မန္တလေးမြို့မှ ဘာသာပေါင်းစုံ စုပေါင်းအလှူ

မန္တလေးမြို့မှ ဘာသာပေါင်းစုံ စုပေါင်းအလှူ

မန္တလေးမြို့မှ ဘာသာပေါင်းစုံ စုပေါင်းအလှူ
***********************
(20.4.2021)
RVA Myanmar
မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်များ၊ စိန့်ဂျိုးဇက် ကက်သလစ်ခရစ်ယာန်သီလရှင်များ ၊အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ စုပေါင်း၍ လှူသည့် အလှူတစ်ခု ဧပြီလ (၂၀ ) ရက်နေ့ ယနေ့ နံနက် (၈း၃၀) က ပြုလုပ်ခဲ့ကြပါသည်။ မန္တလေးမြို့အတွင်းရှိ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သော စားဝတ်နေရေးခက်ခဲသည့် မိသားစု (၃၀၀) အားဆန်၊ဆီ၊ဆား စသည့် အခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့ကြပါသည်။
ယခုကဲ့သို့ ဘာသာပေါင်းစုံ စုပေါင်း၍ လှူဒါန်းဖြစ်ပုံကို စစ္စတာရ်တစ်ပါးက ပြောပြရာ၌
"ကိုဗစ်ကြောင့်ရော ၊ နိုင်ငံအခြေ အနေကြောင့်ရော ၊ ဒုက္ခရောက်သူတွေက အများကြီးရှိကြတယ်လေ။ ဒါကြောင့် ဘာသာလူမျိုး မခွဲခြားပဲ အခက်အခဲဖြစ်နေကြတဲ့ မိသားစု များကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ လေးပြင်လေးရပ်မှ သံဃာတော်များ၊ စစ္စတာရ်တို့ စိန့်ဂျိုးဇက်ကက်သလစ်ခရစ်ယာန် သီလရှင်များ၊ မွတ်ဆလင် နဲ့ဟိန္ဒူမှညီအကိုမောင်နှများတို့စုပြီးတတ်နိုင်တာလေးတွေအတူတကွသွားလှူကြမယ်ဆိုပြီးစီစဉ်လိုက်ကြတာပါ။ အိမ်ခြေ ၃၀၀ စာ အလှူကို တကယ်လိုအပ်သူတွေ အသေအချာ ရရှိနိုင်ဘို့ တရက်ကြိုတင်ပြီး ဉီးဇင်း ၂ပါး စစ္စတာရ် ၂ပါး တို့က အိမ်တိုင် ရာရောက် ထုတ်ယူခွင့်ကဒ်ပြားလေးတွေကို သွားရောက်ဝေငှခဲ့ကြပြီး နောက်နေ့မှ တနေရာထဲမှာစုပြီးတော့ အလှူပစ္စည်းတွေ လာရောက်ထုတ်ယူစေတာပါ။ ‘’
စစ္စတာရ်တို့ဘက်က ယူသွားတဲ့အလှူအားလုံးကတော့ နော်ဝေးမြန်မာကက်သလစ်မိသားစု "Myanmar Catholic Community in Norway" ကနေသီးသန့် လှူဒါန်းတာဖြစ်ပါတယ်။ အလှူရှင်တွေရဲ့ဆန္ဒအတိုင်းအလှူလေးတွေကို ဆက်တိုက်ပြုလုပ်ပေးကြတာပါ။ စစ္စတာရ်တို့က ဆု တောင်းခြင်း နဲ့ လုပ်အားပဲ ပါ၀င်ပေးပါတယ်။ နောင်အခြေ အနေပေးတဲ့အခါမှာ နည်းများမဆိုလှူဒါန်းသူများစာရင်းကို ကြေငြာပေးသွားဘို့ရှိပါတယ်လို့ " စစ္စတာရ်တပါးကပြောကြားခဲ့ပါတယ်။
တစ်ရက်ကြိုတင်ကဒ်ပြားဝေရာမှ အတွေ့အကြုံတခုကိုလည်း စစ္စတာရ်တစ်ပါးက အခုလိုဝေငှခဲ့ပါတယ်။ "မြန်မာတွေဟာ လူဆင်းရဲပေမယ့် စိတ်ဓာတ်မဆင်းရဲကြပါဘူး။ အရမ်းချီးကျူးဘို့ကောင်းပါတယ်။ ကဒ်လေးတွေဝေတဲ့အခါ ကိုယ်ရသလို အိမ်နားက အလုပ်ကပြန်မလာသေးသူကိုလည်း ရစေချင်ကြတယ်။ သူတို့လဲအခက်အခဲရှိတယ်ဆိုတဲ့အကြောင်းပြောပြပြီး ဉီးဇင်းတို့ စစစ္စတာရ် တို့ အဆင်ပြေရင် သူတို့အတွက် ကဒ်ပြားထားခဲ့ပေးနိုင်ကြောင်းမပြေရင်လဲ ဘာမှ မဖြစ် ကြောင်း ယဉ်ကျေးစွာနဲ့လက်ဉီးချီပြောဆိုကြတာဟာ တကယ်ကြည်နူးဘို့ကောင်းသလို၊ ဒို့မြန်မာတွေက အဲ့လိုပါလားဆိုပြီး ပီတိဖြစ်ကာ ဂုဏ်ယူမိပါတယ်"ဟုပြောြပခဲ့ပါသည်။
ယခု လို ဘာသာပေါင်းစုံ လှူဒါန်းခြင်းအစီအစဉ်ကို မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်များက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး အိမ်ခြေ (၃၀၀) ရာစာ လှူဒါန်းခဲ့ကြပါသည်။

#RVAMyanmar #ဘာသာပေါင်းစုံလှူဒါန်းခြင်း #rvapastoralcare #Donation

Add new comment

2 + 3 =