မန္တလေးမြို့ ကမ်းနားလမ်းတွင် ပစ်ခတ်ခံရ၍ အသက်ဆုံးရှုံးခဲ့ရသော လူငယ် ၂ ဉီးအတွက် ကက်သလစ် ခရစ်ယာန်သီလရှင်များသွားရောက်ဆုတောင်း

မန္တလေးမြို့ ကမ်းနားလမ်းတွင် ပစ်ခတ်ခံရ၍ အသက်ဆုံးရှုံးခဲ့ရသော လူငယ် ၂ ဉီးအတွက် ကက်သလစ် ခရစ်ယာန်သီလရှင်များသွားရောက်ဆုတောင်း

မန္တလေးမြို့ ကမ်းနားလမ်းတွင် ပစ်ခတ်ခံရ၍ အသက်ဆုံးရှုံးခဲ့ရသော လူငယ် ၂ ဉီးအတွက် ကက်သလစ် ခရစ်ယာန်သီလရှင်များသွားရောက်ဆုတောင်း

ဖေဖော်ဝါရီ ၂၀ ရက်နေ့က မန္တလေးမြို့ ကမ်းနားလမ်းတွင် ပစ်ခတ်ခံရ၍ အသက်ဆုံးရှုံးခဲ့ရသော လူငယ် ၂ ဉီးဖြစ်သည့် ကိုမင်းမင်း နှင့် မောင်ဝေယံထွန်း တို့၏ ကျန်ရစ်သူ မိသားစု ထံသို့ ၂၂၊ ၂၊ ၂၀၂၁ တွင် မန္တလေးမြို့ရှိ ကက်သလစ်ခရစ်ယာန် သီလရှင်များဖြစ်ကြသော စိန့်ဂျိုးဇက်သီလရှင် ၁၀ ပါး တို့ဟာ သွားရောက်နှစ်သိမ့်ကာ ဆုတောင်းပေးခြင်းနှင့် တတ်နိုင်
သည့် အကူအညီ ပေးခဲ့ကြပါတယ်။

ပထမဉီးစွာ ကမ်းနားလမ်းပေါ်ရှိ အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ကြကာ မောင်ဝေယံထွန်းအတွက် ဖယောင်းတိုင်များထွန်းညှိကာ လမ်းမပေါ်တွင်ဆုတောင်းပေးချိန် ဘာသာ အသီးသီးမှ လာရောက်ဂါရဝပြုသူများမှာလည်း ဖယောင်းတိုင်များ ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ဆုတောင်းခြင်းမှာပါ၀င်ခဲ့ကြပါတယ်။

ထိုသို့ ဆုတောင်းပေးနေသည်ကို ကိုမင်းမင်း၏ မိသားစုမှ ကြားသိကာ ၎င်းတို့၏ အိမ်သို့ ကြွရောက်ဆုတောင်းပေးပါရန် ဖိတ်ခေါ်ပြီး လမ်းပြတဉီးမှ လိုက်ပို့ခဲ့သည့်အတွက် ရုပ်အလောင်းကျန်ရှိနေသေးသည့် ကိုမင်းမင်းအား ကျင်းထားသည့် ၎င်း၏ ယောက္ခမ အိမ်သို့သွားရောက်ကာ ဖယောင်းတိုင်ထွန်းဆုတောင်းပြီး အကူအညီတချို့ပေးအပ်ခဲ့ကြပါတယ်။ ကိုမင်းမင်း၏ ကျနိရစ်သူ ဇနီးသည် နှင့် ၉ နှစ်သားလေး ကိုလည်း ဝမ်းနည်းမျက်ရည်များဖြင့်တွေ့ခဲ့ရပါတယ်။

ထို့နောက် မြင်ငယ်မြို့သို့ သွား ရောက် ကာ ကိုဝေယံထွန်း၏ အိမ်အား စုံစမ်းကြ၍ ၎င်း၏ ကျန်ရစ်သူမိသားစု များဖြစ်ကြသော မိဘ ၂ ပါး နှင့် မောင် နှမ ၃ ဉီး ကို လည်းဝမ်းနည်းစိတ်မကောင်းခြင်းများ၊ ဖြေမဆည် နိုင်သည့် မျက်ရည် များဖြင့်တွေ့မြင်ခဲ့ရပါတယ်။ ထိုမိသားစု နှင့်အတူ ရပ်ကွက်မှ မိတ်ဆွေများနှင့် အတူတကွ ဖယောင်းတိုင်များထွန်းညှိဆုတာင်းခြင်း အကူအညီ အနည်းငယ်ပေးခြင်းနဲ့ အားပေးနှစ်သိမ့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။ မောင်ဝေယံထွန်း၏ မိခင် မှာ အလွန်ရိုးပြီး အနေအေးသူ စကားနည်းသူဖြစ်ကြောင်းအိမ်နီးချင်းများမှပြောဆိုကြပါတယ်၊ ဖခင်သည်လည်း ကျန်းမာရေးသိပ်မကောင်းပဲ မိဘ ၂ ပါး၏ စိတ်ထဲမှ ကြိတ်၍၀မ်းနည်းနေသည့် ပုံရိပ်များ ယူကြုံးမရဖြစ်နေသည့် ပုံရိပ်များကို မြင်တွေ့ရသည်မှာ အားပေးသွားရောက်သည့် သီလရှင်များပင် ၀မ်းနည်းမျက်ရည် ကျကြရပါတယ်။ ၎င်း၏ သားသည် တိုင်းပြည်အတွက် အာဇာနည်ဖြစ်ကြောင်း၊ ကမ္ဘာရောမြန်မာတလွှားကပါ ဂါရဝပြုလျှက်ရှိနေကြောင်း ဂုဏ်ယူကြရအောင်နော် လို့ စစ္စတာရ်တပါးမှ မိခင်အား ပုခုံးလေး ဖက်၍ နှစ်သိမ့်အားပေးရာ အားရှိသွားသလို ခွန်အားတက်သွားသလို ခံစားချက်လေးကိုလည်းတွေ့မြင်လိုက်ရပါတယ်။

မောင်ဝေယံထွန်း ဟာ ၅ တန်းမှာ ကျောင်းထွက်ခဲ့ပြီး မိသားစုအား အလုပ်အကျွေးပြုနေသူဖြစ်ကြောင်းလက်တွန်းလှည်းလေးဖြင့် စျေးတွင် ကုန်ပစ္စည်းသယ်ပိုးရင်း မိသားစု အားလုပ်ကျွေးနေသူ၊ ရပ်ကွက်အတွင်းမှာလည်း လူချစ်လူခင်ပေါများပြီး ပရဟိတ အမြဲကူညီပေးသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ဒဏ်ရာရသူများအား ၎င်း၏ လက်တွန်းလှည်းပေါ် တင်ကာ သယ်ပိုး ကုညီနေစဉ်အတွင်းပစ်ခတ်ခံခဲ့ရကာ၊ အသက်ဆုံးရှုံးခဲ့ရသူ အသက် ၁၆ နှစ် လူငယ်လေးဖြစ်ပါတယ်။ ၎င်း၏ ရုပ်ကလပ်အား အမြန်ဆုံးမြှပ်နှံလိုက်ရခြင်း အတွက် သီလရှင်များသွားရောက်ဆုတောင်းချိန်တွင်တော့ ၎င်းနောက်ဆုံး၀တ်ခဲ့သည့် အကျီဖြူလေး ကိုသာ ကုတင်တွင် ကျင်းထားရာ ဖယောင်းတိုင်များ ထွန်း၍ဆုတောင်းခဲ့ကြတာပါ။

ကိုမင်းမင်း အသက် ၃၇ နှစ် သည် ကလေး တဉီး၏ ဖခင်ဖြစ်ရာ CDM တွင် ထောက်ခံပါ၀င်လှုပ်ရှားခဲ့ရာမှ အပစ်ခတ်ခံရကာ ဝမ်းဗိုက်ကျည်ထိ၍ သေဆုံးခဲ့သူဖြစ်ပါတယ်။

ဘာသာမတူသော်လည်း တကူးတက မိမိတို့အိမ်များကို စုံစမ်းကာ ဆုတောင်းနှစ်သိမ့်ပေးရန် ရောက်ရှိလာကြတဲ့ ကက်သလစ်ခရစ်ယာန် သီလရှင်များကို ဂုဏ်ယူလေးစားပါကြောင်း အထူးကျေးဇူးတင်ပါကြောင်းဖြင့် မိသားစု နှင့် ရပ်ကွက်တွင်း အိမ်နီးချင်းများမှ လက်အုပ်ချီ နုတ်ဆက်ရင်း ကျေးဇူးစကားဆိုကြကာ အိမ်အပြင်ထိ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။

တညီတညွတ်တည်း စိတ်ဆန္ဒပြင်းပြစွာ အထက်ပါ မိသားစု များထံ သွားရောက်ကာ ၀မ်းနည်းပူဆွေးနေသည့် မိစားစု များနှင့် တွေ့ဆုံ နှစ်သိမ့်အားပေးနိုင်သည့် အစီအစဉ် ကို ပြုလုပ်ခဲ့ရသည့်အတွက် စစ္စတာရ်အားလုံး ​ကျေနပ် ပီတိ ဖြစ်ကြရကြောင်း ၀မ်းနည်းဝမ်းသာ ဖြစ်ရကြောင်း လမ်းတွင် တဖွဖွ ပြောဆိုခဲ့ကြပါတယ်။

အစီအစဉ်တွင်ပါဝင်ခဲ့သည့် ဂိုဏ်းချုပ်စစ္စတာရ်ကြီးမှ ၊ ဤသည်မှာ စိန့်ဂျိုးဇက်သီလရှင် အသင်းဂိုဏ်းတည်ထောင်သူ မိခင်၊ ရဟန္တာမ စိန့်ဧမလီဒေဗီးယားလား ကိုယ်တိုင် ပြုခဲ့သောအမှု၊ သူမ ပြုစေချင်သော အပြုအမူများဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ထိုအစီအစဉ်ကို စစ္စတာရ်များသည် မန္တလေးမြို့ပေါ်ကက်သလစ်များစုပေါင်း လမ်းလျှောက်ပွဲအပြီး နေ့လည့် ၁ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း နှင့်ဓာတ်ပုံ
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

3 + 3 =