မန္တလေးတိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန် ၊ ခွင့်ပြုချက်များအတိုင်း ပြုလုပ်ခဲ့သည့် ကက်သလစ် ခရစ်ယာန် ဝတ်ပြုကိုးကွယ်ခြင်း ပထမဦးဆုံးနေ့

မန္တလေးတိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန် ၊ ခွင့်ပြုချက်များအတိုင်း ပြုလုပ်ခဲ့သည့် ကက်သလစ် ခရစ်ယာန် ဝတ်ပြုကိုးကွယ်ခြင်း ပထမဦးဆုံးနေ့
ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန် ၊ ခွင့်ပြုချက်များအတိုင်း ပြုလုပ်ခဲ့သည့် ကက်သလစ် ခရစ်ယာန် ဝတ်ပြုကိုးကွယ်ခြင်း ပထမဦးဆုံးနေ့ မြင်ကွင်း ။
(၂၃.၈.၂၀၂၀)
(၂၃.၈.၂၀၂၀) ရက် ၊ တနင်္ဂနွေနေ့က မန္တလေး မြို့ပေါ်ဘုရားကျောင်းများတွင်
မန္တလေးတိုင်း ဒေသကြီးအစိုးရ နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များအတိုင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များ ကို ပြုလုပ်ခဲ့ပါသည် ။
ဘုရားကျောင်းသို့ လာရောက် သူများအားလုံး Mask များ တပ်ဆင်လာခြင်း ၊ အပူချိန် တိုင်းခြင်း ၊ လက်ဆေးခြင်း ၊ ကိုယ်တော်မြတ်ကို လက်ဖြင့် ပင့်ယူခြင်း ၊ တစ်ဦးနှင့် တစ်ဦး ‌ခြောက်ပေအကွာတွင် ထိုင်ခြင်း ၊ မစ္ဆားတရားအတွင် လူ(၃၀) ဦးဖြင့်သာ ပါဝင်ပူဇော်ခဲ့ခြင်း၊ မစ္တားတရား တစ်တရားပြီးသည့်အခါတိုင်း ထိုင်ခုံများအား ဆေးဖျန်းခြင်း ၊ စသည့် ပုံစံသစ် ၊ အသွင်သစ်ဖြင့် ဘာသာတူများက မစ္ဆားတရားကို ပါဝင်ပူဇော်ခဲ့သည်ကို တွေ့ရှိရပါသည် ။
မန္တလေးတိုင်း ဒေသကြီးစိုးရမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားကျောင်းများ၌ တစ်ပတ်လျှင် တစ်ရက် ၊ လူ(၃၀) ဦးထက် မပိုဘဲ ဝတ်ပြုကိုးကွယ်ခြင်း ပြုလုပ်ရန် ခွင့်ပြုထားရာ မန္တလေး မြို့ပေါ် ဘုရားကျောင်း သာသနာအုပ်စုများတွင် ရှိသော ဘာသာတူ ဦးရေအရ တနင်္ဂနွေ မစ္ဆားတရားများကို ယခင်က သုံးကြိမ် ဟောကြားခဲ့ရာမှာ ယခု လက်ရှိ ကန့်သတ်ထားသော လူဦးရေ အရ အချို့ ဘုရားကျောင်းများ တွင် (၅) ကြိမ် ၊ အချို့ ဘုရားကျောင်းများတွင် (၆) ကြိမ် စသည့်ဖြင့် ကျောင်းထိုင်ဘုန်း တော်ကြီးများနှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့များမှ ဘာသာသူများ အားလုံး ပါဝင်နိုင်ရန်အလို့ငှာ စီစဉ်ဆောင်ရွက် ပေးလျှက်ရှိတာကိုလည်း တွေ့ရှိခဲ့ရပါသည် ။
Photos News By - Pinky

Add new comment

2 + 3 =