိန်းအဖြစ်လည်းကောင်း၊ မန္တလေးသာသနာ စစ်ကိုင်မြို့ရှိ ခရစ်ယာန်တို့အား မှိုင်မတော်မူသော သခင်မသာသနာအုပ်စု ကျောင်းထိုင် ဘုန်းတော်ကြီး အဖြစ်လည်းကောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ အတွင်းရေးမူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် မန္တလေးသာသနာ၏ ဇုံမှုး၊ မန္တလေးသာသနာ ကာသီဒြယ် ကျောင်းတော်ကြီး၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်ပြီး၊ ပြင်ဦးလွင်ရှိ ကက်သလစ်သာသနာ ၏ ရဟန်းဖြစ်တက္ကသိုလ် ဒသာနိကဗေဒ ဓမ္မတက္ကသိုလ် တွင် စာချပုဂ္ဂိုလ်အဖြစ် ဒသာနိကဗေဒဘာသာရပ် သင်ကြားပေးသော တာဝန်များကို ထမ်းဆောင်နေသူဖြစ်ပါသည်။
မန္တလေးသာသနာ အတွက် ဘုရားသခင်ပေးသနားသော ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ်ခံရသော ဘုန်းတော်ကြီး မားကိုတင်ဝင်း အတွက် ဘုရားသခင်အားကျေးဇူးတင် ချီးမွန်းကြပါစို့။ ။
https://bit.ly/2GFe26F
Zawgyi
မန္တလေးသာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် နီကောလပ် မန်ထန်း အား ဆက်ခံရန် ဘုန်းတော်ကြီး မားကို တင်ဝင်း အား ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ် ခန့်အပ်
ဧပြီလ ၂၅၊ ၂၀၁၉
https://bit.ly/2GFe26F
Add new comment
15 + 1 =